Header Ads

ကိုယ်လုပ်သမျှ ကိုယ့်ဘ၀ပါ


1) Game နေ့တိုင်းဆော့မယ် ဆိုရင် Game သမား ဖြစ်လာမယ် ။

2) ဆေးလိပ်တွေ နေ့တိုင်း သောက်နေမယ် ဆိုရင် ဆေးလိပ်သောက် သမား ဖြစ်လာမယ် ။

3) အရက်တွေ နေ့တိုင်း သောက်နေမယ် ဆိုရင် အရက်သမား ဖြစ်လာမယ် ။

4) နေ့စဉ်နေ့တိုင်း အစား အလွန် အကျွံ စားမယ် ဆိုရင် အဝလွန်သူ ဖြစ်လာမယ် ။

5) ကျန်းမာရေးကို ဂရုမစိုက်ဘဲ နေထိုင်မယ် ဆိုရင် နေမကောင်း ဖြစ်လာမယ် ။

6) မလိုအပ်တဲ့ နေရာမှာ ငွေကြေး အမြောက်အမြားကို အတိုင်းအထက်လွန် သုံးမယ် ဆိုရင် ဆင်းရဲလာမယ် ။

သူနဲ့ အလားတူဖြစ်ရပ်က ....

1) နေ့တိုင်း ပြေးမယ် ဆိုရင် အပြေးသမား တယောက် ဖြစ်လာမယ် ။

2) လေ့ကျင့်ခန်း နေ့တိုင်း လုပ်မယ် ဆိုရင် ကျန်းမာရေး ကောင်းလာမယ် ။

3) စာ နေ့တိုင်း ရေးမယ် ဆိုရင် စားရေး ဆရာ တယောက် ဖြစ်လာမယ် ။

4) စာကို နေ့တိုင်း ဖတ်မယ် ဆိုရင် အသိပညာ ဗဟုသုတ ရှိသူ ဖြစ်လာမယ် ။

5) စီးပွားရေး အကြောင်း နေ့တိုင်း တွေးပြီး ကြိုးစားမယ် ဆိုရင် စီးပွားရေး သမား တယောက် ဖြစ်လာမယ် ။

အရာရာတိုင်းဟာ သင်ကိုယ်တိုင်ပဲ ဖြစ်တယ် ။ သင်ဟာ ကောင်းတာတွေ ကိုပဲ ရွေးလုပ်မယ် ဆိုရင် ကောင်းတဲ့ သူတယောက် ဖြစ်လာ လိမ့်မယ် ။ မကောင်းတာတွေကိုပဲ လုပ်မယ် ဆိုရင်လည်း မကောင်းတဲ့ သူပဲ ဖြစ်လာမယ် ။ နေ့စဉ် ကိုယ်လုပ်တဲ့ အလုပ်ဟာ ကိုယ့်ဘဝပါပဲ ။

KyawLinNaing

No comments

Powered by Blogger.