လိုက်ခ်နဲ့ တန်ဖိုး (value like)
ညီမလေးရေ .....
ညီမလေးရဲ့ ချောမောလှပတဲ့ ရုပ်ရည်ကို
like နဲ့ comment တွေ ရဖို့အတွက်နဲ့တော့ Fb ပေါ် မတင်လိုက် ပါနဲ့ ။
ညီမလေးရဲ့ ပုံတွေကို ညီမလေးရဲ့ အိမ်ထောင်ဖက် အတွက်ပဲ သိမ်းထားလိုက်ပါ ။
ညီမလေးရဲ့ ကဗျာစာ ဖွဲ့လို့ မကုန်နိုင်တဲ့ အလှတရားကို
ဘဲကြောင်ခံပြီး like ရဖို့ အတွက် နဲ့တော့ Fb ပေါ်မှာ မစတေးလိုက် ပါနဲ့ ။
ညီမလေးရဲ့ အလှတရားက ညီမလေးရဲ့ အိမ်ထောင်ဖက် အတွက်ပဲ ဖြစ်သင့်တယ် ။
အခြားသူတွေ သားပြော မယားပြော ပြောဆိုနေတာကို
Like အများကြီး ရဖို့အတွက် အပြော မခံလိုက် ပါနဲ့ ။
လူဆိုတာ မြင်ဖန်များရင် ရိုးအီ သွားတတ်ပြီး ညီမလေးရဲ့ တန်ဖိုး ကျသွားလိမ့်မယ် ။
တကယ်တော့ ထင်ပေါ်ကျော်ကြားမှု ဆိုတာ လူ့တန်ဖိုး မဟုတ်ပါဘူး ။
FB Cele ဖြစ်တာလည်း ဂုဏ်ယူစရာ မဟုတ်ပါဘူး ။
ညီမလေးရဲ့ ဘဝမှာ like တွေ အများကြီးက
ညီမလေးရဲ့ ဘဝခရီးလမ်းကို
ပန်းမခင်းပေးနိုင်ဘဲ ဆူးတွေ ဖြစ်သွားတတ် ပါတယ် ။
ကိုယ့်ကိုယ်ကို တန်ဖိုး ရှိတဲ့ မိန်းခလေး လို့ ခံယူထားရင်
ကိုယ့် တန်ဖိုးကို like နဲ့ မလဲလိုက် ပါနဲ့ ...
တန်ဖိုးဆိုတာ သူများက ဖြတ်လိုက်တာ မဟုတ်ပါဘူး ။
တန်ဖိုးဆိုတာ သူများက တန်ဖိုးဖြတ်တာထက်
ကိုယ်ကိုယ်တိုင် ကိုယ့်တန်ဖိုးကို မဖြတ်မိစေဖို့ အရေးကြီးပါတယ် ။
တန်ဖိုးကြီးတဲ့ ပစ္စည်းတိုင်းက ပေါပေါ များများ မတွေ့ရလို့ တန်ဖိုးကြီး တာပါ ။
မမြင်ရလေလေ ရှားပါး လေလေ မက်မောသူ များလေပါ ။
လူဆိုတာ ကြော်ငြာရမယ့် ရောင်းကုန်ပစ္စည်း မဟုတ်ပါဘူး ။
ပတ္တမြားမှန်ရင် နွံနစ် နေလည်း တန်ဖိုးသိတဲ့သူက တန်ဖိုးထား ပါလိမ့်မယ် ။
ညီမလေးရဲ့ တန်ဖိုးက like မဟုတ်ပါဘူး ။
ညီမလေးရဲ့ အိမ်ထောင်ဖက် ညီမလေးရဲ့ အပေါ်ချစ်မြတ်နိုး အလေးထားမှုနဲ့
လူအများရဲ့ လေးစား တန်ဖိုးထားမှုပါ ။
Like ရဖို့ အတွက်တော့ " အကိုကြီးက ဒါမျိုးမှ ကြိုက်တာ " လို့ အပြောမခံ ပါနဲ့နော် ။
မေတ္တာဖြင့် ရေးသားခြင်းပါ ။
ညီမငယ်များ စဉ်းစား ကြည့်စေချင် ပါတယ် ။
Group ပုံ အမှတ်တရပုံများ တင်တာ ကိစ္စ မရှိပေမယ့်
အလှပြ single ပုံတွေ ကတော့ မုဆိုးတွေ အတွက် သားကောင် ဖြစ်သွားနိုင်သလို
နည်းပညာကြားမှာ မဖွယ်မရာ ပုံတွေဖြစ်သွားနိုင် ပါတယ် ။
Zenith (မကွေး)
Post a Comment