Header Ads

ဖျောက်ပစ်သင့်တဲ့ အကျင့်ဆိုး (7) ခု


အကျင့်ဆိုး ဆိုတာ သတိပြု မိတာနဲ့ ချက်ခြင်း ဖျောက်ပစ်ဖို့ ကြိုးစားသင့်ပါတယ်။ အကျင့်ဆိုးတွေဟာ ဖျောက်ရ ခက်လှပါတယ်။ အကျင့်ဆိုး ဆိုတာ ကြာရှည် မရှိသင့်တဲ့ အရာတစ်ခုပါ။ အခု ဖော်ပြမယ့် အကျင့်ဆိုးတွေ သင့်ဆီမှာ ရှိနေမယ် ဆိုရင် ချက်ခြင်း ဖျောက်ပစ်သင့်ပါတယ်။

1) ဆင်ခြေ ပေးလွန်းခြင်း

ပင်ပန်းလွန်းလို့၊ စောသေးလို့၊ အခြေအနေ မပေးသေးလို့ စတာတွေဟာ ဆင်ခြေတွေပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ စိတ်ဓာတ် တက်ကြွမှု ကင်းမဲ့တာပါ။

2) အတိတ်ကို မမေ့နိုင်ခြင်း

အတိတ်က အောင်မြင်မှုကို မိန်းမောနေတာပဲ ဖြစ်ဖြစ်၊ အတိတ်က ဒုက္ခတွေကို အခုထိ ခံစားနေတာပဲ ဖြစ်ဖြစ် မလုပ်သင့်ပါဘူး။ အတိတ်က အကြောင်းအရာတွေကို မေ့မပစ်ပဲ ခံစားနေတာက ကောင်းတဲ့ အကျင့်တစ်ခုတော့ မဟုတ်ပါဘူး။

3) မကောင်းတဲ့ ဆက်ဆံရေးမှာ ပျော်မွေခြင်း

နှစ်ဖက်လုံးအတွက် ပျော်စရာ မကောင်းတဲ့ Relationship တစ်ခုထဲက ရုန်းမထွက်နိုင် သေးတာလည်း အကျင့်ဆိုးပါပဲ။ ပြင်ရင်ပြင်၊ မပြင်ရင် ရုန်းထွက်ဖို့ ကြိုးစားလိုက်ပါ။

4) အကြွေးများခြင်း

အချို့သူတွေက ရှာနိုင်တာထက် ပိုသုံးကြပါတယ်။ ဝင်ငွေများပေမယ့် ရတာထက် ပိုသုံးကြတဲ့အခါ အကြွေးတွေ မသိမသာ များလာ တက်ပါတယ်။

5) အိပ်ရေးပျက်ခံခြင်း

ဒါလည်း အကျင့်ဆိုးပါပဲ။ အိပ်ရေး ပျက်တဲ့အခါ နောက်တစ်နေ့မှာ သင်အလုပ် ကောင်းကောင်း လုပ်ဖို့ ဦးနှောက်က အကြံကောင်းတွေ ထွက်မှာ မဟုတ်ပါဘူး။

6) အသုံးမဝင်တာတွေ သိမ်းထားခြင်း

ကိုယ့်အတွက် အသုံးမဝင်တာတွေ အတွက် ခေါင်းရှုပ်ခံ မနေပါနဲ့။ အဝတ်ဟောင်း၊ ပစ္စည်းဟောင်းတွေ မလိုအပ်တော့ဘူး ဆိုရင် ကိုယ့်ဆီမှာ ဆက်မထား သင့်တော့ပါဘူး။

7) မဖြစ်နိုင်တာကို စိတ်ကူးထားခြင်း

တစ်ချို့ အရာတွေဟာ ဖြစ်လာနိုင်ဖို့ ခဲယဉ်းလှပါတယ်။ ဒါကို မဖြစ်လာနိုင်ရမလား ဆိုပြီး ပေါက်ကွဲ မနေသင့်ပါဘူး။ ဖြစ်နိုင်တာကိုသာ စဉ်းစားပြီး လုပ်ပါ။

Source - Life

No comments

Powered by Blogger.