အလျော့ပေး ချစ်တတ်တဲ့ ယောက်ျား
နေ့တိုင်း လိုလို ခဏခဏ စကားများတတ် ကြတဲ့ လင်မယား နှစ်ယောက် ရှိတယ် ။
ဒါပေမယ့် စကားများ ကြတဲ့ အခါတိုင်း ယောက်ျားဖြစ်သူက မိန်းမကို အမြဲတမ်း အလျှော့ပေး တတ်တယ် ။
ဒီလိုနဲ့ ကြာလာတော့လည်း အမျိုးသမီးက သူ့ယောက်ျားကို ထူးဆန်းလို့ မေးလာ မိတယ် ။
" ယောက်ျားရေ ... ရန်ဖြစ်တိုင်း ရှင် ဘာလို့ ကျမကို အလျှော့ပေးတတ် တာလဲ
တခါတလေကျရင် ကျမဘက်က မှားတာတွေလည်း ရှိတယ်လေ "
အဲဒီတော့ သူ့ယောက်ျား ဒီလို ပြန်ဖြေတယ် ။
" အော် ... မင်းက ကိုယ့်မိန်းမ လေကွာ
ဘာပဲပြောပြော ရှေးဘဝတွေက ရေစက်ကြုံလို့ ဒီဘ၀မှာ လင်မယား လာဖြစ်ကြတာ
ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ
စကား နိုင်ပေမယ့် ချစ်ခြင်း မေတ္တာ ရှုံးသွားမှာလေ
ဒီဟာတော့ ကိုယ် အရှုံး မခံနိုင်ဘူး ...
တယောက်က စိတ်တိုလိုက် တယောက် ချော့လိုက်
တယောက်က ဆူလိုက် တယောက်က ရယ်လိုက်
တကယ်လို့ လူတယောက်က အမြဲတမ်း အရှုံးပေးနေ ရတယ် ဆို သူ စကားပြော မကျွမ်းကျင်လို့ မဟုတ်ဘူး
တဖက်သားကို အနာကျင်ဆုံး ဖြစ်စေမဲ့ စကားမျိုး ပြောမထွက်ရက် လို့ပေါ့
တယောက်ယောက်တော့ အရှုံးပေးမှ နှစ်ယောက်စလုံး ပျော်ရွှင်နိုင် မှာလေ
စကား နိုင်သွားပေမဲ့ ချစ်ခြင်းမေတ္တာ ကိုတော့ ဆုံးရှုံးသွားရ လိမ့်မယ်
အဲ့ဒါ ကိုတော့ ငါတို့ အရှုံး မခံနိုင်ပါဘူး " ... တဲ့ .... ။
NgweTarYi
Post a Comment