Header Ads

နောက် MTV ကို ဘဲ (10) ယောက်လောက်နဲ့ တွဲရိုက်အုံးမယ်ဆိုတဲ့ ပိုပို


အခုတလော ဖေ့ဘုတ်မှာ အရမ်း ရေပန်းစားနေတဲ့ အမိုက်စား MTV တပုဒ် ကြောင့် ပရိတ်သတ်တချို့ရဲ့ ဝေဖန် ပုတ်ခက် တိုက်ခိုက်မှု မျိုးစုံကို ခံနေရတဲ့ အဆိုတော် ပိုပို ဟာ သူမရဲ့ My day မှာ သူမကို ဝေဖန်ပြောဆို နေတဲ့ သူတွေကို အသဲယား စေမယ့် စာသားလေး တချို့ တင်လိုက် ပါတယ် ။


ပိုပို တင်လိုက်တဲ့ စာသားလေးတွေ ထဲမှာ သူမ MTV ကို ဝေဖန်တဲ့ ပရိသတ်တွေကို ရွဲ့ထားတဲ့ စာသားလေး တချို့ နဲ့ ရိုင်းရိုင်း စိုင်းစိုင်းပြောလာတဲ့ သူတွေကို တုန့်ပြန်လိုက် ပါတယ် ။

ဝေဖန် ပုတ်ခတ်သူတွေအတွက် သူမ ရေးထားတဲ့ စာလေးက

" ဟင်း ဟင်း အမြင်ကတ်ကတ်နဲ့ နောက်တစ်ခါ MV ရိုက်ရင် J lo တို့လို ဘဲတွေကြီး ၁၀ယောက်လောက် ကို အင်္ကျီမပါဘဲ ရိုက်ဦးမယ် ဟက် ... ဟက်
အရှက် သိပ်ရှိပါတယ် ဆိုတဲ့ လူတွေက အရှက်မရှိ ရိုင်းစိုင်းတဲ့ စကားတွေ သိပ်ပြောတာပဲ..
လူတွေဟာ သိပ်ရယ်ရတယ်..
သူတို့ဆက်ဆံသလို ကိုယ်က ပြန် ဆက်ဆံ ပြုမူမိရင် အရိုင်း အစိုင်းကြီးကို ဖြစ်လို့ " ဟု ပြောပါတယ် ။


သူမ ရဲ့ အမိုက်စား ဖြစ်တဲ့ Let Me Kiss You သီချင်း MTV လေးကို မင်းသား အောင်ရဲလင်း နဲ့ အတူ ခပ်ပြင်းပြင်း ခပ်ကြမ်းကြမ်း သရုပ်ဆောင်ထားပြီးနောက် ပရိသတ်တွေဆီ ပို့ပေးပြီးမှာတော့ ပရိတ်သတ်တွေက ပြင်းပြင်း ထန်ထန် ဝေဖန်နေကြတာကို အခုလို တုန့်ပြန် လိုက်တာ ဖြစ်ပါတယ် ။


သူမရဲ့ အမိုက်စား MTV ဖြစ်တဲ့ Let Me Kiss You သီချင်းလေး ကလည်း ကြည့်ရှုသူ 1 million ကျော် ရှိနေပြီ ဖြစ်ပါတယ် ။

from po po' fb
LoveShortNotes

No comments

Powered by Blogger.