Header Ads

အမျိုးသားတွေ ဖူးစာဖက်ရှာတဲ့အခါ ချောတာလှတာထက် ပိုစိတ်ဝင်စားတဲ့အရာ


ယောက်ျားလေးတွေဟာ ချစ်စရာ ကောင်းတဲ့ ကောင်မလေး ၊ ဒါမှမဟုတ် ခပ်ဟော့ဟော့ ကောင်မလေးတွေကို မျက်စိ ကျွတ်ထွက် မတတ် လိုက်ငမ်း တာမျိုး သင်မြင်တွေ့ဖူး ပါလိမ့်မယ် ။ ယောက်ျားတွေဟာ ငယ်ရွယ် နုပျိုပြီး လှပတဲ့ မိန်းခလေးတွေဆို မကြည့်ပဲကို မနေနိုင် ကြပါဘူး ။

ဒီလိုပြောလို တချို့ ယောက်ျားတွေက မဟုတ်ပါဘူးလို့ ငြင်းကောင်း ငြင်းကြပါ ဦးမယ် ။ ခုနပြောသလောက် မဟုတ်တောင် နည်းနည်းတောင် ဖမ်းပြီး ကြည့်လိုက်ကြတာ ချည်းပါပဲ ။ ဒါကို အပြစ်သွားပြော လို့လည်း မရပါဘူး ။ ဘာလို့လဲ ဆိုတော့ သူတို့က ယောက်ျားတွေကိုး ။

အခု ပြောပြပေး မှာက မကြာသေးမီက Northwestern တက္ကသိုလ်က ထုတ်ပြန်လိုက်တဲ့ လေ့လာချက် တခုရဲ့ အဖြေ ကိုပါ ။

အမျိုးသားတွေဟာ သိပ်ချော သိပ်လှနေတဲ့ အမျိုးသမီး ၊ မိန်းခလေးတွေထက် ဥာဏ်ပညာ ထက်မြက် ထူးချွန်တဲ့ အမျိုးသမီး ၊ မိန်းခလေးတွေ ကိုသာ ပို စိတ်ဝင်စားလာကြ ပါတယ် တဲ့ ။

အခု နောက်ပိုင်းမှာတော့ အမျိုးသားနဲ့ အမျိုးသမီး တန်းတူ အခွင့်အရေးကို တောင်းဆိုလာ ကြတာနဲ့ ပတ်သက်ပြီးတော့ လည်း ခုလို အခြေအနေတွေ ပိုမို ပြောင်းလဲလာ ရခြင်း ဖြစ်တဲ့ အပြင် အမျိုးသမီး တွေဟာ အရင်ထက် စာရင် အိမ်အပြင်ထွက် အလုပ် လုပ်လာကြတာလည်း ပါတယ်လို့ သိရပါတယ် ။

ဒါဟာ ရေရှည် ကိုယ့်အကျိုးအတွက် တွေးတော ဆင်ခြင်ပြီး အမျိုးသားတွေဟာ ခုလို စိတ်ဝင်စားတဲ့ ပုံစံပြောင်းလာ သလား လို့တောင် ထင်ရ ပါတယ် ။

နောက်ထပ် ထုတ်ပြန်တဲ့ လေ့လာချက်တခုရဲ့ အဖြေအရတော့ အမျိုးသားတွေဟာ သူတို့အတွက် ကုန်ကျစရိတ် အနည်းဆုံးနဲ့ အကျိုးကျေးဇူး ခပ်များများ ရမယ့် လက်တွဲဖော်ကို ရှာဖွေလာကြ ပါတယ် တဲ့ ။

ဒိတ်လုပ်တဲ့ အခါ ဒီအချက် ပြောင်းလဲ လာတာကို လေ့လာချက်တွေ အရ ထောက်ပြထား သလို ဘ၀ ရည်မှန်းချက် ပန်းတိုင်နဲ့ ပတ်သက်ပြီးတော့ပါ ကိုယ့် လက်တွဲဖော်ကို အခြေအနေ တခု ရောက်အောင် ဆွဲခေါ်သွားလိုကြောင်းလည်း ဖော်ပြထား ပါသေးတယ် ။

Trend Myanmar

No comments

Powered by Blogger.