မိန်းခလေးတွေကို ဆွဲဆောင်နိုင်တဲ့ ယောက်ျားလေးတွေရဲ့ အလုပ် (5) မျိုး
1) ဆရာဝန်
မိန်းခလေး အများစုဟာ ဆရာဝန် ဆိုတဲ့ အလုပ်ကို သဘောကျတတ် ပါတယ် ။ လူ့ အဖွဲ့အစည်းကို အထောက်အကူ ပြုတဲ့နေရာမှာ ပေါ်လွင်တာ ၊ ငွေကြေးပိုင်း မပူပင်ရတာ၊ လူနာ ယုံကြည် လောက်အောင် အနေအထိုင် ခန့်ညားရတာ တွေဟာ ဆရာဝန်တွေမှာ တွေ့ရမယ့် လက္ခဏာ တွေပါ ။
2) စွန့်ဦးတီထွင် လုပ်ငန်းရှင်
စွန့်ဦးတီထွင် ဆိုပေမဲ့ အခုမှ စမယ့် လူတွေကို မိန်းခလေးတွေက စိတ်မဝင်စားတတ် ပါဘူး ။ လုပ်ငန်းကို စလုပ်နေပြီး အိမ်မက်တွေနဲ့ ပြည့်နေသူတွေကို ဆိုလို ပါတယ် ။
3) အားကစားသမား
မိန်းခလေးတွေဟာ အားကစားသမားတွေ ကိုလည်း သဘောကျ တတ်ကြ ပါတယ် ။ အခြား အလုပ်အကိုင်ထက်စာရင် အားကစားသမား ဆိုတာက သူတို့ စိတ်ထဲမှာ ပိုပေါ်လွင် ပါတယ် ။
4) စားဖိုမှူး
အစားအသောက် ဆိုတာကတော့ မိန်းခလေးတွေ ရဲ့ အသည်းနှလုံးပါ ။ သင့်အလုပ် ကသာ စားဖိုမှူးလို့ ပြောလိုက်တာနဲ့ သင့်ကို စကားလုံးပေါင်း များစွာနဲ့ စပ်စု ပါလိမ့်မယ် ။
5) ဂီတသမား
ဂီတသမား တယောက်အပေါ် မိန်းကလေးတွေရဲ့ အမြင်ဟာ ယောကျာ်းလေးတွေ နဲ့ မတူဘူးလို့ ဆိုကြပါတယ် ။ ဂီတကို စိတ်ဝင်စား တဲ့ မိန်းခလေးတွေဟာ ယောကျာ်းလေး တွေထက် ဒီလူဟာ ဂီတမှာ ပါရမီပါသူလား ဆိုတာကို ပိုသိလွယ်တယ် လို့ ဆိုပါတယ် ။
Credit
Post a Comment