ယောက်ျားကောင်းတွေ ကိုယ့်ချစ်သူအပေါ် လုံးဝ မလုပ်သင့်တဲ့ အရာ (10) ခု
1) သူမရဲ့ တန်ဖိုးကို သိထားပါ
သင့်ရဲ့ တန်ဖိုးကို သင့်ချစ်သူ အပေါ် သက်သေပြဖို့ လိုပြီလို့ သိလိုက်တဲ့ ခဏဟာ လမ်းခွဲဖို့ အချိန်ပါပဲ။ သင့်ချစ်သူဟာ သင့်ရဲ့ တန်ဖိုး နဲ့ သင့်ကို အရှိအတိုင်း လက်ခံထားလို့ သင့်အနားမှာ နေတာပဲ ဖြစ်သင့်ပါတယ် ။ သင် ဘာလုပ်လို့၊ သူတို့ကို ဘာပေးလို့ ရှိနေတာ မဖြစ်သင့် ပါဘူး။
2) သူမရဲ့ ရုပ်ရည်ကို ဘယ်တော့မှ အပြစ် မပြောပါနဲ့
ဆံပင်လေး နည်းနည်းသာ ရှည်လိုက်ရင် ကောင်းမှာ တို့ ၊ ပေါင်လေး နည်းနည်းသာ ကျသွားရင် တို့ မပြောသင့်ပါဘူး ။ ယောက်ျားကောင်း ဆိုတာ သင့်ရုပ်ရည်နဲ့ ပတ်သတ်ပြီး သင့်ကို နာကျင်အောင် ပြောမှာ မဟုတ်ပါဘူး ။ အဲဒီလို ပြောတတ် လုပ်တတ်သူ တွေဟာ သင့်ရဲ့ ကိုယ်ပိုင် ယုံကြည်စိတ်ကို လျော့နည်းသွား စေပြီး သူ့ကို မှီခိုစေလိုသူ တွေပါ ။
3) သူမကို ဘယ်တော့မှ စိတ်ဓာတ် မကျပါစေနဲ့
လူတယောက်ရဲ့ ကိုယ်ပိုင် ယုံကြည်မှုဟာ သူ တခြားသူတွေရဲ့ ရည်မှန်းချက်တွေကို ဘယ်လောက် အားပေးလဲဆိုတာနဲ့ တိုင်းတာလို့ ရပါတယ်။ ယောက်ျားကောင်း တယောက်ဟာ သူ့ဘေးက လူအားလုံးကို ကူညီအားပေးဖို့ အသင့်ရှိ နေပြီး ဘယ်တော့မှ စိတ်ဓာတ် မကျစေပါဘူး ။
4) သူမကို ဘယ်တော့မှ အနိုင်မကျင့်ပါနဲ့
အနိုင်ကျင့်တယ် ဆိုတာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အမျိုးမျိုး ရှိပါတယ်။ အနိုင်ကျင့်တာဟာ တခြားသူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ပျက်စီးသွားစေ ပါတယ်။ ယောက်ျားကောင်း တယောက်ဟာ သူ့ထက် ဘယ်သူ့ကိုမှ နှိမ့်ချလိုစိတ် မရှိပါဘူး ။
5) သူမကို ဘယ်တော့မှ မလေးမစား မပြုပါနဲ့
လွယ်ကူ ရိုးရှင်းပေမယ့် ကျော်ပြီး အကြည့် ခံရတဲ့ အရည်အချင်းလေးပါ ။ ယောက်ျားကောင်း တယောက်ဟာ သူ့ပါတ်ဝန်းကျင်က လူအားလုံးကို လေးစား တတ်ပြီး ဘယ်တော့မှ အဆင့်အတန်း မခွဲခြားတတ် ပါဘူး ။ အရည်အချင်း ရှိသူဟာ တန်းတူ ညီမျှခြင်းကို မကြောက်ပါဘူး ။
6) သူမကို နောက်ပိုင်း ပို့မထားပါနဲ့
ချစ်ဇာတ်လမ်း တခုဆိုတာ လူနှစ်ယောက်ရဲ့ ဘဝတွေ ပေါင်းစည်းသွား တာပါ ။ ယောက်ျားတယောက်မှာ တကိုယ်ရည် အပန်းဖြေချိန် ရှိပေမယ့် သင့်ချစ်သူကိုလဲ သင့် အချိန်ဇယားရဲ့ ထိပ်ပိုင်းမှာ နေရာပေးထား သင့်ပါတယ်။ သင့်အိမ် အပြန်ကို သူစောင့်နေရတဲ့ အချိန်က တူတူရှိတဲ့ အချိန်ထက် များတာ မဖြစ်သင့် ပါဘူး ။
7) သူမကို အထီးမကျန်ပါစေနဲ့
ချစ်ဇာတ်လမ်း ဆိုတာ နှစ်လမ်းသွားတွေ ဖြစ်ရမှာပါ။ လူသားတွေ အတွက် စိတ်ဓာတ် ကျတတ်တာ သဘာဝပါ ။ သူမ စိတ်ဓာတ်ကျချိန် တွေမှာ သင်ဟာ သူမ အတွက် ရှိနေပေးရ ပါမယ်။ မနက်တိုင်း သူမဘေးမှာ နိုးထပေးနိုင် ရပါမယ်။
8) သူမအပေါ် ဘယ်တော့မှ မဖောက်ပြန်ပါနဲ့
ယောက်ျားကောင်း တစ်ယောက်ဟာ ဘယ်တော့မှ ဖောက်ပြန်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဖောက်ပြန်ခြင်းဟာ သူ့ရဲ့ ချစ်သူအပေါ် ပေးထားခဲ့တဲ့ ကတိစကားကို ချိုးဖောက်တာ ဖြစ်နေလို့ပါ။
9) သူမနဲ့ ပြောရမယ့် အရေးကြီး စကားဝိုင်းတွေကို မရှောင်ပါနဲ့
မိသားစု ကြားမှာ ဖြစ်ဖြစ်၊ ချစ်သူကြားမှာ ဖြစ်ဖြစ် ပြသနာဆိုတာ မျက်နှာချင်းဆိုင် ရှင်းမှ ပြီးမယ်ဆိုတာ ယောက်ျားကောင်းတွေ နားလည် ပါတယ်။ ပြသနာဆိုတာ ဒီတိုင်း ကြာကြာ ထားလေ ပိုဆိုးလေပါ။ ဘယ်အချိန်မှာ ထိန်းထားပြီး ဘယ်အချိန်မှာ ဖွင့်ထုတ်ရမလဲ ဆိုတာ သိဖို့ အရေးကြီး ပါတယ်။
10) သူမရဲ့ ကိုယ်ရေး ကိုယ်တာတွေကို မနှောင့်ယှက် ပါနဲ့
ချစ်ဇာတ်လမ်းကောင်း တခုမှာ ဘာကိုမှ ဖုံးကွယ် ထားစရာ မရှိပါဘူး ။ ဒါပေမယ့် အဲဒါဟာ သင့်ရဲ့ ပါတနာ ဖုန်းကို ခဏ ထားခဲ့တိုင်း ခိုးကြည့် စပ်စုလို့ ရတယ် မဆိုလိုပါဘူး ။ အဲဒီလို ခိုးကြည့်သူတွေဟာ သူတို့ ဘာသာ လုံခြုံမှု မရှိပဲ သူတို့ ပြသနာတွေကို သင့်အပေါ် ထိုးချချင်သူ တွေပါ ။
Gentleman
Post a Comment