မြန်မာပြည်သိန်းတန်ကို တာဝန်ရှိသူတွေ မထိန်းချုပ်နိုင်တော့ကြောင်း ဗီဒီယိုဖိုင် ထွက်ပေါ်
Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဒိုင်တစ်ဦး ဖြစ်တဲ့ မြန်မာပြည် သိန်းတန်ကို ထိန်းချုပ်လို့ မနိုင်ဘူး လို့ သက်ဆိုင်သူ အချို့ ပြောဆိုထားတဲ့ ဗီဒီယိုဖိုင် တစ်ခု ထွက်ပေါ်လာပါတယ်။ မနေ့ည Performance show အပြီး စင်နောက်မှာ ပြောဆိုနေကြတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။ ဒီထဲမှာတော့ ပရိသတ် အချို့က မြန်မာပြည်သိန်းတန်ကို ပေါက်ကွဲနေကြပါတယ်။
ဒီလို ပေါက်ကွဲတဲ့အကြောင်း နောက်ခံစကား တင်ဆက်သူ ခွန်ပိုင်စိုးကျော် လို့ ယူဆရသူကို ပြောပြနေတာ ဖြစ်ပါတယ်။ သူကလည်း ပြောစကားများကို လက်ခံပြီး...
“ကျွန်တော်တို့လည်း အတော် ဂယက်ရိုက်နေတယ်။ ကျွန်တော်တို့ တခြား Top secret ဟာတွေတော့ ရှိတာပေါ့နော်။ ကျွန်တော်တို့ ကော်မာရှယ်တိုင်းမ်မှာ သူ့ကို Contorl သွားလုပ်တယ် အဲ့ဒါနဲ့ ပက်သက်ပြီး မပြောပါနဲ့၊” ဆိုပြီး မြန်မာအိုင်ဒေါ မိသားစုဝင်ဖြစ်သူ ပြောနေတာ ဖြစ်ပါတယ်။
ခုပုံစံ အတိုင်းမှာ မြန်မာပြည် သိန်းတန်ကို မြန်မာအိုင်ဒေါ သက်ဆိုင်သူတွေကလည်း ထိန်းချုပ်မရ ဖြစ်နေပြီး၊ ဦးသိန်းတန် ကိုယ်တိုင်ကလည်း သူ့ရဲ့ လုပ်ဆောင်နေမှုများကို ဘယ်ကို ဦးတည်နေသလဲ ဆိုတာ ကိုယ်တိုင် သိသိရက်နဲ့ ဆက်လုပ်နေတယ် လို့ ယူဆရပါတယ်။
Video ကြည့်ရန်..
Post a Comment