သင့်ကိုမချစ်ပဲ အသုံးချဖို့တွဲတဲ့ ယောင်္ကျားလေးတွေရဲ့ လက္ခဏာများ
💓💓💓
မိန်းကလေးတို့ရေ….
တစ်ခါတလေမှာ ကိုယ်က အရမ်း ချစ်ပေမယ့် ကိုယ့်ကို တကယ် ပြန်မချစ်ပဲ အသုံးချရုံ သက်သက် တွဲတဲ့ လူမျိုးတွေ ရှိနေတတ်ပါတယ်။
တကယ်လို့ မိမိ ချစ်သူဟာ ဒီထဲကအချက် တော်တော်များများနဲ့ တိုက်ဆိုင်နေတယ် ဆိုရင်တော့ သူလည်း တစ်ယောက် အပါအဝင် ဖြစ်နေလို့ပါပဲ။ အမြန်ဆုံး ဖြတ်နိုင်ဖို့ ကြိုးစားပါနော်။
1) သူ့ပိုက်ဆံကို ဘယ်တော့မှ မထုတ်ဘူး
တခါတလေ သင်က ရှင်းပေးလိုက်တာ၊ ကျွေးလိုက်တာ မျိုးတွေ ရှိတတ်တယ် ဆိုပေမယ့်၊ အမြဲတမ်း ဆိုရင်တော့ မဟုတ်သေးပါဘူး ။ ပိုက်ဆံ ရှင်းမယ့် အချိန်ရောက်တိုင်း သင့်တာဝန် လိုလို၊ သူနဲ့ မဆိုင်သလိုလို၊ လက်ပဲ မအားသလိုလို အမြဲ လုပ်နေရင်တော့ သင့်ကို ပိုက်ဆံအတွက် အသုံးချနေတာ ဆိုတာကို ကောင်းကောင်းကြီး သိသင့်နေပါပြီ။
2) သင့်ရဲ့ ခံစားချက်တွေကို အလေးမထားဘူး
သင်စိတ်ညစ် ဝမ်းနည်းလို့ မရယ်နိုင်၊ မပြုံးနိုင် ဖြစ်နေတဲ့ အချိန်တွေမှာ သင့်ဘေးနားမှာ နေပီး သင့်ကို နှစ်သိမ့်ပေးတာ၊ ချော့မော့ပေးတာတွေ လုပ်ပေးရမယ့် အစား၊ သင့်ကို အတင်း ပြုံးခိုင်းပြီး ပျော်ပျော်ရွှင်ရွှင် နေခိုင်းတဲ့ သူမျိုးပါ။ သူကတော့ သင်ပျော်တာပဲ မြင်ချင်တယ် ဆိုတဲ့ စကားမျိုးကိုပဲ ပြောမှာပါ။
အမှန်ကတော့ သင့်ကို ပျော်စေချင်လို့ မဟုတ်ပဲ သင့်ရဲ့ အပူတွေ သူ့ကို ကူးစက်မှာဆိုးလို့ ဖြစ်ပါတယ်။ ဝမ်းနည်းနေတဲ့ သူတစ်ယောက် ချက်ချင်း ပြန်မပြုံးနိုင်တာကို မသိလောက်အောင် သူမရူးပါဘူး။
3) သာယာမှုတွေပဲ လိုချင်တယ်
သင့်ဆီက လိင်ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ် သူ့ဘက်က သာယာမှုကိုပဲ လိုချင်တတ်ပါတယ်။ သင် စိတ်ညစ်နေတဲ့ အချိန်၊ ဒုက္ခရောက်နေတဲ့ အချိန်တွေမှာ သင့်အနားမှာ ရှိမှာတော့ မဟုတ်ပါဘူး။ အကြောင်း အမျိုးမျိုးပြပီး ရှောင်ထွက်သွားတတ်တဲ့ သူမျိုးပါ။
4) သင့်ရဲ့ အပေါ်ယံရုပ်သွင်ပဲ သူ့အတွက် အရေးကြီးတယ်
သင့်ရဲ့ အားနည်းချက်တွေ ဖြစ်တဲ့ ပိန်တာ၊ ဝတာ၊ အသားဖြူတာ၊ မည်းတာတွေကို တစ်ချိန်လုံး အပြစ် တစ်ခုလို လိုက်ပြောနိုင်တဲ့သူပါ။ အဲ့လို လူမျိုးဟာ သင့်ကိုယ်သင် ယုံကြည်မှုတွေကို လျော့ပါးစေပီး အားငယ်စိတ်တွေကို ဝင်လာစေတဲ့ သူမျိုးပါ။ သင့်ရဲ့ အလှစစ်ထက် အပေါ်ယံ ရုပ်သွင်ကိုပဲ ကြည့်နေမှတော့ သင့်ကို တကယ်ချစ်တာ ဖြစ်နိုင်ပါ့မလား စဉ်းစားကြည့်ပါအုံး။
5) သင့် သူငယ်ချင်းတွေက သတိပေးတတ်တယ်
သင့်ရဲ့ သူငယ်ချင်းတွေက သူ့ကို ဘယ်လိုမှ နှစ်သက်ကြမှာ မဟုတ်ပါဘူး။ အကြောင်းကတော့ ထူးဆန်းပါတယ်။ သူငယ်ချင်းတွေမှာ သူတို့ သူငယ်ချင်းရဲ့ ချစ်သူက မူမမှန်တာ တစ်ခုခု လုပ်ရင် အလိုလို သိနိုင်တဲ့ အာရုံမျိုး ရှိကြပါတယ်။
သူ့ရဲ့ အနေအထိုင်၊ အပြောအဆို တွေက တစ်ခုခု လွဲချော်နေတာ၊ ကောင်းပြလွန်းနေတာမျိုး ဆိုရင် သင့် သူငယ်ချင်းတွေက ချက်ချင်း သိနိုင်ကြပါတယ်။ ဒါကြောင့် သင့် သူငယ်ချင်းတွေက သတိပေးနေတယ် ဆိုရင်တော့ သင် ကောင်းကောင်း ပြန်စဉ်းစားသင့်ပါပီ။
credit to original
Post a Comment