ယောက်ျားထဲက ယောကျာ်းပါပဲ ... ဒါပေမဲ့
ယောက်ျားတော့ ယောကျာ်းပါ ... ဒါပေမယ့်
အိုင်တွေ့တိုင်း ခြေမဆေးတတ်ဘူး ။
ယောက်ျားတော့ ယောကျာ်းပါ ... ဒါပေမယ့်
အထာပေးတိုင်း သာယာတတ်တဲ့
မင်းတွေ့ဖူးတဲ့ ခပ်ညံ့ညံ့ကောင်တွေလိုတော့ မထင်လိုက်နဲ့ ။
ယောက်ျားတော့ ယောကျာ်းပါ ... ဒါပေမယ့်
အခွင့်အရေး ရတိုင်း မသာယာတတ်သလို
တာဝန် မယူနိုင်ဘဲနဲ့ တနပ်စားဥာဏ် မကြံတတ်ဘူး ။
ယောက်ျားတော့ ယောကျာ်းပါ ... ဒါပေမယ့်
မိန်းမတယောက်ရဲ့ အချစ်ကို အောက်ကျပေးပြီး တောင်းခံနေမှာ မဟုတ်သလို
တကယ်တွဲမယ် ဆိုလည်း တဘဝစာ အတွက်ပါ ။
ယောက်ျားတော့ ယောကျာ်းပါ ... ဒါပေမယ့်
ရည်းစားများတတ် ပေမယ့်
နှမချင်း ကိုယ်ချင်းစာစိတ် အပြည့် ရှိတယ် ။
ယောက်ျားတော့ ယောကျာ်းပါ ... ဒါပေမယ့်
ပေးပီးသား ကတိကို အသက်လို ထိမ်းပြီး
ဂုဏ်သိက္ခာကို ဦးထိပ်မှာ ပန်ဆင်ထားတယ် ။
ယောက်ျားတော့ ယောကျာ်းပါ ... ဒါပေမယ့်
ယောက်ျားကောင်း မဖြစ်သေးရင်တောင်
ယုတ်မာတဲ့ ယောက်ျားမျိုးတော့ ဘယ်တော့မှ အဖြစ်မခံဘူး ။
ယောက်ျားတော့ ယောကျာ်းပါ ... ဒါပေမယ့်
မိန်းမတယောက်ကို မှီခိုဖို့ ယူတာ မဟုတ်ဘူး
တာဝန်ယူနိုင်လို့ လက်ထပ်မှာပါ ။
ယောက်ျားတော့ ယောကျာ်းပါ ... ဒါပေမယ့်
ကိုယ်ယူထားတဲ့ မိန်းမကို ငါ နိုင်တယ် ဆိုပြီး
ရိုက်ပုတ်နေမယ့် ယောက်ျားမျိုး မဟုတ်ဘူး ။
ယောက်ျားတော့ ယောကျာ်းပါ ... ဒါပေမယ့်
ငါ အိမ်ထောင်ဦးစီး ဆိုပြီး ငါ လုပ်တာ အကုန် မှန်တယ်
ငါ လုပ်ချင်တာ လုပ်မယ် ဆိုတဲ့ အတ္တကြီးတဲ့ ယောက်ျားမဟုတ်ဘူး ။
ယောက်ျားတော့ ယောကျာ်းပါ ... ဒါပေမယ့်
ကိုယ်အကောင်းဆုံး ပေးဆပ်ရဲ့ သားနဲ့ ကိုယ့်အပေါ် မကောင်းတဲ့သူကို
ဒူးထောက် အရူံးပေးမှာ မဟုတ်သလို ၊
ပြတ်သားဖို့ မဝံ့မရဲ ဖြစ်နေတဲ့ ယောက်ျးမျိုး မဟုတ်ဘူး ။
ယောက်ျားတော့ ယောကျာ်းပါ ... ဒါပေမယ့်
ကိုယ့်ဘက်က သစ္စာ စောင့်ထိမ်းရဲ့သားနဲ့
ကိုယ့်အပေါ် သစ္စာဖောက် သွားတဲ့ မိန်းခလေး ကို တသက်တာ Bye ပါ ။
Credit
Post a Comment