Header Ads

ဆုတောင်းမှားခဲ့သူ...


တစ်ခါတုန်းက ရွာငယ်လေး တစ်ခု မှာ ကပ္ပလီ က “ အဘ “ လို့ ခေါ်ရလောက်အောင် ကို အသားမည်းတူးလှတဲ့ လူတစ်ယောက် ရှိသတဲ့…။

နွမ်းပါးရတဲ့ အထဲ အသားက မည်းလွန်းတော့ ဘယ်ကောင်မလေး က ကြည် မှာလဲ… လေ။ သူဟာ ဘယ်ကောင်မလေး နဲ့မှလည်း အဆက်အသွယ် မရှိတဲ့အပြင် တစ်ကြိမ်တစ်ခါမှလည်း ဘာဆိုတောင် မဘာဖူးခဲ့တဲ့ လူတစ်ယောက် ပေါ့။

တစ်နေ့မှာတော့ ဆိုးရွားလှတဲ့ သူ့ ဘ၀ ကို စိတ်ပျက်ပြီး ကမ်းခြေဘက်ကို ထွက်လာခဲ့သတဲ့ …။ နေမွန်းတည့်အချိန်ဆိုတော့ နေကလည်း ခြစ်ခြစ်တောက်အောင် ပူနေတဲ့အချိန်ပေါ့ …။

နေကပူတော့ ရေကလည်း ဆာတာပေါ့ ။ ဒါနဲ့ပဲ တစ်နေရာရောက်တော့ “ ဘွား “ ကနဲဆိုပြီး သဲသောင်ပြင်စောင့် နတ်သမီး ပေါ်လာပြီး သူ့ရဲ့ ဒုက္ခတွေကို ကူညီဖို့ လိုရာဆု ၃ ခု တိတိ ကို ချက်ခြင်းပြည့်စေ ၊ ဆုတောင်းစေ လို့ ခွင့်ပြုလိုက်သတဲ့ ..ကွယ်။

နေပူပူကြီးမှာ ရေဆာနေတဲ့ သူလည်း အပိုင်ပဲ ဆိုပြီး ၀မ်းသာအားရ နဲ့ …. “ဘ၀ဆက်တိုင်း ဆက်တိုင်း ရေကို မြင်တွေ့ရပြီး ရေ မငတ်တဲ့ ကိုယ် ဖြစ်ရပါလို၏ ” ဆုတောင်းသတဲ့။

နောက် ၂ ခုကိုတော့ ဘာကို ဆုတောင်းရမလဲ ဆိုပြီး ခေါင်းအေးအေး နဲ့ တစ်ချက် စဉ်စားလိုက်သတဲ့။

အဲ.. ပြီးတော့ .. “ ဘ၀ဆက်တိုင်း ဆက်တိုင်း အသားဖြူသောကိုယ် ကို ပိုင်ဆိုင် ရပါလို၏ “ လို့ ပြောလိုက်ပြီး နောက်ဆုံး ဆုတောင်း ကိုတော့ “..အဲ မိန်းကလေးတွေကို မြင်တဲ့အခါမှာ အ၀တ်မပါသော ကိုယ် ကို မြင်ရပါရစေလို၏” လို့ ဆုတောင်းလိုက်သတဲ့ ..။

ဒီ တစ်ခါ စဉ်းစားရမှာက သဲသောင်ပြင်စောင့် နတ်သမီးပေါ့ .။ နတ်သမီး က တော်တော်ကြာကြာ စဉ်းစားပြီး “ ပြည့်စေ “ လို့ ဆုပေးလိုက်သတဲ့ …။

“ ဗြုန်း “ ဆို .. အဲဒီ လူ ဟာ “ အိမ်သာကြွေခွက်ကြီး “ ဖြစ်သွားပါလေရော ..တဲ့။ အသားအရည်ကလည်း ဖြူလိုက်သမှ ၀င်းမွတ်နေတာပဲ ….။ 😅😅

Credit

No comments

Powered by Blogger.