Header Ads

(16) သင်းအဆင့်မှာ မက်ဆီရဲ့ အာဂျင်တီးနားအသင်း နာမည်ကြီး ပြင်သစ်နဲ့တွေ့ဆုံ


အုပ်စု C ရဲ့ နောက်ဆုံးပွဲစဉ်တွေ ကစားပြီးတဲ့ အချိန်မှာတော့ ပထမနေရာကို ပြင်သစ်အသင်းက ရယူနိုင်ခဲ့ပြီး ဒုတိယနေရာ ကိုတော့ ဒိန်းမတ် အသင်းက ရယူနိုင်ခဲ့ ပါတယ်။ အုပ်စု D မှာတော့ ပထမနေရာကို ခရိုအေးရှားက ရယူနိုင်ခဲ့ပြီး ဒုတိယနေရာကို အာဂျင်တီးနားက ရယူနိုင်ခဲ့ပါတယ်။


ဒီရလာဒ်တွေကြောင့် ၁၆ သင်း အဆင့်မှာ နာမည်ကြီး အာဂျင်တီးနားနဲ့ ပြင်သစ် ၊ ဒိန်းမတ်နဲ့ ခရိုအေးရှားတို့ တွေ့ဆုံတော့မှာပဲ ဖြစ်ပါတယ်။ ခရိုအသင်းဟာ အုပ်စု တက်နှင့်ပီးသားဖြစ်လို့ အဓိက ကစားသမား အများအပြားကို အနားပေးထားခဲ့ပေမယ့် အိုက်စလန်ကို ပယ်ရီဆစ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

မိုဒရစ်၊ ရာကီတစ်၊ မန်ဇူကစ်တို့ ပါဝင်နေတဲ့ ခရိုအေးရှား အသင်းနဲ့ အဲရစ်ဆင်ရဲ့ ဒိန်းမတ်အသင်းတို့ရဲ့ ပွဲစဉ်ဟာလည်း ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်ဖို့ရှိနေပီး ခရိုအေးရှားအသင်းကတော့ အနည်းငယ် အသာရနိုင်ပါတယ်။


နိုက်ဂျီးရီးယား အသင်းကို အသည်းအသန် ကစားခဲ့ရပြီး ရိုဟိုရဲ့ နောက်ကျဂိုးကြောင့်သာ အုပ်စုအဆင့်က လွတ်မြောက်လာခဲ့တဲ့ အာဂျင်တီးနားကတော့ ယနေ့ပွဲမှာ အရင်ပွဲတွေကထက် ပိုမို ခြေစွမ်းပြနိုင်တာကိုလည်း တွေ့ခဲ့ရပါတယ်။


မက်ဆီ၊ ဒီမာရီယာ ၊ ရိုဟို၊ ဘာနီဂါ၊ တို့ ခြေစွမ်းပြခဲ့ကြပြီး နောက်ဆုံးတော့ လိုအပ်နေတဲ့ အနိုင်ရလဒ်ကို ရယူသွားခဲ့ပါတယ်။ အုပ်စုဒုတိယသာ ရရှိခဲ့တဲ့ အာဂျင်တီးနားအသင်းဟာ ကစားသမားကောင်းတွေ အများအပြား ပါဝင်နေတဲ့ နာမည်ကြီး ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

photos from internet

No comments

Powered by Blogger.