ကိုယ့်ချစ်သူကောင်မလေးကို ပေးသင့်တဲ့ လက်ဆောင် (7) မျိုး
သင့်ဆီမှာ ချစ်သူကောင်မလေး ရှိနေပြီ ဆိုရင် ဘယ်လို လက်ဆောင်မျိုး ပေးခဲ့ဖူး သလဲ ၊ ဘာကို လက်ဆောင် ပေးဖို့ ရည်စူးသလဲ ၊ ဘယ်လို အခြေအနေ မျိုးမှာ လက်ဆောင် ပေးရမလဲ … ဒါတွေကို သင် သိပြီးပြီလား .......
သင် မသိသေးဘူးဆို ရင် ချစ်သူတွေ ကြားမှာ ပေးသင့်တဲ့ လက်ဆောင် (7) မျိုးကို ဖော်ပြပေးလိုက် ပါတယ်။
(1) အ၀တ်အစား
မြန်မာတွေရဲ့ အယူအစကတော့ ... ပုဝါတို့ ၊ ဓာတ်ပုံတို့ ၊ နှင်းဆီပန်းတို့ မပေးကောင်းဘူးလို့ အယူအစ ရှိကြသူများ ရှိကြပါတယ်။ ချစ်သူချင်း ကွဲတတ်တယ် လို့ ဆိုပါတယ် ။ ဒါကိုတော့ မှားခြင်း မှန်ခြင်း ကျနော် အငြင်း အခုန် မလုပ်လိုပါဘူး ။ ဘာပဲဖြစ်ဖြစ် အ၀တ်အစားတော့ ၀ယ်ပေးကောင်း ပါတယ် ။ ချစ်သူအတွက် ဘုရားသွားရင် ၀တ်ရမယ့် ၀တ်စုံ၊ ရုပ်ရှင်ကြည့်ရင် ၀တ်ရမယ့် ၀တ်စုံ စတာလေးတွေဟာ ဘ၀ အတွက် အမှတ်တရလေးတွေပေါ့။
(2) ဖိနပ်
ဖိနပ်ဆိုတာ လူ့ အသုံးအဆောင် ထဲမှာ မရှိမဖြစ် ပါဝင်တဲ့ အရာဖြစ်ပါတယ် ။ ကောင်းခြင်း မကောင်းခြင်း ထက် ခြေထောက် တုံးလုံးကြီးထက် စာရင်တော့ ဖိနပ်ကလေးနဲ့မှ ကြည့်ကောင်း ပါတယ်။ ဒီလိုပါဘဲ လူ့ အသုံးအဆောင်ထဲမှာ အရေးပါ လှတဲ့ ဖိနပ် ချစ်သူကို ၀ယ်ပေးရခြင်း အတွက် သင့်ချစ်သူနဲ့ သင် ပိုပြီး ရင်းနီးချစ်ခင်မှုကို ရစေမှာပါ ။
(3) ပိုက်ဆံအိတ်
ကောင်မလေးတွေ အတွက် ကတော့ အပြင်ထွက်တဲ့ အခါမှာ မပါမဖြစ် အသုံးအဆောင်က Hand Bag ပေါ့ ။ ကောင်လေးတွေ အတွက်လည်း ခါးမှာ ထိုးတဲ့ ပိုက်ဆံအိတ် လှလှလေးတွေ အခုခေတ် ပေါပါ တယ် ။ ဒါမျိုးလေးတွေ ၀ယ်ပေးထားခြင်း ကလည်း အနည်းဆုံးတော့ တယောက်ဓာတ်ပုံ တယောက် ထည့်ထားပြီး သွားလေရာ တပါတည်း ခေါ်သွားလို့ ရတယ်လေ။
ကိုယ့်ချစ်သူလေး ကြိုက်တဲ့ ရေမွှေး Brand လေးကို သိအောင် ကြိုးစား ထားပါ ။ အဲဒီလို သိထားတော့ ချစ်သူရဲ့ မွေးနေ့မှာလို နေ့မျိုးမှာ ချစ်သူကို ရေမွှေး လက်ဆောင် ပေးခြင်းဟာ သူနဲ့သင် တသားထဲ ဖြစ်ကြောင်း ပြလိုက်ခြင်းလည်း ဖြစ်ပါတယ် ။ သူလည်း ဒီရေမွှေးလေး စွတ်လိုက်တိုင်း သင်က သူ့ကို လာပြီး ပွေ့ဖက်သလို ခံစားရပါ လိမ့်မယ်။
(5) Romantic ဖြစ်တဲ့ ညစာ
ညစာ ဆိုတာကတော့ စားသောက်ဆိုင် ၊ ဟိုတယ်မှ မဟုတ်ဘဲ ကိုယ့်အိမ်မှာလည်း ကိုယ့်ပါးစပ်နဲ့ ကိုယ် စားနိုင် သောက်နိုင်ကြ ပါတယ် ။ ဒါပေမယ့် ချစ်သူနဲ့ အတူတူ စားမယ့် ညစာကို ချစ်စရာကောင်းအောင် ဘယ်လို ဖန်တီးမလဲ ? ။
နှင်းဆီပန်းတွေ၊ စပါယ်ပန်းတွေ ကျဲခြထားတာမျိုး ၊ လျှပ်စစ်မီး မထွန်းဘဲ ဖယောင်းတိုင်လေးတွေ အစီအရီ ထွန်းထားမယ် ၊ အသံပုံ ပူပေါင်းလေးတွေ လေမှာ တလူလူ ချိတ်ဆွဲ ထားမယ်။ ဒါပေမယ့် ဘက်ဂရောင်းမီးကိုတော့ အပြာရောင် ဖျော့ဖျော့လေး ထွန်းထားမယ် ... စတဲ့ ချစ်သူ စိတ်ထဲမှာ ပျော်ရွှင်ပြီး စိတ်လှုပ်ရှားမှု ပေးနိုင်တဲ့ အခင်းအကျဉ်းနဲ့ ညစာတည်ခင်းတဲ့ လက်ဆောင်က လည်း ချစ်စဖွယ်ပါဘဲ။
(6) ကျောက်မြတ် ရတနာ
ဒါကိုတော့ ပိုက်ဆံ တတ်နိုင်သူများ အဖို့သာ ရည်ညွှန်း ပါတယ် ။ ပိုက်ဆံ မတတ်နိုင်သူများလည်း ဘာမှ စိတ်ထဲ အားမငယ်ပါနဲ့ ။ လက်ဆောင်ဆိုတာ ပေးတဲ့သူနဲ့ ယူတဲ့သူ အဓိပ္ပါယ်နဲ့ ခံယူချက်ချင်း တူရင် ဘာ မဆို အဆင်ပြေပါတယ် ။
မည်သို့ပင် ဆိုစေကာမူ လူတွေဟာ ကျောက်မြတ် ရတနာ ကိုတော့ အနည်းနဲ့ အများ လိုချင် တပ်မက် ကြမှာပါဘဲ ။ ဒီတော့ ချစ်သူက ပေးတဲ့ ကျောက်မြတ်ရတနာ လက်ဆောင် ဟာ သူ့ဘ၀အတွက် ဘယ်လောက် အဓိပ္ပါယ် ရှိနိုင်မလဲ ဆိုတာ ဉာဏ် မီသလောက် စဉ်းစားကြည့်ပေါ့ ဗျာ ။
ချစ်သူကို ပေးတဲ့ လက်ဆောင် ပစ္စည်း ထဲမှာတော့ ဈေး အသက်သာဆုံး လို့ ပြောလို့ ရပါတယ် ။ ပန်းတွေမှာ သူ့အဓိပ္ပါယ်နဲ့ သူ ရှိပြီး နေ့ရယ် ညရယ် မရွေးပဲ ပေးသင့်တဲ့ လက်ဆောင်လည်း ဖြစ်ပါတယ် ။ နှင်းဆီက ရဲရင့်စေဖို့ ၊ စံပါယ်က အေးမြစေဖို့၊ ကန့်ကော်က တက်ကြွစေဖို့ .... စသဖြည့်ပေါ့လေ ။
အဲ .... တခုတော့ သတိပေးမယ် ။ အညာသူလေး ဆိုရင်တော့ ခေါင်ရမ်းပန်းတို့ 12 ရာသီပန်းတို့ သွား မပေးမိ စေနဲ့နော် ။ အညာမှာက ခေါင်ရမ်းပန်းနဲ့ 12 ရာသီ ပန်းဟာ အသုဘပန်း မို့လို့ပါ ။
NatCTaw
Post a Comment