Header Ads

အကုသိုလ်တွေ ဖြစ်သွားတယ် ဆိုရင် တောင်းပန်ပါတယ် ... ဆိုတဲ့ သင်ဇာဝင့်ကျော်


လက်တလောမှာ ပွဲတက်ဝတ်စုံကြောင့် ပရိတ်သတ်တွေရဲ့ အပြင်းအထန် ဝေဖန်မှုကို ခံနေရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ သူမဟာ တမင်ဝတ်တာမဟုတ်ကြောင်း နဲ့ စိတ်အပူတွေ ဖြစ်သွားရင် ပရိတ်သတ်တွေကို ပြန်လည် တောင်းပန်လိုက် ပါတယ် ....



" အမှန်တကယ်တော့ အဲ့အကျီဝတ်ဖို့ အစီစဉ် မရှိဘူး
ပထမအကျီက လည်ပင်းလေး နဲနဲ ဟိုက်တယ်
အမေက အဲ့ဟာ အဝတ်နဲ့တဲ့ လည်ပင်း အရမ်း ဟိုက်တယ် ဆိုလို့
အခုအကျီ ဝတ်လိုက်တာ ပိုဆိုးသွားတယ်





ဒီအတိုင်း အပြင်မှာကြည့်ရင် အဲ့အကျီက လုံးဝ မမြင်ရဘူး
ပွဲတက်တဲ့ လူတိုင်း ၊ ကိုယ်နဲ့ နှုတ်ဆက်တဲ့ လူတိုင်းလည်း အဲ့ဟာကို လုံးဝကို မမြင်ကြပါဘူး
မြင်ရင် သူတို့ အကုန်လုံး ကလည်း ပြောမဲ့သူတွေ ချည်းပါပဲ

ကိုယ်ကလည်း မမြင်ဘူး ထင်ပြီးတော့ ဝတ်ဖြစ်တာပါ
Flash ထိုးလိုက်တော့မှ ဘာလို့ ထင်းပီးပေါ်နေတာလဲ ဆိုတာ မသိပါဘူး
Camera men ကပဲ လုပ်လိုက်တာလား ဒါလည်း မသိဘူးလေ
အဲ့ဒါကြောင့်မို့ အဲ့လိုမျိုးတွေ ဖြစ်သွားတာပါ



FB က Comment တွေလည်း မဖတ်ဖြစ်ပါဘူး
We stand with Thinzar တွေ့ပဲ တွေ့တော့ ပိုတောင် အားတက်ပါတယ်

ဒါကလည်း ဘဝရဲ့ သင်ခန်းစာ တခုပါ
ကိုယ်ကလည်း အဲ့ဒီလောက်ကြီး ဖြစ်သွားမယ် မထင်လို့ ဝတ်သွားလိုက်မိတာ

Camera men တွေကိုလည်း Request လုပ်ပါတယ်
ပေါ်နေရင်တောင် ဖုံးဖိ ပြီး တင်ပေးပါ ဆိုတာကို ချက်ချင်းကြီး တင်ချလိုက်တာ
အဲဒီမှာတင် ဝက်ဝက်ကို ကွဲတော့တာ ပါပဲ
ကိုယ့်ပုံကို ပြန်ကြည့်လိုက်တဲ့ အခါ ဟာ ... ohh My god ဆိုပြီး ပူထူသွားတာပဲ

ဒီအဖြစ်အပျက်က ကိုယ်က တမင် သတ်သတ် လုပ်တာ မဟုတ်ပါဘူး
ထပ်လုပ်စရာလည်း မရှိပါဘူး
ခဲနဲ့ ထုခံနေရဦးမယ်



ဒီလို ဆိုးဆိုး ဝါးဝါးကြီး ဖြစ်သွားတဲ့ အပေါ် မှာ စိတ်မပျက်ပဲ ဆက်ပြီး အားပေးကြတဲ့ သူတွေကိုလည်း အရမ်း ကျေးဇူး တင်ပါတယ်
နောက်ကို ဆင်ခြင် ပါမယ် ...
သင်ဇာ့ကြောင့် စိတ်အပူတွေ ဖြစ်သွားတယ် ၊ အကုသိုလ်တွေ ဖြစ်သွားတယ် ဆိုရင် တောင်းပန် ပါတယ် " ဆိုပြီး ပြန်လည် ဖြေကြားခဲ့ ပါတယ် ... ။

Credit MC
LoveShortNotes

No comments

Powered by Blogger.