သဝန်တိုခြင်းနဲ့ အချစ် 💖
______________
သဝန်တိုတယ် ဆိုတာ ချစ်ပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တကယ်တော့ မိမိ အတ္တအတွက် တဖက်သားကို ချုပ်ချယ်ခြင်း တမျိုးပါ...။
မိမိ ချစ်သူရဲ့ အချစ်တွေ အကုန်လုံး မိမိ တစ်ယောက်ထဲ သိမ်းပိုက်ချင်တယ် ဆိုပေမယ့် အကြောင်းအကျိုး ဆင်ခြင်မှုမရှိပဲ နေရတကာ လိုက်ပြီး သဝန်တိုနေမယ် ဆိုရင် ချစ်သူကို မွန်းကြပ် နေစေပါလိမ့်မယ်။
တကယ်က ကိုယ်ချစ်သူ သူများနောက် မပါသွားစေချင်ရင် ကိုယ်ပိုချစ်ပေးပါ။ ပိုပြီး တန်ဖိုးထား ဆက်ဆံပေးပါ။ ကိုယ်ချစ်သူ သူများနောက် ပါသွားမှာ စိုးလို့ စိတ်ပူတယ် ဆိုတိုင်း ရေရာ သေချာတဲ့ အကြောင်းအကျိုး ခိုင်လုံမှု မရှိပဲ နေရာတကာ သဝန်တိုနေမယ် ဆိုရင် တဖက်သားကို အနေခက် နေစေပါလိမ့်မယ်...။
သိပ်ချစ်လို့ ဆိုပေမယ့် ခဏခဏ ဟိုလူနဲ့ သဝန်တို ဒီလူနဲ့ သဝန်တိုနေခြင်းက တဖက်သားအတွက် အရှင်လတ်လတ် သတ်စားခံနေရသလိုပါပဲ။ မွန်းကြပ်စေသလို အချုပ် နှောင်ချနေတာမျိုး ဖြစ်နေတယ် ဆိုတာလည်း သတိပြုသင့်ပါတယ်...။
ကိုယ်ကိုတိုင်ကလည်း ချစ်သူအပေါ်မှာထားတဲ့ မိမိရဲ့ အထင်နဲ့အမြင်ကို သေသေချာချာ လေ့လာဆန်းစစ်ပြီးမှ သဝန်တိုပါ...။
မိမိရဲ့ မမှန်မကန် အမြင်တစ်ခုကြောင့် တဖက်သားကို စွတ်စွဲ မိသွားမယ်ဆိုရင် .. ကိုယ်အပေါ် သူတကယ်ချစ်ခင်မြတ်နိုးသူ ဆိုပါရင်.. မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်ခုအတွက်နဲ့ ကိုယ်ချစ်ရသူ နှလုံးသားလေး အနာတရ ဖြစ်သွားမှာဖြစ်ပြီး ချစ်သူနှစ်ဦး ချစ်လျှက်နဲ့ ကျောခိုင်းသွားရတဲ့အထိ လက်လွတ် ဆုံးရှုံးသွားရနိုင်ပါတယ်....
ဘာကြောင့်ပဲ သဝန်တိုပါစေ ၊ လူတိုင်းဟာ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား ၊ သိက္ခာတရားနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါးခံရတဲ့ အခါတိုင်း လူတိုင်းဟာ နာကျင်ခံစား ရတတ်ကြပါတယ်...။
လေးစားလျှက်... ✏ Ko Ko
Post a Comment