ယွကျားလေးများအတွက် မိန်းမနိုင်နည်း 😋
____________
၁ - ဘယ်တော့မှ ဦးစားမပေးပါနဲ့... မနက်စာ ပြင်ဆင်တဲ့အခါမျိုး ကိုယ်တိုင်ထ' လုပ်ပစ်လိုက်ပါ
၂ - စကားကို တစ်ခွန်းထက် ပိုမပြောပါစေနဲ့ " မောင် ... ဒါလေးဝယ်ပေးနော် " လို့ပြောရင် ထပ်အပြောမခံပါနဲ့
၃ - အစစ အရာရာ ကိုယ့်လက် ကိုယ်ခြေပဲ ဖြစ်နေပါစေ " အဝတ်လျှော် ၊ မီးပူတိုက် ၊ အိမ်သန့်ရှင်းရေးက အစ ကိုကို တာဝန်ယူမယ် "
၎ - ကိုယ့် စကားတစ်ခွန်းပဲ ဖြစ်နေပါစေ " ချစ် ... သွားနားနေလိုက်နော် "
၅ - ဘယ်တော့မှ အကောင်းမပြောပါနဲ့ " ချစ်လက်ရာ မကြိုက်ဘူး ကိုကိုပဲချက်မယ် "
၆ - အရာရာ အလိုမလိုက်ပါနဲ့ " သွား ... လာမနှိပ်ပေးနဲ့ "
၇ - အမြဲတမ်း ရှေ့က ဦးဆောင်ပါ " အိမ်ပြင် ဈေးဝယ် မီတာခ ဆောင်တာမျိုးတွေ ကိုကိုပဲ ဦးဆောင်မယ် "
၈ - အိမ်ပြင် သိပ်မထွက်ပါစေနဲ့ " နေကြာစေ့စားချင် ကိုကိုပဲ သွားဝယ်ပေးမယ် "
၉ - ကိစ္စတိုင်း ကြိုအသိပေးစရာ မလိုပါဘူး " ချစ်ရဲ့ မွေးနေ့အတွက် လွန်ခဲ့တဲ့ လကတည်းက ဆွဲကြိုးလေးဝယ်ထားတာ "
မိန်းမယူစ ကြောင်သေမှတဲ့ ယောက်ျားတို့ ပါဝါ အကျမခံပဲ ထိုနည်းဖြင့် ပြတ်ပြတ်သားသား မိန်းမကို အနိုင်ယူနိုင်ကြပါစေ ... ။
( credit: Ko Lynn ) #PYM ☂️
Post a Comment