😃 တနင်္လာသားသမီး စိတ်နေစိတ်ထား
😃😃😃😃😃😃😃😃
- တနင်္လာ သားသမီး သတိုးသား ဖြစ်စေ၊ သတိုးသမီး ဖြစ်စေ စိတ်သဘောထား သိမ်မွေ့ နူးညံ့မည်။
- လူတစ်ဘက်သားကို ယဉ်ယဉ် ကျေးကျေး ပြောဆို ဆက်ဆံလိုစိတ် ရှိမည်။ တစ်ဖက်သား အပေါ် သနားညှာတာ ထောက်ထားတတ်သူ ဖြစ်၍ ဗြုန်းကနဲ မရက်စက်နိုင်ပါ။
- တည်တည်နေတတ်၊ ရိုးသားကာ၊ ပျော်ပျော် နေတတ်ပြိး မပြတ်သား တတ်ပါ။ အလွန် သံယောစဉ် ကြီးမားမည်။
- လူတစ်ဖက်သား အပေါ် ခင်မင်လိုစိတ်၊ တွယ်တာစိတ် ၊ကြင်နာစိတ်၊ သနားစိတ် များတတ်သည်။ လုပ်မိလျှင်လည်း လမ်းဆုံးတိုင် လုပ်လိုစိတ် ရှိပြိး လုပ်ပြိးမှ ပြန်သနား နေတတ်သည်။
- တနင်္လာတွေက အေးအေးနေပြိး ကိုယ်ဖာသာကိုယ် ဖာသိဖာသာ နေတတ်၊ မိမိအပျော်ကို မိမိဖာသာ ရှာတတ်သာ လူစားမျိုးပါ။ စိတ်ချမ်းသာသလို နေတတ်သည်။ ရှည်ရှည်ဝေးဝေး ဇီဇာ မကြောင်တတ်ပါ။
- တနင်္လာတွေက စိတ်နှလုံးကောင်း ၊စေတနာကောင်း၊ သူများပေါ် အထူးကောင်း တတ်သည်။ ကိုယ်အပေါ်တွင် မည်သို့ မကောင်းသော်လည်း မိမိက ကောင်းစိတ် ရှိတတ်သည်။
- တနင်္လာတွေက ဖြတ်ထိုးဥာဏ် ကောင်းမည်၊ ပညာမဲ့သူဖြစ်လျှင် တစ်ခုခုကို မြင်ရုံနှင့် တတ်မည်၊ ဖြတ်ထိုးဥာဏ် ရှိတတ်သည်။
- တနင်္လာတွေက စိတ်ထက်မြက်မည်၊ မဟုတ်မခံစိတ် ရှိမည်၊ မျိုးချစ်စိတ် ရှိမည်။ မကြာခဏ စိတ်လိုက်မာန်ပါ လုပ်တတ်ပြိး နောင်တရ တတ်သည်။
- တနင်္လာက စိတ်ထားရိုး၍ လူရိုးစိတ်တို သဘောမျိုး၊ မမှန်တာ မလုပ်ပါ။ မိမိကို မဟုတ်တာ မမှန်တာ လုပ်လျှင်လည်း မကျေနပ်ပါ။ စိတ်ဆိုးလွယ်ပြိး စိတ်ပြေလည်း လွယ်ပါသည်။
- မည်မျှ အသက်ကြီးသူ ဖြစ်စေ၊ ရာထူးဂုဏ် ကြီးသူဖြစ်စေ၊ တနင်္လာ၏ စိတ် အမြဲတမ်း ကလေး ဆန်နေမည်။
- တနင်္လာက ငွေကြေး ကပ်စေးနည်း၍ စည်းကမ်း ရှိသော်လည်း၊ လူတစ်ဖက်သားကို အလွန် သနားလွယ်သဖြင့် လက်လွယ် နေတတ်သည်။
- တနင်္လာတွေက အပေါင်းအသင်း များတတ်သည် ၊ပြေပြေပြစ်ပြစ် စကားပြောဆို ဆက်ဆံတတ်၍ မိမိကို လူတိုင်းက သဘောကျတတ်သည်။ အနစ်နာ ခံစရာရှိရင်လည်း အနစ်နာ ခံတတ်သည်။ ကျွေးမွေးစိတ် ရှိလျှင် မိမိက ဒိုင်ခံကျွေးမွေးလိုစိတ် ရှိတတ်သာ တနင်္လာပါ။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
- တနင်္လာ သားသမီးများ မင်္ဂလာအပေါင်းနှင့် ပြည့်ကြပါစေခင်ဗျာ။
✋ဗေဒင် နှင့် လက္ခဏာ
👉Creadit..🏆ဆရာမင်းသူရ 📲Ph-09 45 647 1357
Post a Comment