Header Ads

ရည်းစားဟောင်း ကိုယ့်ဆီပြန်လာစေရန် အချက် (7) ချက်


တခါတလေမှာ နှစ်ယောက်သား ချစ်ကြရက်နဲ့ အကြောင်း အမျိုးမျိုးကြောင့် လမ်းခွဲ လိုက်ရတာ မျိုးတွေ ရှိပါတယ် ။

ပြီးပြည့်စုံတဲ့ ချစ်သူ ရည်းစား ဆက်ဆံရေးမျိုးကို ရဖို့တော့ မလွယ်လှ ပါဘူး ။ တခါတလေမှာ အဖုအထစ်လေးတွေ ရှိနိုင်ပါတယ် ။

နှစ်ဦးသား ချစ်နေကြရဲ့သား နဲ့ အကြောင်း အမျိုးမျိုးကြောင်း လမ်းခွဲရတာ တွေတောင် ရှိပါတယ် ။

ကိုယ်ချစ်ရသူနဲ့ ပြတ်စဲသွားတဲ့ အခါ သူ့ကို ကိုယ့်အနား ပြန်လာစေချင် သူ တွေလည်း ရှိမှာပါ ။

သင့် ဆီကို သင့်ချစ်သူဟောင်း စိတ်လည်ပြီး ပြန်ရောက်လာ စေဖို့ ကူညီ ပေးနိုင်တဲ့ အချက် ၇ ချက် ရှိပါတယ် ။ အဲ့ဒါတွေကတော့ ...

1) သူနဲ့ မျက်နှာချင်းဆိုင် တွေ့ပြီး ပြောပြပါ ။ ဖုန်းနဲ့ သွား ရှင်းမပြ ပါနဲ့ ။

2) လွမ်းကြောင်း ပြောပါ ။ မတွေ့ရတဲ့ အချိန်တွေမှာ သူ့ကို ဘယ်လောက်လွမ်းကြောင်း ပြောပေးပါ ။

3) သူငယ်ချင်းတွေကို အသုံးချပါ ။ သူ့ သူငယ်ချင်းတွေ ကိုယ့် သူငယ်ချင်းတွေ ကြားထဲမှာ ပြန် ဆက်သွယ်ပါ ။

4) တောင်းပန်လိုက်ပါ ။ ကိုယ့်ဘက်က ချစ်တယ် ဆို တောင်းပန်ဖို့ ဝန်မလေး ပါနဲ့ ။

5) ပြောင်းလဲ လိုက်ပါ ။ သူ မကြိုက်တဲ့ အရာတွေ ပြောင်းလဲ လိုက်ပါ ။

6) ရိုမန်တစ် ဆန်ပြ လိုက်ပါ ။ ရိုမန်တစ် ဆန်ဆန် ချစ်တဲ့သူကို ဘယ်သူက မကြိုက်ပဲ နေမှာတဲ့လဲ ။

7) အရင်တုန်းက ရိုမန်တစ် ဆန်ဆန် ရှိခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို ပြန်ပြောပါ ။ စိတ်ညစ်ညူး ခဲ့ရတဲ့ အကြောင်းတွေကိုတော့ ပြန်မပြော ပါနဲ့ ။

Witty

No comments

Powered by Blogger.