ခပ်ဆိုးဆိုး ကောင်လေးတွေကို မိန်းမတွေ ဘာကြောင့် သဘောကျတာလဲ
မိန်းခလေးတွေကို ခပ်ဆိုးဆိုး ပုံစံနဲ့ ကြမ်းကြမ်း တမ်းတမ်း ရှိတဲ့ အမျိုးသားတွေက အမှန်တကယ် ဆွဲဆောင်နိုင် တာကို လေ့လာ တွေ့ရှိချက် အသစ် တခု အရ တွေ့ရှိခဲ့ ပါတယ် ။
စိတ်ပညာရှင်တွေရဲ့ အဆိုအရ Wuther Heights ထဲက ဇာတ်ကောင် ဖြစ်တဲ့ စိတ်ဆိုး ဒေါသထွက်နေတတ်တဲ့ Heathcliff ကနေ အန္တရာယ်များတဲ့ ဂျိမ်းစဘွန်း ဇာတ်ကောင်တွေကို ကြိုက်ကြတဲ့ အကြောင်းက သူတို့ရဲ့ ခပ်ဆိုးဆိုး ပုံစံတွေကြောင့် ဖြစ်ပါတယ် လို့ ဆိုပါတယ် ။
အကြောင်းအရင်း ကတော့ ကိုယ့်အဖော် ဖြစ်သူက စိတ်ဓာတ် ကြံ့ခိုင်ပြီး ယုံကြည်မှု ရှိတဲ့သူ ဖြစ်ရင် ကိုယ့်ကလေးရဲ့ ဖခင်ကောင်း တယောက် ဖြစ်နိုင်တယ် ဆိုတဲ့ အခြေခံ စိိတ်ဆန္ဒကြောင့် ဖြစ်ပါတယ် ။
Evolution and Human Behavior ဂျာနယ်ရဲ့ အဆိုအရ ယောက်ျားတွေမှာ တကိုယ်ကောင်း ဆန်တဲ့၊ ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့ စိတ်ထားကို ပြနိုင်တဲ့ မျက်နှာ သွင်ပြင်မျိုး ရှိတတ် ပါတယ်တဲ့ ။
အများအားဖြင့် ဦးခေါင်းခွံ ကြီးကြီး ၊ မေးရိုး ခိုင်ခိုင်နဲ့ နှာခေါင်း ချွန်ပြီး မျက်လုံး အကြည့် စူးရှတဲ့ ပုံစံတွေ ဖြစ်ပါတယ် ။ သားသမီး လိုချင်တဲ့ အမျိုးသမီးတွေက ဒီလို မျက်နှာ သွင်ပြင် ရှိတဲ့ သူမျိုးကို နှစ်သက်ကြ ပါတယ် ။
ဒါကတော့ သတ္တဝါတွေရဲ့ သဘာဝ ရွေးချယ်မှုလိုပဲ ဒီပုံစံမှာ ကြံ့ခိုင်သန်စွမ်းတဲ့ မျိုးဗီဇ၊မာကြောတဲ့ စိတ်ဓာတ်နဲ့ ပြည့်စုံတဲ့ ခန္ဓာကိုယ် ကျန်းမာရေးရှိမယ်လို့ ယုံကြည်တာကြောင့်ဖြစ်ပါတယ် ။
အင်္ဂလန်နိုင်ငံရှိ လီဗာပူးတက္ကသိုလ်က ပညာရှင် များနဲ့ ပိုလန်၊ ဖင်လန် နိုင်ငံက ပညာရှင်တွေက အရွယ်ရောက် အမျိုးသမီး ၂၃၇၀ ကို ၄င်းတို့ကို ဆွဲဆောင် နိုင်တဲ့ ယောက်ျားတွေရဲ့ ပုံစံကို ကွန်ပျူတာ ပုံတွေကို အသုံးပြုပြီး စစ်တမ်း ကောက်ယူခဲ့ ပါတယ် ။
စိတ်ထင်ရာ စိုင်းတတ်တဲ့ ၊ တကိုယ်ကောင်း ဆန်တဲ့ ပုံစံ ရှိတဲ့ ယောက်ျားတွေကို သဘောကျတဲ့ သူတွေ ရှိကြောင်း တွေ့ရှိခဲ့ကြ ပါတယ် ။
အမျိုးသမီးတွေက တကိုယ်ကောင်း ဆန်တဲ့ ခပ်ဆိုးဆိုး ခပ်မိုက်မိုက် ပုံစံ အမျိုးသားတွေကို သဘောကျရခြင်း အကြောင်းရင်းက မျိုးပွားခြင်း ဆိုင်ရာ အောင်မြင်မှုနဲ့ ဆက်စပ် နေပြီး ဒီလို အမျိုးသားတွေကို ကြိုက်တဲ့ အမျိုးသမီးတွေက တခြား အမျိုးသမီးတွေထက် သားသမီး 5.17 % ပိုများတာကို တွေ့ရှိရပါတယ်လို့ သုတေသီများက ဆိုပါတယ်။
Trend Myanmar
Post a Comment