Header Ads

အင်္ဂါ သားသမီးများအတွက် ဒီတစ်ပတ် ဆောင်ရန် ရှောင်ရန်


အင်္ဂါ သားသမီးများဟာ ဒီ တပတ် လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး အောင်မြင် လိုသော ကိစ္စများ အတွက် တနင်္လာ သားသမီး များနှင့် တိုင်ပင် ဆောင်ရွက်ရမယ့် အချိန် ကာလပါ ။

အင်္ဂါ သားသမီးများဟာ ယခု ရက်ပိုင်း အတွင်း အဘက်ဘက်က ကံတွေ လာဘ် လာဘတွေ ပွင့်လန်းနေတတ် ပါတယ် ။

ဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေ၊ ပစ္စည်း ဥစ္စာတွေ ၊ အခွင့်အရေးတွေ ပြန်ရ တတ်တဲ့ အချိန်ကာလပါ ။ စပ်တူ ရှယ်ယာ အလုပ်များ အကျိုးမပေးသေး ပါဘူး ။

အလှကုန် ရောင်းသူတွေ အဆင် ပြေတတ်တဲ့ ကာလပါ ။ အလုပ်အကိုင် တွေ တိုးချဲ့မယ်ဆိုရင် ဒီရက်ပိုင်း တိုးချဲ့သင့် ပါတယ် ။ ငွေကံ ကောင်း နေတတ် သလို အတိုက်အခိုက်လည်း ရှိပါတယ် ။

ဒီကာလအတွင်း မိသားစု အတွင်းအလှူအတန်းလုပ်ရတာ တွေကြုံရတတ်ပါတယ် ။ ဒီရက်ပိုင်းမှာ ပြည်တွင်း ပြည်ပ ခရီးတွေ အဆင်မပြေ ဖြစ်တတ်ပါ တယ်။

ရောဂါဟောင်းတွေ ပြန်ထတတ် သလို ၀မ်း ၊ ဆီး ၊ အာရုံကြော ရောဂါတွေ ဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ် ။

ပညာရေး ကတော့ လုပ်ငန်းခွင် အတွင်း စာမေးပွဲ ရာထူး စာမေးပွဲ ဖြေဆိုထား သူများ ရည်မှန်းချက် ပြည်စုံပါမယ်။

အိမ်ထောင်ရှင်များ စိတ်က သိက အောင့်ဖြစ်စရာ တွေ့ရတတ် ပါတယ် ။ ငယ်ရွယ်သူများ မထင်မှတ်ဘဲ ပျော်ရွှင်စရာ ကြုံရ ပါလိမ့်မယ် ။

ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန် ။    ။ နံနက် နေမတက်မီ ဒိဝါတပတိ ဂါထာကို နေထွက်ရာဘက် ဦးတည်ကာ ကိုးခေါက် တိတိ ယုံယုံ ကြည်ကြည် တပတ်လုံး ရွတ်ဆိုပါ ။

အလုပ် ရရှိရန် အခက်အခဲ ဖြစ်နေသူများ ။     ။ ယခု တပတ်အတွင်း ရွှေတိဂုံ ဘုရားအောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ ဘုရားအား အောင်သပြေ ၉ ညွှန့် ကပ်လှူကာ လိုရာ ဆုတောင်းပါ။

ပြည်ပ ထွက်ခွာလိုသူများ ။     ။ နံနက် စောစော တန်းဆွမ်း ကြွလာသည့် သံဃာတော်များကို ဆွမ်းလောင်းပါ။

လူမှုရေး အတိုက်အခံ များသူများ ။     ။ စေတီရင်ပြင်တွင် မေတ္တာသုတ်ရွတ်၍ သန့်ရှင်းရေးလုပ်ပြီးလျှင် ဆီမီးပူဇော်ပေးပါ။

ကျန်းမာရေး မကောင်းသူများ ။      ။ နံနက်ဘက်ထ၍ အိမ်ရှေ့လမ်းအား သန့်ရှင်းရေးလုပ်ပြီး ခို၊စာကလေးများကို အစာကျွေးပါ။

အိမ်ထောင်ရေး ၊ နှလုံးသားရေး အဆင် မပြေသူများ ။     ။ နေအိမ်နှင့် အိပ်ခန်း အတွင်း ကြည့်မှန် အဟောင်း များ ၊ အကွဲများရှိပါက လွှင့်ပစ်ပါ ။ ဒီရက်ပိုင်း ချစ်သူနှင့် တွေ့ရန် သွားသည့် အခါတိုင်း ရေမွှေး ဆွတ်သွားပါ။

ထီကံကောင်းလိုသူများ ။     ။ လမ်းထိပ်ထီဆိုင်တွင် အင်္ဂါနေ့နံအက္ခရာဖြင့် စကာ ၂ /၃ ဂဏန်းများများပါသည့် ထီလက်မှတ်ကို ရွေးထိုးပါ။

OpinionLeaderMedia

No comments

Powered by Blogger.