Header Ads

သင့်ချစ်သူကောင်မလေး ဖောက်ပြန်နေပြီလား ဆိုတာ သိနိုင်တဲ့ အချက် (7) ချက်


သင့်ချစ်သူ ကောင်မလေး တခြားသူနဲ့ ဖောက်ပြန်နေတယ်လို့ ခံစားမိနေ ပါသလား ? ဖောက်ပြန်နေတယ်ဆို သင် ဘယ်လိုလုပ်မယ် စီစဉ်ထားသလဲ ? အရမ်းကြီးတော့ ဝုန်းဒိုင်း မကြဲပါနဲ့ ။ အဲဒါက ထင်မြင်မှုလေး ရယ်ပါ ။

တကယ်လို့ သင့်ချစ်သူဟာ တခြား တယောက်နဲ့ ဖောက်ပြန်နေရင် အဲဒါကို ဖုံးကွယ်ထားဖို့ သူမ ကြိုးစား ပါလိမ့်မယ် ။ ဒါပေမယ့်လည်း လုံးဝ ဖုန်းကွယ်လို့ မရတဲ့ အချက်တွေ ရှိပါသေးတယ် ။

တကယ်လို့ သင့်ချစ်သူ ကောင်မလေးက အောက်ပါ လက္ခဏာတွေ ထဲက တခုခုကို ပြနေရင် သင်တို့ ချစ်ဇာတ်လမ်းဟာ တခုခုတော့ မှားနေပါပြီ ။

1) အလှ ပိုပြင်လာတာ

သင်က သင့်ချစ်သူကို ဒီတိုင်းလေးလဲ လှပါတယ်လို့ အခေါက် တထောင်ပြောနေလဲ သူမ ဂရုမစိုက်တော့ပါဘူး ။ ရုတ်တရက်ကြီး အလှတွေ ပိုပြင်လာရင် နောက်တယောက်ကို မြှုမလို့ ဖြစ်နိုင် ပါတယ် ။ သင့် ကောင်မလေးက သင့်ကို လုံးဝဖောက်ပြန်မှာ မဟုတ်ဖူးလို့ မျက်ကန်း မယုံပါနဲ့ ။ ဆုံးဖြတ်ချက်လည်း အမြန် မချပါနဲ့ ။ သေချာ လေ့လာ စောင့်ကြည့်ပါဦး ။

2) သင့်ကို အနားမှာ မရှိစေချင်တော့တာ

သင့်ချစ်သူ ကောင်မလေးက သူမ ကို လာကြိုဖို့ ဖုန်းဆက် မခေါ်တော့ ပါဘူး ။ သင် လာခေါ်မယ် ပြောတိုင်း အကြောင်းပြချက် မျိုးစုံနဲ့ ငြင်းဆိုတတ် ပါတယ် ။ သူမ ကိုယ်တိုင် အလုပ် အားလုံးကို လုပ်နေပြီး သင်တို့ အနာဂါတ် အကြောင်း မဆွေးနွေးတော့ ပါဘူး ။ အဲဒါဟာ သူမ သင့်ကို မလိုတော့ကြောင်း အချက်ပြနေတာပါ။

3) ချစ်စကားလေးတွေ မပြောဖြစ်တော့တာ

သင်တို့ နှစ်ယောက် တီတီ တာတာ ချစ်တဲ့ အကြောင်းတွေ ပြောခဲ့ကြတဲ့ နောက်ဆုံး အချိန်ကို မမှတ်မိတော့ ပါဘူး ။ သင်က အဲဒိလို ပြောဖို့ စကား စလိုက်တိုင်း သူမက လမ်းကြောင်း လွှဲပစ်တတ် ပါတယ် ။ အဲဒါမျိုးဆို ဂရုစိုက်ပါတော့ ။

4) သင့် မိသားစုနဲ့ သူငယ်ချင်းတွေကို ရှောင်နေတာ

သင့်ချစ်သူ ကောင်မလေးဟာ သင့်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို အတွေ့ မခံရဲ တာဟာ ဖောက်ပြန်သူတွေရဲ့ သဘာဝပါ ။ သူမဟာ အချိန်တိုင်း သူ့ဘာသာ ပြန် ခြောက်လှန့် ခံနေရပြီး သင့် အသိုင်းအဝိုင်းနဲ့ တွေ့တိုင်း စိတ်ဝေဒနာ ခံစားနေရ ပါတယ် ။

5) သူငယ်ချင်းဟောင်း တယောက် သူမ ဘဝထဲ ကို ဝင်ရောက်လာတာ

သူမရဲ့ တက္ကသိုလ်က ၊ ကောလိပ်က ၊ အလုပ်အကိုင်က သူငယ်ချင်း တယောက် သူမနဲ့ သင်ရဲ့ စကားဝိုင်းထဲကို ဝင်လာတတ် ပါတယ် ။ ဒါပေမယ့် သင်က အဲဒိကောင် အကြောင်း စပ်စု လိုက်တိုင်း သူမက စကားလမ်းကြောင်း လွှဲ ပြီး ငြင်းဆိုတတ် ပါတယ် ။

6) သူမ အချိန်ဇယား ချိန်းသွားတာ

သူမ မှာ အရေးကြီးတဲ့ လျှို့ဝှက်ချက် တခု ရှိရင် သူမ အချိန်ဇယား ပြောင်းလဲသွား ပါလိမ့်မယ် ။ နားရက်တွေမှာ ရုပ်ရှင် မကြည့်တော့ ပါဘူး ။ သူမရဲ့ အချိန်ဇယား ထဲမှာ သင့်အတွက် နေရာ လျော့နည်းသွား ပါလိမ့်မယ်။

7) ဖြောင့်ဖြောင့် တန်းတန်း အဖြေ မပေးပါဘူး

သင်မေးတဲ့ ရှင်းရှင်း လင်းလင်း မေးခွန်းလေးကို မဖြေတာ ၊ နှစ်ခေါက်မေးမှ ပြန်ဖြေတာ ၊ အဲဒါမျိုးဆိုရင် သတိထားပါ ။ အဲဒါဟာ စိတ်က လိမ်ဖို့ အကွက် ရှာနေတာပါ ။ တကယ်လို့ သင့်ကောင်မလေးကို အလုပ်ပြန်ဘာလို့ နောက်ကျတာလဲ ဆိုတာလို မေးခွန်း ရှင်းရှင်းလေး မေးတာတောင် သူမက ရန်လုပ်လာရင် သတိထားပါတော့ ။

အပေါ်က အချက် တချို့ ပြနေတိုင်းလဲ သူမ ဖောက်ပြန်မနေနိုင် ပါဘူး။ အဲဒါကြောင့် လုပ်ပြီးမှ နောင်တမရအောင် သေချာ စဉ်းစား ဆုံးဖြတ်ပါ ။

Credit

No comments

Powered by Blogger.