သင့်ကောင်မလေး ပျော်ဝင်သွားစေမယ့် ရိုဆန်တဲ့ အပြုအမူလေးများ
1) သူမရဲ့ မွေးနေ့တို့ ၊ နှစ်ပတ်လည်နေ့ တို့ကို မေ့ချင်ယောင် ဆောင်ထားပြီး ဘာတွေ စီစဉ်ထားတယ် ဆိုတာကို အချိန်နီးမှ ဖွင့်ပြောပါ ။
2)သူမကို အကြင်နာ ပေးတဲ့ အချိန်တိုင်း မျက်နှာလေးကို လက်နှစ်ဖက်နဲ့ တယုတယ ကိုင်ထားပါ ။
3) သူမရဲ့ဆံနွယ်လေးတွေနဲ့ ကစားပါ ။ ဒါက ရှုပ်ထွေးတဲ့ အလုပ် မဟုတ်ပါဘူး။ သူမရဲ့ ဦးခေါင်းနဲ့ ဆံနွယ်လေးတွေကို ပွတ်သပ် ကျီဇယ် ပေးရုံ ပါပဲ ။
4) ညစာကို ဘယ်မှာ စားချင်သလဲ ဆိုတာကို သူမကို မေးနေမယ့် အစား သူမ ကြိုက်တတ်တာလေးကို စဉ်းစားပြီး ရွေးချယ်ပါ ။ ဒါမှမဟုတ် သွားစားချင်တဲ့ နေရာသုံးခု ပြောပြပြီး သူမကို ရွေးခိုင်းပါ ။ နှစ်ဦးစလုံး အတွက် အကောင်းဆုံး ပါပဲ ။
5) အတူတူ အိပ်မယ် ဆိုရင် သူမ ရေချိုးနေတုန်း အိပ်ယာကို ခင်းပေးထားပါ။
6) အလုပ်ပိတ်ရက်မှာ သူမ လုပ်စရာ ကိစ္စတွေ ထဲက တခုခုကို ကူလုပ်ပေးပါ ။ ဟင်းချက်စရာ သွားဝယ်ပေးတာပဲ ဖြစ်ဖြစ် ၊ အသေးအမွှား ကိစ္စလေးပဲ ဖြစ်ဖြစ် လုပ်ပေးပါ။
7) သင်နဲ့ အတူ ညဖက် အပြင်ထွက်လည် ချိန်မှာ ဒေါက်ဖိနပ် အလန်းလေး စီးလာတယ် ဆိုရင် အိမ်ပြန်ဖို့အတွက် တက္ကစီငှားဖို့ မမေ့ပါနဲ့။
8) သူမ ခရီး တခုခု သွားဖို့ ရှိရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘာအကြောင်းမှ မရှိပဲနဲ့လည်း ဝတ်လို့ကောင်းပြီး ချစ်စရာကောင်းတဲ့ ညဝတ်အင်္ကျီ တစ်ထည်လောက် လက်ဆောင် ပေးလိုက်ပါ။
9) အခြားသူတွေရှေ့ မျှော်လင့် မထားတဲ့ အချိန်မှာ သူမကို ကြင်နာကြောင်း ဖော်ပြတဲ့ အနေနဲ့ တယုတယ ပွေ့ဖက်ပါ ။
10) ဘာအလုပ်မှ မလုပ်ပဲ နှစ်ယောက် အတူ အိမ်မှာ ဇာတ်လမ်းကြည့် ၊ စားသောက် ဖွယ်ရာတွေ မှာစားတာ ဒါမှမဟုတ် အပြင်လျှောက်လည်တာမျိုး တရက်လောက်တော့ လုပ်ဆောင်ပါ ။
11) သူမကို အကြင်နာ ပေးတဲ့ အချိန်တိုင်း မျက်နှာလေးကို လက်နှစ်ဖက်နဲ့ တယုတယ ကိုင်ထားပါ ။
12) သူမ ကြိုက်တဲ့ ပစ္စည်းလေးတွေ ၀ယ်ပေးပါ ။ ဈေးကြီးပြီး စိတ်ကူးယဉ် ဆန်စရာ မလိုပါဘူး ။ လက်သည်းအရောင်တင် ဆီ ပဲ ဖြစ်ဖြစ်၊ ဒီဇိုင်း ဆန်းဆန်းနဲ့ တီရှပ် တထည်ပဲ ဖြစ်ဖြစ် သူမ ကြိုက်မယ် ထင်တဲ့ ပစ္စည်းလေးတွေ ၀ယ်ပေးရင် ဖြစ်ပါတယ် ။
13) သူမ အလှပြင်တာကို ကူညီပေးကြည့်ပါ ။ သင်လုပ်တတ်စရာ မလိုပါဘူး။ နှစ်ဦးစလုံး ပျော်ရဖို့ သက်သက်ဖြစ်ပါတယ် ။ ဒါမှမဟုတ် သင့်ကို ပြင်ခိုင်း ကြည့်ပါ ။
14) နှစ်ယောက်စလုံး ကြိုက်တဲ့ ရုပ်သံ အစီအစဉ် တခုခုကို ကြည့်ရင်း အချိုပွဲ စားပါ။ နှစ်ယောက်စလုံး ကြိုက်တဲ့ ရုပ်သံ အစီအစဉ်တစ်ခုကို ပုံမှန် အတူ စောင့်ကြည့်ပါ။
15) သူမ ကြိုက်တတ်တဲ့ ဖျော်ရည်အတွက် လိုအပ်တာတွေ ၀ယ်ထားပြီး အတူတူ ဖျော်သောက်ပါ ။
16) အလုပ်ပိတ်ရက်မှာ လုပ်လို့ရတဲ့ ပျော်စရာကိစ္စတွေကို စာရင်း လုပ်ထားပါ။ သောကြာနေ့ နံနက်မှာ သူမဆီကို Message ပေးပို့ပြီး တခု ရွေးခိုင်းပါ ။
17) ကိစ္စအသေးလေးတွေက အစ ဂရုစိုက်ပါ ။ နှစ်လိုဖွယ်ရာကောင်းတဲ့ ဂရုစိုက်မှုမျိုး ဖြစ်သင့်ပါတယ်။ ထိန်းချုပ်တာမျိုး မဖြစ်သင့် ပါဘူး။ ဥပမာ မိုးရွာခါနီး အပြင်သွားမယ် ဆိုရင် ထီးယူသွားဖို့ သတိပေးတာမျိုး ဖြစ်ပါတယ်။
18) သူမ အတွက် နေ့လည်စာ ပြင်ဆင်ပေးပါ။ အလုပ်ကို နေ့လည်စာ သွားပို့ပေးတာမျိုး လုပ်လို့ ရပါတယ် ။
19) ဘာအကြောင်းမှ မရှိလည်း သူမ ကျောပြင်ကို ပွတ်သပ်ပေးပါ။
20) အရေးကြီး အလုပ်ကိစ္စ တခု လုပ်ပြီး သူမအိမ်ပြန်လာချိန်မှာ သူမ ကြိုက်တတ်တဲ့ စားစရာ တခုခု မှာကျွေးတာ ဒါမှမဟုတ် ချက်ကျွေးတာမျိုး လုပ်ပေးပါ။
Gentlemen
Post a Comment