ချစ်သူသက်တမ်း (9) နှစ်ရှိပေမယ့် လက်မထပ်ဖြစ်သေးတဲ့အကြောင်း ပြောလာတဲ့ Bobby Soxer
အဆိုတော် ချစ်သူစုံတွဲ နှစ်ယောက်ဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer ( ထက်ထက် ) တို့ကိုတော့ ပရိသတ်ကြီးနဲ့ မစိမ်းဘူး ထင်ပါတယ် ။
အချစ် သီချင်းလေးတွေ ၊ မြူးမြူး ကြွကြွ သီချင်းလေးတွေ နဲ့ ပရိသတ်အားပေးမှု အခိုင်အမာ ရထားတဲ့ သူတို့ စုံတွဲ နှစ်ယောက် ကတော့ အပြင်မှာလည်း လူတကာ အားကျလောက်တဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ် ။
သူတို့ရဲ့ ချစ်သူ သက်တမ်းက ၉ နှစ်တောင် ရှိနေပြီ ဖြစ်ပီး bobby Soxer ( ထက်ထက် ) ကတော့ သူတို့နှစ်ယောက် အနေနဲ့ ဒီလို ချစ်သူ သက်တမ်း အကြာကြီး ဖြစ်နေရတဲ့ အကြောင်းရင်းကို ပြောပြသွားခဲ့ပါတယ် ။
လွှမ်းပိုင်နဲ့ ပတ်သက်ပီး ကြွေ ဇာတ်ကားထဲမှာ Romantic ဆန်သလို အပြင်မှာလည်း Romantic ဆန်လား ဆိုတဲ့ မေးခွန်းမှာတော့ ထက်ထက်က..
" အပြင်မှာတော့ အဲ့လိုမျိုးကြီးတော့ မရှိပါဘူး။ သူကိုယ်တိုင်ကလည်း Romantic ဆန်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး "
ကြွေဇာတ်ကားနဲ့ ပတ်သက်ပီး လိုအပ်ချက်တွေကို ထက်ထက်ကတော့..
" ညီမအနေနဲ့ ကတော့ ရုပ်ရှင်နဲ့ ပတ်သက်ပြီး သိပ်မသိတာကြောင့် ပြောတော့ မပြောတတ်ပါဘူး... ကြည့်လိုက်တဲ့ ရုပ်ရှင်ပေါ်မှာကြည့်ပြီး ဒီကားက ဘယ်လိုလေးဖြစ်တယ် .. ဒီလောက်ဘဲ သိပါတယ်.. အခု ဒီကားဆိုရင် Entertainment ဖြစ်တယ်ပေါ့ .. ကြည့်လိုက်ရင် ပြောဖို့ ကောင်းတယ်ပေါ့ "
နှစ်ယောက်တွဲ သီချင်းတွေ ထပ်ထွက်ဖို့ ရှိသေးလား ဆိုတဲ့အပေါ်မှာ...
" အဲ့ဒါကတော့ ရှိပါတယ် ... အမြဲတမ်း ကြီးတော့လည်း လုပ်မယ် လုပ်မယ်လို့ မစဉ်းစားထား သေးဘူးပေါ့နော် ... လုပ်ထားတဲ့ သီချင်းတွေကလည်း များနေတော့ မတူအောင် လုပ်ရတာပေါ့ ... အဲ့တော့ စဉ်းစားရတာ များပါတယ် ... ညီမအနေနဲ့တော့ ဒီနှစ်ထဲမှာ အခွေသစ်ထွက်ဖို့ ရှိပါတယ် ... ထွက်ခါနီးကြရင်တော့ ညီမအသေးစိတ် ပြောပြပေးပါမယ် ... ကြားထဲမှာတော့ လုပ်စရာရှိတာတွေ လုပ်နေရတော့ ကြာနေတာပါ ... "
ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး သီချင်းတွေနဲ့ဘဲ ရှေ့ဆက်စေချင်လား သရုပ်ဆောင်အနေနဲ့ ရှေ့ဆက်စေချင်လားဆိုတဲ့ မေးခွန်းကိုတော့ ထက်ထက်က..
" နှစ်ခုလုံးပါဘဲ ... ပရိသတ်အားပေးရင် အားပေးတဲ့ဟာကို ဖြစ်စေချင် ပါတယ် "
ချစ်သူ သက်တမ်း ကြာလာတာနဲ့ ပတ်သက်ပြီး...
" ညီမတို့ ကြိုက်လာတာကတော့ ၉ နှစ်ရှိပါပြီ ... ယူတော့ မယူဖြစ်သေး ပါဘူး.. ဘာလို့လဲ ဆိုတော့ ငယ်သေးတယ်လေ ... ညီမတို့က ငယ်ငယ်လေးထဲက ကြိုက်တာ ဆိုတော့ ... အဓိကကတော့ တယောက်နဲ့ တယောက်နားလည်နေဖို့ ပါဘဲ ... ညီမကို အားပေးနေတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် " ဟု ပြောသွားခဲ့ ပါတယ်။
Post a Comment