Header Ads

ဗုဒၶဟူး သားသမီးမ်ားအတြက္ ဒီတစ္ပတ္ ေဆာင္ရန္ ေရွာင္ရန္မ်ား


ဒီတစ္ပတ္ အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြ ကုိယ့္ဘက္မွာ ရွိေနသလုိ ကံတရားကလည္း ကုိယ့္ဘက္ေရာက္ေနတဲ့ အခ်ိန္အခါပါ။

လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လုိတဲ့ ကိစၥမ်ားအတြက္ တနဂၤေႏြ သားသမီးမ်ားႏွင့္သာ တုိင္ပင္ေဆာင္ရြက္သင့္ပါတယ္။

စက္ပစၥည္းနဲ႔ ပတ္သက္တဲ့ လုပ္ငန္းေတြ လုပ္ဖုိ႔ အခ်ိန္အခါေကာင္း ျဖစ္သလုိ အိမ္ၿခံေျမ လုပ္ငန္းသမားေတြ စိတ္ခ်မ္းသာရမယ့္ အခ်ိန္ကာလပါ။ ဒါေပမယ့္ စပ္တူကိစၥေတြ၊ လူမ်ဳိးျခားနဲ႔ တြဲလုပ္ရမယ့္ ကိစၥေတြကေတာ့ ေရွာင္ပါဦး။

ဘုရားဖူး ခရီးေတြ၊ ျပည္ပခရီးေတြ သြားရတတ္သလုိ အလွဴအတန္းလည္း လုပ္ရတဲ့ အခ်ိန္ကာလပါ။ ေနရာထုိင္ခင္းနဲ႔ အေမြ ကိစၥေတြမွာေတာ့ ဒီရက္ပုိင္း မလုပ္ပါနဲ႔။

ပညာေရး ကံကေတာ့ သင္တန္းနဲ႔ ရာထူးတုိးအတြက္ အားထည့္မယ္ ဆုိရင္ သင္လုိရာ ခရီးကို ပုိေရာက္ဖုိ႔ မ်ားေနပါတယ္။

က်န္းမာေရးကေတာ့ အိပ္ေရး ပ်က္တာေတြ ဖ်ားတာနာတာေတြ ကေန ေဆးရုံေဆးခန္း ေရာက္ဖုိ႔ ရွိေနပါတယ္။

အိမ္ေထာင္သည္ေတြ ခ်စ္သူေတြ အတြက္ကေတာ့ ရွိေနတဲ့ အခက္အခဲေတြ ေျပလည္ၿပီး ေရွးကထက္ ပိုခ်စ္မယ့္ အခ်ိန္အခါပါ။

ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခု တစ္ပတ္ ႀကံစည္သမွ် ေအာင္ျမင္ေအာင္ ဘုရားရွင္အား အုန္းဆြမ္း ကပ္လွဴ ပူေဇာ္ေပးပါ။

ျပည္ပ ထြက္ခြာလုိသူမ်ား ။     ။ ရပ္ထဲ ရြာထဲရွိ စာသင္တုိက္မွ ကုိရင္ငယ္ တစ္ပါးကုိ ထီး၊ ဖိနပ္ လွဴဒါန္းေပးပါ။

အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား ။     ။ မိမိ အိမ္၏ တနဂၤေႏြေထာင့္ အရပ္ရွိ ဘုရားေစတီတြင္ ေအာင္သေျပပန္း ထုိးကာ ဆုေတာင္းေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ဆြမ္းခံၾကြလာသည့္ သံဃာေတာ္အား ေကာက္ညွင္းျပန္ေပါင္း ကပ္လွဴေပးပါ။

လူမႈေရး အတုိက္အခံ မ်ားသူမ်ား ။     ။ ေန႔စဥ္ မုိးလင္း/ မုိးခ်ဳပ္ သရဏဂုံသုံးပါးျဖင့္ မ်က္ႏွာသစ္ေပးၿပီး ေမတၱာသုတ္ ရြတ္ဖတ္ ပူေဇာ္ေပးပါ။

က်န္းမာေရး မေကာင္းသူမ်ား ။     ။ နံနက္ႏွင့္ ညတုိင္း ကာယကံရွင္ ကုိယ္တုိင္ (သုိ႔မဟုတ္) ေသြးသားရင္းက ရတနာသုတ္ကုိ ေမတၱာသုတ္ႏွင့္ တြဲ၍ ရြတ္ဖတ္ ပူေဇာ္ေပးပါ။

ထီကံေကာင္း လုိသူမ်ား ။     ။ သင့္ေရွ႕သုိ႕ ထီကားေရာက္လာပါက ၁/၄ ဂဏန္းမ်ားမ်ားပါသည့္ ထီတစ္ေစာင္ကုိ ထုိးလုိက္ပါ။

OpinionLeaderMedia

(For Unicode)

ဒီတစ်ပတ် အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ကိုယ့်ဘက်မှာ ရှိနေသလို ကံတရားကလည်း ကိုယ့်ဘက်ရောက်နေတဲ့ အချိန်အခါပါ။

လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုတဲ့ ကိစ္စများအတွက် တနင်္ဂနွေ သားသမီးများနှင့်သာ တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။

စက်ပစ္စည်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်ဖို့ အချိန်အခါကောင်း ဖြစ်သလို အိမ်ခြံမြေ လုပ်ငန်းသမားတွေ စိတ်ချမ်းသာရမယ့် အချိန်ကာလပါ။ ဒါပေမယ့် စပ်တူကိစ္စတွေ၊ လူမျိုးခြားနဲ့ တွဲလုပ်ရမယ့် ကိစ္စတွေကတော့ ရှောင်ပါဦး။

ဘုရားဖူး ခရီးတွေ၊ ပြည်ပခရီးတွေ သွားရတတ်သလို အလှူအတန်းလည်း လုပ်ရတဲ့ အချိန်ကာလပါ။ နေရာထိုင်ခင်းနဲ့ အမွေ ကိစ္စတွေမှာတော့ ဒီရက်ပိုင်း မလုပ်ပါနဲ့။

ပညာရေး ကံကတော့ သင်တန်းနဲ့ ရာထူးတိုးအတွက် အားထည့်မယ် ဆိုရင် သင်လိုရာ ခရီးကို ပိုရောက်ဖို့ များနေပါတယ်။

ကျန်းမာရေးကတော့ အိပ်ရေး ပျက်တာတွေ ဖျားတာနာတာတွေ ကနေ ဆေးရုံဆေးခန်း ရောက်ဖို့ ရှိနေပါတယ်။

အိမ်ထောင်သည်တွေ ချစ်သူတွေ အတွက်ကတော့ ရှိနေတဲ့ အခက်အခဲတွေ ပြေလည်ပြီး ရှေးကထက် ပိုချစ်မယ့် အချိန်အခါပါ။

ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခု တစ်ပတ် ကြံစည်သမျှ အောင်မြင်အောင် ဘုရားရှင်အား အုန်းဆွမ်း ကပ်လှူ ပူဇော်ပေးပါ။

ပြည်ပ ထွက်ခွာလိုသူများ ။     ။ ရပ်ထဲ ရွာထဲရှိ စာသင်တိုက်မှ ကိုရင်ငယ် တစ်ပါးကို ထီး၊ ဖိနပ် လှူဒါန်းပေးပါ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ ။     ။ မိမိ အိမ်၏ တနင်္ဂနွေထောင့် အရပ်ရှိ ဘုရားစေတီတွင် အောင်သပြေပန်း ထိုးကာ ဆုတောင်းပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ဆွမ်းခံကြွလာသည့် သံဃာတော်အား ကောက်ညှင်းပြန်ပေါင်း ကပ်လှူပေးပါ။

လူမှုရေး အတိုက်အခံ များသူများ ။     ။ နေ့စဉ် မိုးလင်း/ မိုးချုပ် သရဏဂုံသုံးပါးဖြင့် မျက်နှာသစ်ပေးပြီး မေတ္တာသုတ် ရွတ်ဖတ် ပူဇော်ပေးပါ။

ကျန်းမာရေး မကောင်းသူများ ။     ။ နံနက်နှင့် ညတိုင်း ကာယကံရှင် ကိုယ်တိုင် (သို့မဟုတ်) သွေးသားရင်းက ရတနာသုတ်ကို မေတ္တာသုတ်နှင့် တွဲ၍ ရွတ်ဖတ် ပူဇော်ပေးပါ။

ထီကံကောင်း လိုသူများ ။     ။ သင့်ရှေ့သို့ ထီကားရောက်လာပါက ၁/၄ ဂဏန်းများများပါသည့် ထီတစ်စောင်ကို ထိုးလိုက်ပါ။

OpinionLeaderMedia

No comments

Powered by Blogger.