Header Ads

မိန်းခလေးများ သတိထားစရာ ကျားတွေရဲ့မာယာ


💘 Propose လုပ်နေတုန်း ကာလမှာ... 💘

- သေမလို ရှင်မလိုနဲ့ Feel ပြတယ်.. ရင်မခုန်ဘူး.. ဒါပေမယ့် ရည်းစား ရချင်ဇောနဲ့..

- ဟတ်ဟတ်ထိုး ကြွေချင်ယောင် ဆောင်ပြတယ်..

- စိတ် မပါဘဲနဲ့လည်း အသည်းအသန် ဂရုစိုက် ပြတယ်..

- လိုချင်တဲ့ Target မရောက်မချင်း အမိန့်တွေ နာခံဖို့ ဝန်မလေးဘူး..

- လိုအပ်ရင် မျက်နှာကို ရှစ်ခေါက်ချိုး ဇီးရွက်လောက် လုပ်ပြမယ်..

- တစ်ဖက်သား သနားစိတ် ဝင်သွားအောင် မျက်နှာလေး ညှိုးပြမယ်..

- ဖုန်းဆက်ချိန် စာပို့ချိန် တိကျတယ် Right time ဘဲ..

- Reply မြန်ချက် စက္ကန့်ပိုင်းအတွင်း အရေးတယူ စာပြန်တယ်..

- ဘာလုပ်နေလဲ ယောင်ပီး သွားမမေးနဲ့... သတိရလို့ Photo လေး ထိုင်ကြည့်နေတယ် ဆိုတာ ချည်းပဲ..

- တစ်ရက်လောက် မတွေ့ရရင်ကို ကမ္ဘာပဲ ပျက်တော့ မလိုနဲ့ Overtine တွေ အရည်ကျဲကျဲ ဖျော်ပြရတာ အမော..

- ပိန်သွားတယ်နော် သွားမပြောနဲ့.. ဟုတ်တယ် ညည လွမ်းလို့ အိပ်မပျော်တာ … {ဒါဘဲ ရမယ်}

- ဝလာတယ် ပြောကြည့်အုံးမလား.. အင်း ချစ်နဲ့ ဆုံရလို့ စိတ်တွေ ချမ်းသာ နေတာလေ… {သေသွားမယ်}

- နဖူးလေး အားယားလို့ သွားမစမ်းနဲ့ ချက်ချင်း ပျော့ကျပီး လူမမာ လုံးလုံးဖြစ်သွားတာ… {အကယ်ဒမီ ရှော့}

💘 ဟော... လာပါပီ Anni တွေ လွန်မြောက်ပီးတဲ့နောက်… 💘

- သေသေရှင်ရှင် ပစ်ထားတယ်..

- အဖြေရတာ မသိရင် တဘဝလုံး ပိုင်သွားတာ ကျနေတာဘဲ..

- ဆက်လက်၍ ကြိုးစားရန် မလိုအပ်တော့လို့ ထင်မှတ်သွားပီလေ..

- ဂရုလည်း မစိုက်တော့ဘူး.. သေရင်တောင် သိလိုက်မယ် မထင်..

- အဖြေ ရပီးပြီ ဆိုတော့ စစ်တပ်က အာဏာ ပြန်သိမ်းပီလေ..

- မျက်နှာက မြောက်ကိုရီးယား သမ္မတရုပ်လို တည်သွားပီ..

- ဖုန်းဆက်ချိန် စာပို့ချိန် မျှော်မနေနဲ့ ရူးတောင် သွားအုံးမယ်..

- Reply ကြာချက် USA အာကာသ ခရီးစဉ်တောင် ပြန်ရောက်ပီ.. အင်း/ ဟုတ်/ စာ တစ်လုံးထဲက တော်တော်နဲ့ ရောက်မလာသေး..


- ဘာလုပ်နေလဲ အရေးတယူ သွားမမေးနဲ့.. ဘာလုပ်ရမှာလဲ အားနေတယ် ထင်နေလို့လား… {ကိုဒေါသ}

- ပိန်သွားတယ် ဝလာတယ် သွားမပြောနဲ့ မကြိုက်ဘူး.. သစ်ရွက် လှုပ်တာနဲ့ စိတ်က တိုနေတတ်တဲ့ အချိန် ဖြစ်သွားပီလေ… {ဦးစိတ်တို}

ဒါကြောင့် တချို့ ယောင်္ကျားလေးတွေက ရည်းစား မဖြစ်သေးခင် မှာတော့ မာယာလေးတွေ သုံးတတ်ကြ ပါတယ်နော်။ အဖြေရပီးရင်တော့ အမှန်တရားလေးတွေ မြင်ရစေ့မယ်.. စိတ်သာချနေပေတော့ ညမလေး တို့ရေ...

ဒါပေမယ့်... အဲလို မဟုတ်ပဲ တကယ် ချစ်တဲ့သူ တကယ် မြတ်နိုးတဲ့ ယောက်ျားလေးတွေလည်း လောကမှာ ရိုက်သတ်လို့ မကုန်ပါဘူးးကွယ်။ အချစ်ရေးမှာ ကံကောင်း ကြပါစေနော်...

credit

No comments

Powered by Blogger.