ကိုကို နဲ့ မောင် လို့ခေါ်တဲ့ မိန်းခလေးတွေရဲ့ ခြားနားချက်များ..
မိန်းခလေးတွေ ချစ်သူ ကောင်လေးကို ခေါ်ဝေါ်တာကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ အချစ် ၊ စိတ်နေသဘောထားကို အကြမ်းဖျင်းအားဖြင့် သိနိုင်ပါတယ်။ ကဲ ကိုယ့် ကောင်မလေး က ဘယ်လိုလဲ ဆိုတာ ဖတ်ကြည့်ရအောင်နော်…
“ ကိုကို ” လို့ ခေါ်တဲ့ ကောင်မလေးတွေ ဆိုတာ..
သူတို့လေးတွေဟာ ချစ်စရာ အရမ်း ကောင်းပြီး ကလေးဆန် ပါတယ်။ ဖြူစင် ရိုးသားတဲ့ စိတ်ကလေး ပိုင်ဆိုင်ပြီး ကိုယ့် ချစ်သူ အပေါ် ဆိုးနွဲ့ တတ်ကြပါတယ်။ ပွတ်သီးပွတ်သပ်နဲ့ ချွဲနွဲ့တတ်တဲ့ သူတွေပါ။ ဒါအပြင် သူဟာ သင့်အပေါ် ယုံကြည်မှုတွေ အပြည့်နဲ့ ချစ်တတ်ကြပါတယ်။
သူ့ရဲ့ style ကတော့ လူငယ် ဆန်ဆန်လေးနဲ့ ပေါ့ပါး သွက်လက် ကြပါတယ်။ သူတို့ဟာ သနားကြင်နာ တတ်တဲ့သူ ဖြစ်တာနဲ့အညီ သူတို့ရဲ့ နှလုံးသားဟာ နူးညံ့တဲ့အတွက် အထိခိုက် လွယ်တာကြောင့် သင် အထူး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
အသေးအဖွဲ့လေးက အစ ဂရုစိုက် တတ်တဲ့ သူတွေဖြစ်ပြီး သင့်ကြောင့် သူစိတ်မကောင်း ဖြစ်သွားရင် ဖွင့်မပြောဘဲ တစ်ယောက်ထဲ ကြိတ်ခံစားတဲ့ သူတွေဖြစ်တယ်။ သူက သင် ရင်ဖွင့်လို့ရတဲ့ အကောင်းဆုံးသူပါ။ သင် စိတ်ညစ်ရတဲ့ အချိန် ဆိုရင်တောင် သူ့က သင်ကို ပျော်ရွှင်စေနိုင်ပါတယ်။ သူ့ကြောင့် သင် အေးချမ်းမှုကို ခံစားရ ပါလိမ့်မယ်။
“ မောင် ” လို့ ခေါ်တတ်တဲ့ မိန်းခလေးတွေ ကတော့..
သူတို့မှာ တည်ငြိမ်တဲ့ အလှတရား ပိုင်ဆိုင်ကြတယ်။ လူကြီး ဆန်ပြီး ရင့်ကျက်တဲ့စိတ် ရှိတယ်။ အချစ် တစ်ခုကို နားလည်မှုနဲ့ တည်ဆောက် ကြတယ်။ သင့်ကို ယောကျာ်းကောင်း ပီသပြီး တည်ကြည် ခန့်ညားတဲ့သူလို့ မြင်တဲ့အတွက် “ မောင်” လို့ ခေါ်ချင်တာ ဖြစ်တယ်။
သူ့အတွက်တော့ သင်ဟာ သူရဲကောင်း တစ်ယောက်လိုပါဘဲ။ သင်ဟာ သူ့ ဘဝကို ဦးစီး ဦးဆောင်နိုင်ပြီး အားကိုးရတဲ့ ယောကျာ်းလို့ သူ့စိတ်ထဲ ခံစားရပါတယ်။ သင်နဲ့သာဆို သာယာတဲ့ အချစ် ခရီးလမ်း ဖြစ်မယ်လို့ မျှော်လင့်ချက် အပြည့်ရှိပါတယ်။ ကိစ္စသေးသေးမွှားမွှား တွေဆို ဗွေမယူတတ် ပြသနာ မရှာတတ်သူ ဖြစ်တယ်။
သူဟာ သင့်မှာ ပြသနာတွေ ရှိလာတဲ့အခါ ဆိုရင်လဲ အကြံကောင်း ဥာဏ်ကောင်း ပေးနိုင်ပြီး လမ်းမှန်ပြပေးတတ်တဲ့ သူတွေ ဖြစ်ပါတယ်။ ဒါတွေကတော့ အခေါ်အဝေါ် တွေအရ ကိုယ့်အပေါ် ဘယ်လို ချစ်တဲ့ မိန်းကလေး ဆိုတာ သိနိုင်မယ့် ယေဘုယျ သဘောတရား လေးတွေ ဖြစ်ပါတယ်။ သင်ကော သင့် ချစ်သူဆီက ဘယ်လိုမျိုးလေး အခေါ်ခံချင်ပါလဲ ? 💓
Credit pho thutaw
Post a Comment