ပရိသတ်နဲ့မိသားစုအတွက် ရင်ကော့ပီး ပြန်လာမယ်ဆိုတဲ့ သီဟတင်စိုး (အသံဖိုင်)
ဝါရင့် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ မင်းသားကြီး သီဟတင်စိုးနဲ့ အိမ်ဖော် အမျိုးသမီး ဒေါ်ခင်မာမြင့် တို့ရဲ့ ပြသနာတွေ ကတော့ လတ်တလော ပရိသတ်တွေကြားမှာ အရမ်းကို ဂယက်ထနေတဲ့ သတင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာ အမှန်တရားများကို မသိရသေးပေမယ့် သီဟတင်စိုးရဲ့ ကိုယ်ကျင့်တရားနဲ့ စာရိတ္တပိုင်းကို ယုံကြည်ကြတဲ့ အနုပညာရှင် ညီအကို မောင်နှမများနဲ့ ပရိသတ်တွေကတော့ သီဟတင်စိုးကို အပြည့်အဝ ယုံကြည်ပြီး ဝန်းရံနေကြတာကိုလည်း ပရိသတ်တွေ မြင်တွေ့နေရတာပဲ ဖြစ်ပါတယ်။
စွပ်စွဲခံ နေရတဲ့ သီဟတင်စိုး ပျောက်နေတာနဲ့ပတ်သက်ပီး ပရိတ်သတ်တွေက သို့လော သို့လော ပြောနေကြပါတယ်။ သီဟတင်စိုး ကတော့ ဒါသက်သက် ဂွင်ဆင်လုပ်တာ ဖြစ်တဲ့ အတွက် မိသားစုနဲ့ ပရိတ်သတ် အတွက် အမှန်တရားနဲ့ အတူ ပြန်လာမယ် လို့ Pissaya News ရဲ့ ဖုန်းဆက် အမေးမှာ ပြောခဲ့ပါတယ်။ လက်ရှိမှာတော့အမှုဖွင့် တိုင်ကြားသူ အမျိုးသမီးရဲ့ မကောင်းတဲ့ နောက်ကြောင်း ရာဇဝင်ဆိုးတွေ ဟာလည်း လူမှုကွန်ယက်မှာ ပြန့်နှံ့နေပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ များစွာ ခံနေရတာပဲ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာတော့ အမှန်တရားကို မသိရသေးတာကြောင့် သေချာတဲ့ အဖြေတစ်ခု မပြောနိုင် သေးပေမယ့် တကယ့်ကို စစ်မှန်ပြီး တရားမျှတတဲ့ အဖြေတစ်ခု အမြန်ဆုံး ဖော်ထုတ်ဖို့ ပရိသတ်တွေကတော့ ဆုတောင်းပေးကြပါ လို့ မျှတာရပ်ခံ လိုက်ပါတယ်နော်။
credit :Pissaya News
Post a Comment