Header Ads

မိန်းခလေးတွေကို ရင်ခုန်စေတဲ့ ယောက်ျားလေး ဆိုတာ


အလုပ်မှာပဲ ဖြစ်ဖြစ်၊ ကျောင်းမှာပဲ ဖြစ်ဖြစ်၊ မိန်းခလေးတွေကို ရင်ခုန်စေတဲ့ ယောက်ျားလေး ဆိုတာ ဘယ်လိုမျိုး ဖြစ်မလဲ။

1) သန့်ရှင်း သပ်ရပ်သောသူ

ခန့်တာ ချောတာ ထက်ကို အဝတ်အစား ၊ နေထိုင်ပုံက သန့်ရှင်း သပ်ရပ် နေတယ် ၊ အင်္ကျီိကိုလည်း သေသေချာချာ မီးပူ တိုက်ထားပြီး လက်ကိုင်ပဝါ ကိုလည်း ဆောင်ထားတယ် ။ အဲဒီလို ယောက်ျားလေးမျိုးက မိန်းခလေးတွေကို စွဲဆောင်နိုင်ပါတယ် ။

ဒါပေမဲ့ ဘယ်လောက်ပဲ ချောနေပါစေ ၊ တကိုယ်ရည် သန့်ရှင်းမှု မရှိသူ ဆိုတာ ကတော့ ကြိုက်ဖို့ နေနေ သာသာ အနားတောင် မကပ်ချင်ပါ ။

2) ဘယ်သူ့ကို မဆို ချိုချို သာသာ ဆက်ဆံသောသူ

စကားပြောတဲ့ အခါ အမြဲတမ်း ယဉ်ယဉ် ကျေးကျေး ပြုံးပြုံး ရွှင်ရွှင်နဲ့ သေသေ ချာချာ မျက်နှာကို ကြည့်ပြီး စကားပြောပေး သူပါ ။ ဘယ်သူ့ကို မဆို အဆင့်အတန်း မခွဲခြားပဲ လေးလေး စားစား ဆက်ဆံနိုင်တဲ့ ယောက်ျားလေးမျိုးပါ ။

အမြဲတမ်း မိန်းခလေးကို ဦးစားပေးပြီး ထိုင်ရင်တောင် ထိုင်ခုံလေးကို ဆွဲယူပေးပြီး တံခါးလေး ကိုလည်း ကြိုဖွင့်ပေးတာ ကိုက ချစ်စရာ ကောင်းပါတယ် ။ အဲ့လို ယောက်ျားမျိုးက မိန်းခလေးတွေကို ရင်ခုန်စေနိုင်ပါတယ် ။


3) မိန်းခလေးတွေကို စာနာပြီး ဦးစားပေးသူ

ယောက်ျားလေးတွေက ချစ်ဖို့ ကောင်းပါတယ် ။ စားပုံ သောက်ပုံက စည်းကမ်း ရှိသူ အစားအသောက် ကိုလည်း အိမ်မှာပဲ ဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် သန့်သန့် ရှင်းရှင်း သပ်သပ် ရပ်ရပ် စားသောက် တတ်တယ် ဆိုတာလည်း ချစ်ဖို့ ကောင်းပါတယ် ။

မိန်းခလေးတွေရဲ့ ရင်ထဲက စကားတွေကို အမြဲ နားထောင်ပေးတဲ့သူ ၊ စိတ်ညစ်စရာတွေပဲ ဖြစ်ဖြစ်၊ အတင်းပြောချင်တာပဲ ဖြစ်ဖြစ် ပြောချင်တာတွေ အားလုံးကို လက်ခံ နားထောင်ပေးတတ်သူ ဟာလည်း မိန်းခလေးတွေကို ရင်ခုန်စေတဲ့ ယောက်ျားမျိုး ပါပဲ ။

ဒီထဲက အချက်တွေနဲ့ တူတဲ့ ယောက်ျားလေးမျိုး ကိုယ့်အနားမှာ ရှိသလား ။

ChelmoTeam

No comments

Powered by Blogger.