Header Ads

ဖခင်ကောင်းနဲ့ တူသော ချစ်သူ၊ခင်ပွန်းဆိုတာ


မိမိရဲ့ ခင်ပွန်း ဖြစ်သူဟာ ဖခင်ကောင်း နဲ့ တူညီ နေခဲ့မယ် ဆိုရင် မိမိ ဘဝအတွက် ယုံကြည် စိတ်ချရပီး အမှန် တကယ်ကို အားကိုးလို့ ရပါပြီ။ ခင်ပွန်း မဖြစ်ခင် ချစ်သူ ရည်စား ဘဝမှာ ကတည်းက ဖခင် တစ်ယောက်နဲ့ တူ မတူကိုလည်း ခန့်မှန်းနိုင် ပါတယ်။

၁) ချစ်ခင် မြတ်နိုးခြင်း

မိမိ ခင်ပွန်းဟာ မိမိရဲ့ အပေါ်မှာ အမှန်တကယ် မေတ္တာသက်ဝင် ချစ်ခင် မြတ်နိုးတယ် ဆိုရင် အရမ်းကို ကောင်းမွန်ပါတယ်။ ခင်ပွန်းရဲ့ ချစ်ခြင်း မေတ္တာကြောင့် ဇနီးသည် ဟာလည်း အချိန်တိုင်းမှာ ပျော်ရွှင် နေရမှာပါ။

၂) မိမိကိုယ် အချိန်တိုင်း ဂရုစိုက်နေခြင်း

ဖခင်တွေ သူတို့ရဲ့ သားသမီးတွေကို ဂရုစိုက်သလို မိမိရဲ့ ခင်ပွန်းဟာလည်း အချိန်ပြည့် မိမိအပေါ်မှာ ဂရုစိုက်နေမယ် ဆိုရင် ဖခင်ကောင်း တစ်ယောက်နဲ့ တူညီပါတယ်။ အချိန်တိုင်း စိတ်ပူပြီး ဂရုစိုက်နေတဲ့ ခင်ပွန်းကို လေးစား တန်ဖိုးထားပေးပါ။


၃) စိတ်ချမ်းသာအောင် ထားခြင်း

ဖခင်တွေဟာ သားသမီးတွေကို အချိန်တိုင်း စိတ်ချမ်းသာစေချင် သလို မိမိရဲ့ ခင်ပွန်းဟာလည်း မိမိကို စိတ်ချမ်းသာအောင် ထားရှိခြင်းဟာ ဖခင်တစ်ယောက်နဲ့ တူညီလှပါတယ်။


၎) ပြသနာတိုင်းကို ရှေ့ကနေ မားမားမတ်မတ် ရင်ဆိုင် ဖြေရှင်းပေးခြင်း

ကိစ္စ တစ်ခုခု ဖြစ်ပီ ဆိုတာနဲ့ သူကနေ ရှေ့ကထွက်ပြီး မားမားမတ်မတ် ရပ်တည်ပေးပါတယ်။ ပြသနာတွေကို ရင်ဆိုင်ဖြေရှင်းပေးတဲ့ ခင်ပွန်း ယောက်ျားများဟာ ဖခင်ကောင်း တစ်ယောက်နဲ့ တူပါပေတယ်။

Credit: ပစ်တိုင်းထောင်

No comments

Powered by Blogger.