Header Ads

ချစ်သူတိုင်းမှာ ရှိသင့်တဲ့ Respect တရား


ချစ်သူ ရည်းစားဘဝမှာ Respect တရား ဆိုတာ သိပ်အရေးပါ ပါတယ်။ တစ်ယောက်ကို တစ်ယောက် လေးနက်တဲ့ ချစ်ခြင်းတွေ ရှိကြောင်း ပြသရပါမယ်။ အပြန်အလှန် ဂရုစိုက်ရင်း နွေးထွေးတဲ့မေတ္တာ ပေးစွမ်းနိုင်ရပါမယ်။

Propose လုပ်တဲ့ အချိန်ကစ Wedding ပွဲကျင်းပနေတဲ့ အချိန်ထိ ပြောင်းလဲမသွားဘဲ တန်ဖိုးထားပေးရပါမယ်။ ငါပိုင်တာပဲ ငါ့လက်ခုပ်ထဲက ရေပါ၊ သူမက ငါ့ကိုချစ်တာပဲ ငါ့အတွက် အရုပ်တစ်ရုပ်ပဲ ဆိုပြီး ပုံသေတွက် မထားလိုက်ပါနဲ့... ပေါ့လျော့ပီး မနေလိုက်ပါနဲ့...။

စိတ်ဆိုးတာက ပြန်ပြေတယ်၊ စိတ်နာတာက ပြန်ပျောက်တယ်၊ စိတ်ထဲ မရှိတော့ဘူးဆို သေပြီသာမှတ်...။ သင့်အနား သေတဲ့အထိ ပြန်မလာတော့ဘူး သင်နဲ့ ပတ်သက်တာ ဘာမှ မသိချင်တော့ဘူး။ သူ့ရှေ့ ငုပ်တုတ် လဲသေသွားရင်တောင် ဘာခံစားချက်မှမရှိ ကြည့်နေနိုင် သွားလိမ့်မယ်။ အဲ့လောက် ကြောက်ဖို့ကောင်းတာပါ။


သင် ရွေးချယ်ခဲ့တဲ့ ချစ်သူလေ... သင်ပဲ ဟပ်ဟပ်ထိုးကြွေကျခဲ့တာ မှတ်လား? ငမ်းငမ်းတက် Propose လုပ်ခဲ့တာ မှတ်လား? အသံလေးကို အသဲယားလို့ ဆိုပြီး ဖုန်းတွေ ညလုံးပေါက် ပြောခဲ့တာ မှတ်လား? ဘယ်လို အရာတွေကြောင့် မေ့မေ့လျော့လျော့ ပစ်ပယ် ထားချင်ရတာလဲ? ချောင်ထိုးပြီး ခေါက်ထားချင် ရတာလဲ?


အချိန် မှီပါသေးတယ်... ဘေးမှာ ရှိနေတုန်း မှတ်လား.. ရင်ခွင်ထဲ ထည့်ပီး အဆုံးရှုံးမခံနိုင်ကြောင်း ပြောပြရင်း အရင်ကထက် ပိုချစ်ပါ့မယ် ဆိုတဲ့ "ကတိ" စကား လေးလေးနက်နက် ပေးလိုက်ပါလေ။ ။

credit #s_m

No comments

Powered by Blogger.