Header Ads

ကိုယ်ဝန်ဆောင်ထားရပီဖြစ်တဲ့ သဇင်


အဆိုတော် သရုပ်ဆောင် Beauty blogger တစ်ဦးဖြစ်တဲ့ သဇင်ကတော့ သူမရဲ့ ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရပြီ ဖြစ်တယ်လို့ သိရှိရပါတယ်..။ သူမကတော့ အိမ်ထောင်ပြုပြီး ကတည်းက သြစတြေးလျ နိုင်ငံမှာ သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ နေထိုင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မြန်မာပြည်ကို ခတ္တအလည် ပြန်ရောက်နေခဲ့တာ ဖြစ်ပါတယ်..။



ဖေဖော်ဝါရီ (27) နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Vivid' Glamorous Cocktail Hour ဖက်ရှင်ပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပြီး ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားရပြီး ကိုယ်ဝန် (၁၀) ပတ်ရှိပြီ ဖြစ်တဲ့အကြောင်းလေးကိုတော့ သဇင်က အင်တာဗျူး တစ်ခုမှာ ပြောပြထားတာ ဖြစ်ပါတယ်..။




သူမက မိန်းကလေး လိုချင်ပြီး သူမရဲ့ ခင်ပွန်းကတော့ ယောက်ျားလေး လိုချင်တာဖြစ်ကြောင်း ကိုလည်း ပြောပြထားကာ ရင်သွေးလေးကိုတော့ သြစတြေးလျ နိုင်ငံမှာ မွေးဖွားသွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်..။ ကိုယ်ဝန် ဆောင်ထားရပြီး ဖြစ်လို့ မိတ်ကပ်သင်တန်း မဖွင့်ဖြစ်တော့တဲ့ အကြောင်းနဲ့ သီချင်းအသစ် တွေကိုလည်း ရင်သွေးလေး မွေးဖွားပြီးမှပဲ လုပ်ဖြစ်တော့မယ့် အကြောင်းလေးကို သူမရဲ့ ဖေ့စ်ဘွက် စာမျက်နှာကနေတဆင့် ပြောပြထား ပါသေးတယ်..။



“ သဇင် နေမကောင်းတော့ မိတ်ကပ် သင်တန်းလည်း မဖွင့်ဖြစ်တော့ဘူး.. ဒီတစ်ခါ သီချင်းလေးတွေတော့ သဇင် ရင်သွေးလေး ရမှပဲ လုပ်ဖြစ်တော့မယ် ထင်ပါတယ်ရှင့်.. သဇင်ကို အခုချိန်ထိ သတိတရ အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးပါပဲရှင့်..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။




Source - သဇင်fb

No comments

Powered by Blogger.