ဖင် ခေတ်
” ဖင် ခေတ် ” တကယ် .. တကယ် , ခေတ်ကိုက ” ဖင် ” ခေတ် ။ ဘုရားစူး ” ဖင် ” ခေတ်ပါ ။ တကယ့် ” ဖင် ” ခေတ်ပါ ။ မိန်းကလေးဆို သေလောက်အောင်ချော စက်စက်ယိုအောင်ချော ဖင် မရှိရင် လူရာ မဝင်ဘူးသာမှတ် ။ မျက်နှာက အဓိက မဟုတ်ဘူး ” ဖင် ” သာ အဓိက ။ ပညာ မတတ်ရင်နေ ဖင်ကိတ်ရင် ရပြီဆိုတဲ့ခေတ် ။
ဟိုအရင် အမျိုးသား ဘောစိတွေကို ရည်ညွန်းတဲ့ စကားပုံမျိုး “သွား” မပါရင်နေ “ကား” ပါရင် ပြီးရော ဆိုတဲ့ အတိုင်း ။ ခုခေတ် အမျိုးသမီးတွေကို စကားပုံညွန်းရရင် ” မျက်နှာ မပါရင်နေ ဖင်ကိတ်ဖို့ အရေးကြီးတယ် ” ဆိုတဲ့ခေတ် ။ ပြားမနေဖို့က အရေးအကြီးဆုံး ကိတ်ချင်သလောက် ကိတ် ၊ ကော့ချင်သလောက်ကော့ ၊ အို ကုန်ကုန်ပြောရရင် ကောက်ချင်သလောက်သာ ကောက် ဖင်ကိတ်ရင်ကို တစ်ဗန်းသာတဲ့ခေတ် ။
ယောကျာင်္းထုကြီးကလည်း ခုခေတ်မှာ ဖင်ချည်းသက်သက် အာရုံစိုက် လာကြတာမို့လား ။ သို့ဆိုလေတော့ ” The Big Booty is first face ” ပေါ့ ။ ဖင်ပြားတဲ့ မိန်းကလေးတွေဆို ဒီခေတ်မှာ အစစအရာရာ အောင်မြင်ဖို့ သိပ်မလွယ်ဘူး ။ အဲ .. ဖင်သာကိတ် နေရာတကာ မျက်နှာပန်းလှတယ်လေ ။ ဆယ်လီဖြစ်ချင်သလား ဖင်အသားပေး ပုံလေးတွေ ရွှက်ကနဲရိုက် ဖေ့စဖုက်ပေါ်တင်လိုက် ၊ သွားရေ တများများ အမျိုးထုကြီးက ဝန်းရံခြင်းဖြင့် အချိန်တိုအတွင်း ဆယ်လီဘရတီ ဖြစ်ပြီသာမှတ် ။
ဒီလိုဆိုလေတော့ မရှိမဲ့ရှိမဲ့ အယ်စီဒီ ဖင် ပိုင်ရှင်များကလည်း မကိတ်ကိတ်အောင် အမျိုးမျိုး ကောက်ပြကြရင်း ဖင်ပြ like တောင်းတဲ့ခေတ် ။ ယခင် ဖင်အကိတ် ပိုင်ရှင်များကတော့ စင်ပေါ်က ဆိုရမှာပဲ ။ ပြဿနာက အဲ့ဒီမှာ စတာ..
” မနေ့ကထိ ဖင်ဘယ်နားနေမှန်း မသိတဲ့ကောင်မ ဒီနေ့ချက်ချင်းကြီး ကိတ်လာတာဆိုတော့ အတုပေါ့အေ ”
ဟော တစ်ယောက်ကို တစ်ယောက် ရန်ဆောင်ကြပြီ ဖော်ကြပြီ ။
” ဒီမှာ ကောင်မ ငါ့ဖင် လာကိုင်ကြည့် ဟော့ဒီမှာ ဟော့ ဒီမှာ ”
” ဖြန်း ဖြန်း ဖြန်း ” (ဖင်ကို ရိုက်ပြတဲ့အသံ )
သူ့ဖင် ဘယ်လောက် စစ်ကြောင်းကို သက်သေပြတဲ့ အနေနဲ့ တဗြန်းဗြန်း ရိုက်ပြနေသေးတာ တကယ့် အစစ်ကြီးပေါ့လေ ။ ဒီလိုလည်း အာမခံ ဖင်ပိုင်ရှင်များက ဘဝင်မြင့် တက်ကြ သူတို့ဖင်အတွက် ဂုဏ်ယူတက်ကြသေးတာ ။ သတင်းတွေဆိုလည်းကြည့် မှုခင်းသတင်း..
” အမျိုးသမီးနှစ်ဦး ဖင်အတု အစစ်ငြင်းခုံရာမှ အချင်းများကာ ဖင်နှင့် ဖိသက်မှုဖြစ်ပွား ”
ငှယ်
” အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦးထံမှ မသင်္ကာဖွယ် ဆီလီကွန် ဖင်အတုများကို ၄င်း၏ အမျိုးသား တွေ့ရှိသွားရာမှ လိမ်လည်မှုဖြင့် အနှီအမျိုးသမီးအား တရားစွဲခြင်း ”
ဟာ !
စီးပွားရေးသတင်း.. ” လာမည့်နှစ် (2018) တွင် ဆီလီကွန် ဖင်အတုများ ဈေးတက်လာနိုင်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံ၏ စီးပွားရေး သုတေသန ပညာရှင်များ ကြိုတင်ခန့်မှန်း ”
ဟယ် !
အလုပ်အကိုင် အခွင့်အလမ်း ” မြန်မာနိုင်ငံတွင် ဖင်မကိတ်ပါက အလုပ်ရနိုင်ချေနည်းပါ ”
ဟိုက် !
ဒါမျိုး သတင်းတွေက ဆိုရှယ်မီဒီယာနဲ့ တီဗီချန်နယ်တိုင်းမှာ အထူးသတင်း အနေနဲ့ ခဏခဏ မြင်နေကြားနေရပြီလေ ။ ဖင်ပြတဲ့ နေရာမှာလည်း ပညာသားပါဖို့လိုတယ် ။ လမ်းလျှောက်ရင်း နိမ့်ချည် မြင့်ချည် ရင်တုန်သွားစေချင် သလား ။ သိသိသာသာ ကောက်ထားပြီး တဇောင်း ဓာတ်ပုံ ရိုက်မလား ။ မှောက်ခုံအနေအထားလေးကနေ ကုန်းတက်သဖွယ် ခုံးခုံးကလေး ဖြစ်စေချင်လား ။ ဒါမျိုးကျွမ်းကျင်နေရမယ် ။ ဖင်သာလျှင် အဓိက ကျန်တာ ပဓါန ။
ဖင်ချည်းသီးသန့် ကိတ်လာလောင် လေ့ကျင်ခန်းလုပ်ပေး နေတဲ့ သင်တန်းတွေဆိုလည်း အမြို့မြို့ အနယ်နယ်မှာ ဖွင့်နေကြပြီ ။ တစ်ချို့ အမျိုးသမီးတွေဆို အသက်( ၄၀) ဆယ်လောက်မှ ကိတ်ချင်လို့ ထိုင်ထ လုပ်ရင်း ဒူးနာသွားတာမျိုးတွေလည်း ရှိတယ် ။ တစ်ချို့ဆိုလည်း ဒီနေ့မှာ ဖရဲသီးနှစ်လုံး ထည့်ဝတ်ထားသလို ကိတ်ပြီး ဟော နောက်နေကြတော့ ဗလာစာအုပ်နှစ်အုပ် ခံဝတ်ထား သလို ပြားသွားကြပြန်ရော ။ ဒီတော့ အမျိုးသားများ အတွက်ကလည်း ဖင်အတု အစစ်ကို သေချာအောင် ခွဲနိုင်ဖို့ဆိုတာ သိပ်လွယ်တဲ့ အလုပ်မဟုက် ပေဘူး။
သိပ်သိချင်လွန်းရင် ဖင်ကို စိပ်ဆွဲကြည့် ဒါမှမဟုက် အပ်နဲ့ အသာလေးထိုးကြည့် အော်ရင် အစစ် ။ မအော်ရင် အတု လို့သာမှတ် ။ ဒီလိုလုပ်လို့ မိန်းကလေးတွေ စိတ်ဆိုးသလား မေးကြည့် ။ လုံးဝမဆိုးဘူး ။ အစစ်ဖြစ်ကြောင်း သက်သေပြ ရရင် သူတိုက ကျေနပ်နေပြီ ။ နာလည်းကြိတ်ခံကြတာ ။
အရွယ်ရောက်ပြီးသား သမီးရှင် အမေတွေ အပြင်မှာ တစ်ယောက်နဲ့ တစ်ယောက် နူတ်ဆက်ရင် ” ဟယ် သူငယ်ချင်းသမီးလေးက တော်တော်ကိတ်တာပဲ ကြည့်စမ်း ဖင်လေးကို ကောက်လို့ ”
” အန်တီကလဲ မြောက်တော့မယ် ဒါတောင် နေမကောင်း လို့ နည်းနည်း ကျသွားတာသိလား ခ်ခ် ”
” အေးပါကွယ် ” ” ကြာကြာကိတ်နိုင်ပါစေ လို့အန်တီဆုဆောင်းပေးတယ်နော် ”
” အိုက် စ် ကျိုင်းဇူး အန်တီ ” ကဲ ကြည့် ဆုတောင်းပေးတာတောင် ကြာကြာကိတ်ပါစေဆိုလား ။
” ဟုက်ပြီ သမီးလေ လုပ်ထား ” ” ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ”
” မရတော့ဘူး အမေ သမီးညောင်းလှပီ ”
” လုပ်ပါ သမီးလေးရယ် ၉၀၀ လောက်ပဲ လိုပါတော့တယ် ” တခြား မမှတ်နဲ့ ၊ ကျုပ်အိမ်ဘေးက ဂျီးဒေါ်တစ်ယောက် သူ့ သမီးကို မကိတ်ကိတ်အောင် ထိုင်ထ အခါ (၁၀၀၀) လုပ်ခိုင်းနေတဲ့ အသံ ။
” မရတော့လို့ပါ အမေရယ် ” ” တော် တော် ညောင်းနေပီ ”
” ညည်း ဒီလို ပျင်းနေပုံနဲ့ အားကြီးကြီး ကိတ်မှာ ပေါ့အေ ”
” ကျုပ်သူငယ်ချင်း သမီးဆို သူ့ဖင်ပေါ် လူတက်ထိုင်လို့ ရနေပီ ”
အယ် နည်းတာကြီးလားဟ ကျုပ်တောင် , တောက်တစ်ခေါက်ခေါက် ဖြစ်ရသေးတာ ။ အပြိုင်အဆိုင် တွေဆိုရမှာပေါ့ ။ ခုခေတ်မှ ပညာတက်လို့ လင်ကောင်းသားကောင်း ရဖို့ သိပ်မလွယ်တော့ဘူး ။ ကိတ်သာကိတ်ထား ပညာတက် ဥစ္စာပေါ ရုပ်ချော သူဌေးသားတွေ ဝိုင်းဝိုင်းကို လည်လို့ ။ နဂို အကိတ်ကို ပုရိသတွေ မြင်အောင် သတိထားမိလာအောင် ၊ အိနြေ္ဒရှိရှိလေး ပြတက်ဖို့ပဲ လိုတာ ။
နာမည်ကြီးမော်ဒယ် နဲ့ တက်သစ်စမော်ဒယ်လေးတွေကိုကြည့် ဖင်နဲ့ပေါက်စီကို အမျိုးမျိုးဖော်ပြီး ရိုက်ကြတာ ။ ရိုင်းတယ် ဘာညာတော့ မပြောမိလေနဲ့ ကိုယ်က စောင်တောသား လုံးလုံးကို ဖြစ်ရော ။
“ အနုပညာကို အနုပညာမှန်းမသိတဲ့ စောင်တောသားတေ ” အံမာ ဒါမျိုး ။ ကျုပ်ကတော့ တကယ် ဖင်ပဲမြင်တယ် သူတို့ရိုက်တာကိုက ဖင်အသားပေးလေ အနုပညာ ဘာညာဆိုတာ ဒီလိုပဲ ရွှီရှောင်ဖောရှော ။
” ခုခေတ် မိန်းကလေးဆိုတာ ကိတ်မှလေ ” ” ဟုက်တယ်မို့လား မရှိရှိတာလေး ပင့်တင်ထားရမှာပဲ ” ဒါ , မြန်မာ့ နာမည်ကြီး သရုပ်ဆောင် အနုပညာရှင် တစ်ဦး၏ အမျိုးသမီး အလှအပဆိုင်ရာ ခံယူချက် ။ ဖင်ကိတ်တယ်ဆိုတဲ့နေရာမှာ ကြီးတာနဲ့ မတူဘူးနော် ကြီးတိုင်းသာ ဆယ်လီဖြစ် ရမယ်ဆို အန်တီကြူကြူသင်းတို့ ကမ္ဘာကျော်ပြီပေါ့ ။ ဖေ့ဘွတ်ပေါ်တင်တဲ့ ဗီဒီယိုတွေဆိုလည်း ဆန်းပြားချက်...
” ကွီးတို့ မီးရေချိုးခါနီး ထမိန် ရင်ရှားလေးနဲ့ လှလား ”
” ဒီရက်ပိုင်း ပေါက်စီလေး ပိန်သွားလို့ ခေးကို ဖိုက်တင်းလို့ ပြောသွားကြ ”
ဒါမျိုးတွေကို ရေးပြီးတင်ကြတာ ။ ဖင်ကို ရိုးရိုးပြလို့ ရိုးသွားရင် သီချင်းဖွင့်ပြီး ဒွန့်ရင်းပြတယ် ။ မှောက်ခုံပြတယ် ။ တုံးလုံးပြတယ် ။ စောင်းပြတယ် ။ ထိုင်ပြတယ် ။ ကျိန်းသေတယ် မကြာခင် ကျွန်တော်တို့နိုင်ငံဟာ အရှေ့တောင် အာရှရဲ့ ဖင်အကြွားနိုင်ဆုံး နိုင်ငံအဖြစ် ရပ်တည်လာနိုင်တော့မှာ အသေအချာ ပါပဲဗျာ ။
#Credit to original




Post a Comment