Header Ads

တနင်္လာ သားသမီးလေးတွေ အ​ကြောင်း


************
တနင်္လာတွေဟာ မိတ်ဆွေ ပေါများတယ်... လူချစ် လူခင်လည်း ပေါများတဲ့ နေ့နာမ် ပိုင်ရှင်တွေ ဖြစ်တယ်။ ဒေါသထွက် တတ်ပေမဲ့ အပြင်မှာ ထုတ်ပြီး အရမ်း မပွားပါဘူး... မိသားစု အပေါ်မှာ ဆိုရင်တော့ နဲနဲ စိတ်မရှည်တတ်ဘူး...

အစွဲအလန်း ကြီးပါတယ်.. တစ်ယောက်ဆို တစ်ယောက် အပေါ်မှာပဲ စွဲလမ်းနေတတ် တယ်။ စကားပြောရင် ဆွဲဆောင်မှု ရှိစွာနဲ့ ပြောဆိုတတ်တာ တနင်္လာပါ။ ခင်ရတဲ့ အပေါင်းအသင်းနဲ့ စကားပြောနေချိန် စိတ်ရှည်စွာနဲ့ စိတ်ဝင်တစား လက်ခံ နားထောင်ပေး တတ်တယ်..

ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်စွာနဲ့ နေတတ်သလို သူများကို ပျော်ရွှင်မှုတွေ တခါတရံ ဖန်တီးပေး တတ်တယ်.. တနင်္လာတွေက သူငယ်ချင်းတွေ မိတ်ဆွေတွေကို မက်မောစွာနဲ့ ခင်တွယ်တတ် တယ်..

အလုပ်လုပ်တဲ့ နေရာမှာလည်း စဉ်းစား တွေးခေါ်နိုင်စွမ်း ရှိတယ်.. စိတ်ကူး အမြင်ကျယ်တယ်။ ဘူးဆို ဖရုံမသီးတတ်ဘူး။ ဖြစ်ချင်တာကို အမြန်ဆုံး အကောင်အထည် ဖော်ရမှ ကျေနပ်တာ တနင်္လာပါ.. တခါတလေတော့ အလုပ်လုပ်တဲ့ နေရာမှာ ဖြစ်ချင်တာနဲ့ ဖြစ်သွားတာ နဲနဲလေး လွဲချော်နေတတ်တယ်...

တနင်္လာတွေဟာ ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာ တစ်ခုခု တွေ့မြင်ရရင် သနားတတ်တယ်။ တတ်နိုင်ရင် ကူညီလိုတဲ့စိတ် အပြည့်အဝ ရှိပါတယ်... သို့ပေမဲ့ ကိုယ်မကြိုက်တဲ့ အရာဆိုရင်တော့ စိတ်လက်ပြတ်သားတယ်...

လူတစ်ယောက်ကိုခင်ရင်လည်း သံယောဇဉ်ရှိစွာနဲ့ ပေါင်းသင်းတတ်ကြပါတယ်.. ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် မမေ့တတ်စွာနဲ့ လိုက်လျောညီထွေစွာ ခင်မင်တတ်တယ်။ ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်ထားကြတာ တနင်္လာပါ။ တနင်္လာတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကို အတွင်းကျကျလေ့လာတတ်တယ်။ စကားပြောတဲ့နေရာမှာ ပွင့်လင်းမှုရှိတယ်.. ကိုယ်မကြိုက်တဲ့ အရာတွေကိုပြောချင်တဲ့ စကားရှိရင် အားမနာတမ်း တိုက်ရိုက်ပြောတတ်တာ တနင်္လာပါ။


တနင်္လာတွေဟာ မှန်နေရင် ဘာကိုမှ ဂရုမစိုက်ပဲ နေသလောက် မှားနေရင်တော့ တောင်းပန်ဖို့လည်း ဝန်မလေးတတ်ဘူး.. အပေါင်းအသင်းတွေ ကြားမှာလည်း ယုံကြည်မှု အပြည့်အဝ ရှိရှိနဲ့ နေတတ်တာ တနင်္လာပါ..

တနင်္လာလေးတွေဟာ စိတ်ကူးယဉ် ဆန်တယ်.. အားနေတဲ့ အချိန်တွေမှာ စာဖတ်တာတွေ ဗဟုသုတတွေကိုလေ့လာရတာ နှစ်သက်တဲ့ နေ့နာမ်တွေပါ...

တနင်္လာရဲ့အချစ်ရေးကတော့ ချစ်သူရဲ့ချော့တာလေးကို နှစ်သက်ပေမဲ့ ကိုယ်ကလိုက်ပြီး ချော့နေရတဲ့အနေအထား..

တနင်္လာ သားသမီး​လေး​တွေက​တော့ စိတ်​ဆိုး စိတ်​​ကောက် ​နိုင်​လွန်း​တဲ့သူ​တွေပါ... သူတို့​လေး​တွေက က​လေးဆန်​တယ်​... အ​ပျော်​မက်​တယ်.... စိတ်​ဆိုးလွယ်​ စိတ်​​ကောက် ​လွယ်​သလို စိတ်​​ပြေလည်း လွယ်​ကြတယ်​.. မိဘအ​ပေါ်ဆို နည်းနည်း​လေး ဆိုးလိုက်​ရမှ.. သူငယ်​ချင်း​တွေ အ​ပေါ်လည်း အမြဲ အနိုင်​ယူကြတယ်​..... ပင်​ကိုယ်​ညဏ် ​ထက်​သန်​တယ်​.... အသစ်​အဆန်း​တွေ ကိုလည်း စိတ်​ဝင်​စားကြတယ်​... ပညာ​ရေးမှာ ကံ​ကောင်း​ပေ​မဲ့ ကြိုးစားအားထုတ်​မှု သိပ်​မရှိ တတ်​ကြဘူး.....

အနုပညာ​သွေးပါတယ်​... သီချင်း​တွေကို အ​ဖော်​ပြုတတ်​တယ်​... ဘယ်​အရာဖြစ်​ဖြစ်​ သူ​တို့​လေး​တွေက ဦးစား​ပေးခံချင်​ကြတယ်​... ချစ်​သူများတယ်​.... အချစ်​​ရေးမှာ ကံသိပ်​မ​ကောင်းဘူး.. ဒါ​ပေမဲ့ ကိုယ့်အချစ်​ကို အားငယ်​​နေတတ်​တဲ့ သူမျိုး​တော့ မဟုတ်​ဘူး..... (အများစုက ရည်းစားများကြတယ်) ဒီအချက်​ကလည်း စန်းပွင့်​လွန်းတဲ့ သူတို့​လေး​တွေရဲ့ အချက်​နဲ့ ဆိုင်​တယ်​... စိတ်​ကူးယဉ် ​တတ်​ကြတယ်​...

အ​ကောင်းဆုံး ဆိုတာ​တွေကိုပဲ သ​ဘောကျတတ်​ကြတယ်​... နည်းနည်း​လေး အပြိုင်​အဆိုင်​​တွေ ရှိတတ်​ကြတယ်​.. ဒါ​ပေမဲ့ သူတို့ကပဲ နိုင်​တတ်​ကြတယ်​..... အ​ပေါင်းအသင်း မက်​တယ်​..... လက်​ဖွာတယ်​... မနှ​မြောတတ်​ဘူး... ဒါ့​ကြောင့် အ​ခြွေအရံ ​ပေါတယ်​..... ​ဒေါသမကြီး​ပေမဲ့... အငြိုး​တော့ကြီးတယ်​... သူတို့​လေး​တွေရဲ့ အထူးခြားဆုံး အချက်​က က​လေးဆန်​ပြီး ချစ်​စရာ​ကောင်းတာပါပဲ...

မှန်​ရင်​ Like ၊ share ​ပေးသွားနော်..

#ဦးဘုန်း

No comments

Powered by Blogger.