ယောင်္ကျားကောင်းဆိုတာ..
တလောက ဆယ်လီတယောက် နှစ်ရှည် rs ကြီးကို ပြတ်ဆဲကြောင်း ကြေငြာလိုက်တယ်။ ဘာပြသနာရယ်လို့ မဖြေရှင်း ကြပေမယ့် ဘာလို့ ဆိုတာ ကိုယ်က သိလိုက်ရတယ်။ ပြသနာကတော့ official ကတယောက် အရံလေးတွေ ပွားထားတတ်တဲ့ ယောက်ကျားတချို့ ရဲ့ ကာရိုက်တာကြောင့် ဆိုပါတော့...
ကိုယ့်လူက ပြောပြတယ်။ မိန်းခလေး တယောက် ရှိပြီးသားကို တခြား ထပ်ထားပြီး သူက အဝေးမှာမို့  နီးစပ်ရာမှာ ထပ်ထားချင် သူ့ ကိုပြောပြီးသား သူက ခွင့်ပေးပြီးသား လို့ ပြောတယ်တဲ့။
တကယ်တော့ မိန်းခလေး ဘက်က ပါးစပ်ကသာ ပြောတာ ချစ်သူကို ချစ်လို့ သာ ငါ့ကိုပေါ်တင်ပြော တခြားတွဲလိုရင် တွဲပါဆိုပေမယ့် သူ့ ရင်ထဲ ဘယ် ခံစားနိုင်မလဲတဲ့ သူခွင့်ပေးလည်း လုပ်သင့် မလုပ်သင့် ကိုယ်က တွေးလေ။ ယောက်ကျားတွေက အောင်မြင်မှုဒဏ်ကို မခံနိုင်ကြတာ ခက်တယ်။ တယောက်လောက် ဆိုတောင် တဖက် မိန်းခလေးက မနည်း သီးခံရမှာ များလာတော့ ဘယ်ရတော့မလဲတဲ့။
ဒါကြောင့် မောင်ဆို တမင် FB တွေ လိုင်းတွေ မသုံးဘဲနေတာ မ ရင်ထဲမှာ တခုခု ခံစားနေရမှာကို မလိုလားဘူး တဲ့။ FB က မောင့်ဘဝ မဟုတ်ဘူးတဲ့။ ဘယ် မိန်းခလေးကမှ စိတ်ချနေနိုင်မှာ မဟုတ်တာ သိနေတယ်တဲ့။
ကိုဇဏ်ခီ ဆိုလည်း မိန်းမရှိသာ ရှိတာ အားပေးသူ ပရိတ်သတ်က မိန်းခလေးမဲ များတော့ အနုပညာ အလုပ် လုပ်နေတဲ့ ယောက်ကျား ဆိုတာ မိန်းခလေးတွေ အားပေးမှုကြောင့် ပြသနာက ဖြစ်လာနိုင်တော့ ဒီအလုပ်ကို မလုပ်ရရင် နေပါစေ စွန့် လွှတ်ချင် စွန့် လွှတ်ပြစ်မယ်။ မ ကိုတော့ မစွန့် လွှတ်နိုင်ဘူးတဲ့။ မောင့်အတွက် မ က အရေးကြီးဆုံးဘဲတဲ့။
ဒီလိုတွေ ပြောလာတော့လည်း ကိုယ်က အချစ်ပို ရပြန်တာပေါ့လေ။ မလုပ်ပါနဲ့  အောင်မြင်အောင် ဆက်လုပ်စမ်းပါ။ မစွန့် လွှတ်ရပါဘူး။ ကိုယ် ဝါသနာပါတာကို ဆက်လုပ်ပါလို့ ။ ဒီလို စိတ်ထားတွေ ရှိနေတာနဲ့ တင် ကျေနပ်ပြီ်။ ယုံကြည်ပေးထားမယ်လို့ FB သုံးပြီး ပရိတ်သတ်နဲ့ အမြဲ ထိတွေ့ ပါလို့ ။
ပြောလည်း ပြောပြောဘဲ။ လိုင်းကို မတက်တာ သူက ဘယ်လို လူလေးမှန်းကိုမသိ။ ဘာဘဲဖြစ်ဖြစ် ဒီလိုလူစားတော့ တွေ့ ရခဲတယ် ထင်မိတယ်။ ခုခေတ်ကြီးထဲ.. FB ကို မက်မောတဲ့ မိန်းခလေးတွေရဲ့ ခံစားချက်ကို နားလည်ပေးတတ်တဲ့ ခပ်ရှားရှား ယောက်ကျားမျိုး။
Thida Win
Post a Comment