ဆယ်လီနာကိုယ်စား ငိုချင်နေတဲ့ ခေးကြီး လုလုအောင်
မိန်းကလေးပရိသတ် အသဲစွဲ အဆိုတော် ဂျက်စတင်ဘီဘာ တစ်ယောက် လက်ရှိ ချစ်သူနဲ့ စေ့စပ်လိုက်တယ်ဆိုတဲ့ သတင်းက လတ်တလော အွန်လိုင်း သုံးစွဲသူတွေကြားမှာ ရေပန်းအစားဆုံး သတင်းတစ်ခု ဖြစ်နေတာပါ။
ဆယ်လီနာဘက်က စိတ်မကောင်း ဖြစ်နေကြတဲ့ သူတွေ ရှိသလို ဂျက်စတင် တစ်ယောက် ချစ်ရသူနဲ့အတူ လုံခြုံနွေးထွေးတဲ့ မိသားစုလေးကို ပိုင်ဆိုင်ရတော့မှာမို့ ဝမ်းသာနေကြတဲ့ ပရိသတ်တွေလည်း မနည်းပါဘူး။ မြန်မာနိုင်ငံရဲ့ ပရိသတ်အချစ်တော်လေး တစ်ဦးဖြစ်တဲ့ လုလုအောင် ကလည်း ဒီလို အမျိုးအမျိုးသော သူတွေ ကြားထဲမှာမှ တစ်ဦး အပါအဝင်ပဲ ဖြစ်ပါတယ်။
လုလုအောင်က ဆယ်လီနာနဲ့ ဂျက်စတင် ဘီဘာ တို့နှစ်ဦးရဲ့ အကြောင်းကို ကြားပီး သူမ ခံစားရတဲ့ ခံစားချက်တွေကို လူမှုကွန်ယက်မှာ ဝေမျှထားတာပါ။ ဂျက်စတင် ဘီဘာနဲ့ ဆယ်လီနာ ဂိုးမက်ဇ် တို့ကတော့ တစ်ဦးအပေါ် တစ်ဦး ခိုင်မာတဲ့ သံယောဇဉ် တွေနဲ့ ချည်နှောင် ခဲ့ကြတာမို့ ပရိသတ်တွေ အရမ်းကို ချစ်ပီး သဘောတူကြတာပဲ ဖြစ်ပါတယ်။ လုလုအောင် ကလည်း မိန်းမသား တစ်ဦးပေမို့ ဆယ်လီနာ ဘက်ကနေ ခံစားပြီး ငိုချင်မိတဲ့ အကြောင်းကို ရင်ဖွင့် ထားခဲ့တာပါ။
လုလုအောင်က “ ငါ့နယ်…. ဆလီနာကဖြင့် သွဟာသူ နေနေတာကို …. ဂျစတင် စေ့စပ်တယ် ကြားရော …. ဆလီနာအစား ငိုချင်နေမိ 😥 ဒါမျိုးတေ မခံစားနိုင်လို့စ် အချစ် မရှာတာ ခလိန်းက ခ်ခ် 😌😊” ဆိုပြီး ဆယ်လီနာအစား ငိုချင်မိတဲ့ အကြောင်းနဲ့ ဒီလို မခံစားနိုင်လို့ အချစ်ကို မရှာတော့တာ ဆိုတဲ့ အကြောင်းကို ချစ်စဖွယ် ရေးသားထားတာပါ။
ကချင်သူလေး တစ်ဦးဖြစ်တဲ့ ခေးကြီးကတော့ အခု လတ်တလောမှာ ကြော်ငြာတွေ Photo Shooting တွေ ဆက်တိုက် ရိုက်ဖြစ်နေတာဖြစ်ပီး ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်အောင် ဖေ့ဘုတ်မှာ ပုံလေးတွေ တင်နေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း နှလုံးသားနုတဲ့ ခေးကြီးလုကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit - myint myat
Post a Comment