Header Ads

မိန်းခလေးတွေနဲ့ ယောက်ျားလေးတွေကြားက မတူညီတဲ့ အမူအကျင့်လေးများ


1)  ပြသနာ တခု ဖြစ်လာပီ ဆိုရင် ယောက်ျားတွေက တယောက်ထဲ အေးအေး ဆေးဆေး ဖြေရှင်းချင် သလောက် မိန်းမတွေ ကတော့ အများနဲ့ တိုင်ပင်ချင်ကြ ပါတယ် ။ တခုခုဆို သူများရဲ့ ထောက်ခံအားပေးမှု ရမှ ဆုံးဖြတ်လုပ်ကိုင် လိုကြပါတယ် ။ ဒီလို ကိစ္စတွေကို ယောက်ျားတွေနဲ့ တိုင်ပင်တဲ့ အခါ ပေါ့ပေါ့ တန်တန် တုန့် ပြန်လိုက်တဲ့ စကားတခွန်းကြောင့် အံ့သြရတာတွေလည်း အကြိမ်ကြိမ် ပါပဲ။

2) မိန်းခလေးတွေရဲ့ ဦးနှောက်ထဲမှာ ရှိတဲ့ လူမှု ဆက်ဆံရေး center က ယောက်ျားတွေထက် ကောင်းမွန်တာကြောင့် ပေါင်းသင်း ဆက်ဆံရေးမှာ ယောက်ျားတွေထက် သာလွန် ပါတယ်။ မိန်းမသားတွေဟာ စကားလုံးတွေရဲ့ အတိမ်အနက် ကို အကဲခတ်နိုင်စွမ်း ရှိတယ် ။ တဦးတယောက် ဘာစကားပြောရင် ဘယ်လို စိတ်သဘောထား ရှိတယ် ဆိုတာက အစ အကဲခတ်နိုင် ပါတယ်။ ပြီးရင် လူတွေရဲ့ အမူအယာတွေကနေ တစ်ဆင့် ဘာမှ မပြောဘဲနဲ့တောင် အဲဒီလူ ဘာဖြစ်နေလဲ ဆိုတာ အကဲခတ်နိုင်စွမ်း ရှိကြပါတယ်။

3) တတိယ အချက်ကတော့ ယောက်ျား တယောက်က မိန်းမ တယောက် ကို စပြီး စိတ်ဝင်စားတာဟာ သူမရဲ့ ရုပ်ရည် ရူပကာ အပေါ်မှာ အများကြီး မူတည်နေပါတယ်။ မိန်းခလေးတွေ ကျတော့ ယောကျာ်းတယောက်ကို ကြိုက်ပြီဆိုရင် ထိုသူ၏ ရုပ်ပိုင်းဆိုင်ရာကို ထည့်စဉ်းစားသလို အခြား လိုအပ်တဲ့ လက်ရုံးရည် နှလုံးရည်တွေကိုလည်း ထည့်သွင်း စဉ်းစားလေ့ ရှိပါတယ် ။

4) နောက်ထပ် တခုကတော့ မိန်းမတွေဟာ ဘယ်လို ပဋိပက္ခမျိုးမဆို ယောက်ျားတွေ လိုမျိုး စိတ်လိုက်မာန်ပါ မဖြေရှင်းတာ ပါပဲ ။ မိခင်စိတ် အခံရှိတာကြောင့် နှလုံးသားလေးတွေ နူးညံ့ပြီး အရာအားလုံးကို အေးချမ်းစေဖို့ မေတ္တာရှေ့ထားဖြေရှင်းတဲ့ အခါ ကြီးကြီးမားမား ပြသနာဆိုတာ သူတို့ အတွက် နည်းပါးသွားတာပေါ့။

5) နောက်ဆုံး တချက်ကတော့ ကိစ္စတခုခု ဆုံးဖြတ်တော့မယ်ဆို ယောက်ျားတွေက ဦးနှောက်နဲ့ ကျိုးကြောင်းဆီလျော်မှုကို အဓိကထား ဆုံးဖြတ်ပြီး မိန်းမတွေက ကျတော့ ရင်ထဲမှာ ခံစားနေရတဲ့ လတ်တလော ခံစားချက်တွေကို ဦးစားပေး ဆုံးဖြတ်တတ် ကြတယ် ။

Credit

No comments

Powered by Blogger.