ရော်နယ်ဒိုကို အိပ်ရေးပျက်အောင် လုပ်ခဲ့တဲ့ အီရန်ပရိသတ်များ (ရုပ်သံ)
အီရန်အသင်းကို အားပေးတဲ့ ပရိသတ်တွေဟာ ပေါ်တူဂီ နဲ့ အီရန်အသင်းတို့ ရင်ဆိုင်ကစားမယ့် ညမှာ ရော်နယ်ဒို အပါအ၀င် ပေါ်တူဂီ အသင်းသားတွေကို ပညာကောင်းကောင်း ပေးခဲ့ကြပါတယ်။ လူဦးရေ (30) လောက်ရှိတဲ့ အီရန် ပရိသတ်အုပ်စုဟာ ပေါ်တူဂီအသင်း တည်းခိုနေတဲ့ ဟိုတယ်ရှေ့ကို ညသန်းခေါင်လောက် ရောက်လာခဲ့ကြပြီး ဒရမ်တွေ၊ ထရမ်းပက်တွေနဲ့ တေးသီချင်းတွေ သီဆိုခဲ့ကြတာပါ။
အီရန် ပရိသတ်တွေ အတွက်ကတော့ ဒါက ရော်နယ်ဒိုတို့ကို ဖျော်ဖြေဖို့ မဟုတ်ပါဘူး။ သူတို့ အိပ်မရအောင် လုပ်ပီး ခြေစွမ်းမပြနိုင်ဖို့ အတွက်သာ ဖြစ်ပါတယ်။ အီရန် အသင်းအတွက် အုပ်စုနောက်ဆုံး ပွဲစဉ်ဟာ အရေးပါ နေခဲ့ပြီး ပေါ်တူဂီအသင်းကို အနိုင်ရတာနဲ့ နောက်တစ်ဆင့် တက်နိုင်ပြီဖြစ်လို့ အီရန် ပရိသတ်တွေဟာ အသင်းအတွက် သူတို့ တတ်နိုင်တဲ့ဖက်က ကူညီခဲ့ကြတာပါ။
နောက်ဆုံးမှာတော့ ဆူညံလွန်းပြီး မရပ်တန့်တော့တဲ့ သီချင်းသံတွေကြောင့် ရော်နယ်ဒို ကိုယ်တိုင် ထွက်လာခဲ့ပြီး လက်ဟန်ခြေဟန်နဲ့ သီချင်း ဆိုတာကို ရပ်တန့်ဖို့နဲ့ အိပ်ချိန်ရောက်ပြီ ဖြစ်ကြောင်း ပြသခဲ့ပါတယ်။ ဒါပေမယ့် အီရန် ပရိသတ်တွေကတော့ ရပ်တန့် မသွားခဲ့ပါဘူး။
သူတို့တွေဟာ မနက်လင်းခါနီး အချိန်အထိ ဟိုတယ်ရှေ့မှာ ရှိနေခဲ့ကြပြီး ရော်နယ်ဒိုနဲ့ သူ့ရဲ့ အသင်းသားတွေကို တစ်ညလုံး အိပ်မရအောင် လုပ်ဆောင် ခဲ့ကြတာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်က အောင်မြင်ခဲ့တယ် လို့ ပြောလို့ရပြီး အီရန်အသင်းဟာ ပေါ်တူဂီ အသင်းဆီက သိက္ခာဆည် သရေတစ်မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ အောက်တွင် ရုပ်သံကြည့်ရန် ...
Linn
Source : Dailymail




Post a Comment