Header Ads

အသက် 30 မတိုင်ခင် သိထားသင့်တဲ့ သင်ခန်းစာ (7) ခု


သင့်ရဲ့ ဘ၀မှာ အမှားတွေ အများကြီး လုပ်ခဲ့ဖူး မှာပါ ။ တကယ်တော့ အမှားတွေဟာ ကြောက်စရာ ကောင်းတဲ့ အရာတွေ မဟုတ်ပါဘူး ။ အမှားတွေဟာ ကျနော်တို့ တိုးတက်ဖို့ အတွက် အရေး ပါတဲ့ အခန်း ကဏ္ဍမှာ ပါဝင်နေ ပါတယ် ။

ဒါပေမဲ့ သင်ရဲ့ အသက် 30 မပြည့်ခင် မှာတော့ ရင့်ကျက်တဲ့ အရွယ် တခုကို ရောက်နေဖို့ လိုအပ် ပါတယ် ။ အသက် 30 မပြည့်ခင်မှာ ကျနော်တို့ လုံးဝ သိထားဖို့ လိုအပ်တဲ့ ဘဝအတွက် အရေးကြီး သင်ခန်းစာတွေကတော့

1) ကျောင်းက သင့်ကို အကုန် သင်ပေးလိုက်မှာ မဟုတ်ပါဘူး။

ကျောင်းပြင်ပ ပညာရေးတွေဟာ သင့်ကို ရေရှည် အောင်မြင်ဖို့အတွက် အကူအညီပေးမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ပညာရပ်တွေ အမြဲတမ်း ဖြည့်တင်းနေခြင်းက သင့်ကို ဘဝမှာ အောင်မြင်ဖို့အတွက် အကူအညီပေးမှာ ဖြစ်ပြီး ကောလိပ်ဒီဂရီ တွေနဲ့တင် မလုံလောက်ပါဘူး။

2) အခြားသူတွေရဲ့ အမြင်တွေကို အရမ်း ဂရုမစိုက် မိပါစေနဲ့။

လူတွေ ဘာထင်လဲ ဆိုတာ အရေးမကြီးပါဘူး။ သင်ဘာထင်လဲ ဆိုတာက အရေးကြီးပါတယ်။ ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေနဲ့ ပတ်သတ်ပြီး အရမ်း ဂရုစိုက်နေစရာ မလိုပါဘူး။ သင့်ကိုယ်သင် အာရုံစိုက် ထားပါ။

3) ပိုက်ဆံက အရာအားလုံးကို ဝယ်ယူလို့ မရပါဘူး။

ငယ်ရွယ်တဲ့ အချိန်မှာတော့ ပိုက်ဆံက ပေးနိုင်တဲ့ လွတ်လပ်မှုတွေကို လူတိုင်း ရင်ခုန်ခဲ့ဖူးကြမှာပါ။ ဒါပေမဲ့ ပိုက်ဆံက အရာရာတိုင်း မဟုတ်ပါဘူး။ Nanodyr8 တည်ထောင်သူ Adam Legas စကားအရတော့ “ ကျွန်တော်တို့တွေက ဆည်တမံလို မဖြစ်စေဘဲ မြစ်တစ်မြစ်လို အသက်ရှင်ပါ။

ငွေကြေးကိုလည်း သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်ပေးနိုင်တဲ့ အရာတစ်ခု အဖြစ်မြင်ပါ။ ပိုက်ဆံ အစား တန်ဖိုးကို ဂရုစိုက်ပါ ” ကိုယ်က ကိုယ့်ရဲ့ ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ရဲ့ ကမ္ဘာကြီးအတွက် ဘယ်လို ပါဝင်ကူညီနိုင်မလဲ ဆိုတာ အမြဲ စဉ်းစားပါ။

4) ကျန်းမာရေး ဂရုစိုက်ပါ။

ဆရာ ဦးအောင်သင်း စကားအရ ဆိုလည်း သင်ဘယ်လောက် ချမ်းသာချင်တဲ့ စိတ်ပြင်းပြနေ၊ ပြင်းပြနေ ခန္ဓာကိုယ်က ကျန်းမာရေး မကောင်းရင် ဘာမှ လုပ်လို့မရပါဘူး။ သင့်ရဲ့ ခန္ဓာကိုယ်က အောင်မြင်မှုဆီ သင့်ကို ပို့ပေးမယ့် ယာဉ်တစ်ခုပါ။ သင် သူ့ကို ဂရုစိုက်ရင် သူကလည်း ပြန်လည် ဂရုစိုက် ပါလိမ့်မယ်။

5) ဘဝဆိုတာ မတရားပါဘူး။

ဘီလ်ဂိတ်က “ ဘဝဟာ မတရားပါဘူး။ အသားကျအောင် ကြိုးစားပါ ” ။ ဘဝ ဆိုတာ ဘယ်တော့မှာ မတရားပါဘူး။ သင်အနေနဲ့ ဘာကြောင့် ငါကျမှ ဖြစ်နေရတာလဲ ဆိုတာ ခဏခဏ တွေးမိနေ ပါလိမ့်မယ်။ ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင် လုပ်ရပ်တွေအတွက် တာဝန်ယူမှုရှိဖို့ ကြိုးစားပါ။

6) ကျရှုံးမှုဆိုတာ သင်ရဲ့ သင်ကြားရေး လုပ်ငန်းစဉ်ထဲက တစ်ခုပါ။

ဘယ်သူမှ မကျရှုံး ချင်ကြပါဘူး။ ဒါပေမဲ့ တကယ် လက်တွေ့ဘဝမှာ ကျရှုံးမှုတွေ ကြုံတွေ့ခြင်းဟာ သင့်ကို သင်ခန်းစာ အသစ်တွေ ပေးမှာ ဖြစ်သလို သင်ဘယ်တော့မှ အရှုံးမပေးမချင်း သင်မကျရှုံး သေးပါဘူး။

7) ရည်မှန်းချက်ထားပီး အသက်ရှင် နေထိုင်ပါ။

ငယ်ရွယ်တုန်းကတော့ ကျွန်တော်တို့ ဖြစ်ချင်တာတွေက အများကြီးပါ။ ဒါပေမဲ့ ကျွန်တော်တို့ အသက်ကြီးလာပြီဆိုတာနဲ့ ကျွန်တော်တို့ရဲ့ စွမ်းအားနဲ့ အချိန်တွေကို ဘယ်နေရာ မောင်းနှင်မလဲ ဆိုတာ အရေးကြီးလာပါပြီ။ ဒါ့ကြောင့် အသက်ကြီးလာတာနဲ့ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေအတွက် အသက်ရှင်ပါ။

ကိုယ့်ရဲ့ ရည်မှန်းချက်ကို ရှာဖွေပြီး ကိုယ်လိုချင်တဲ့ ဘဝမျိုးကို တည်ဆောက်ပါ။ ဘဝကို ကောင်းကောင်း အသက်ရှင်ပါ။ ကိုယ်ကိုယ်ကို ယုံကြည်မှုရှိပါ။ ဆရာတွေဟာ လူသစ်တွေထက် အများကြီး ပိုမှားတတ်ကြောင်း နားလည်ထားပါ။

Credit

No comments

Powered by Blogger.