ဒူးနဲ့ မျက်ရည်သုတ်ဖို့ မွေးလာတာလား...
ယောက်ကျားလေးတွေလောက် မလိမ်ဘူးလို့ ပြောတာ ယောက်ကျားလေးတွေပဲ ရှိတယ် ။ မိန်းခလေးတွေလောက် မယုံပါဘူး လို့ ပြောတာလည်း မိန်းခလေးတွေပဲ ရှိတယ် ။
ဒါပေမယ့်လည်း ယောက်ျားလေးတွေလောက် လိမ်တာ ယောက်ျားလေးတွေပဲ ရှိပြီး မိန်းခလေးတွေလောက် ယုံတာ မိန်းခလေးတွေပဲ ရှိတယ် ။
မိန်းခလေး တယောက်ဟာ အယုံအကြည် လွယ်တယ် ၊ ခံစားရ လွယ်တယ် ၊ အစွဲအလန်းကြီး နေတတ်တယ် ဆိုရင် အဲ့ဒီ မိန်းခလေးဟာ နောင်တတွေ နဲ့ အလိမ်အညာတွေပဲ ခဏခဏ ရနေမှာပါ ။
အိမ်မှုကိစ္စ အလုပ် လုပ်တတ်တာနဲ့ မိန်းမ ပီသပြီလို့ ကိုယ့်ကိုယ်ကို မထင်လိုက်နဲ့ ။ တကယ့် မိန်းမဖြစ်ချင်ရင် သိပ်တော်နေရမယ် ။ ထက်မြက်မှု ရှိနေရမယ် ။
အဲ့လိုမှ မရှိနေရင် အဲ့ဒီ မိန်းခလေးဟာ သေရောပဲ ။ အရှင်လတ်လတ် အသုံးမဝင်ပဲ သေနေသလို ပါပဲ ။
ကိုယ်က မိန်းခလေးလည်း ဖြစ်ပြန် ၊ ကိုယ်ကိုယ်တိုင်ကမှ ထိလွယ် ရှလွယ် နေရင် ခပ်လည်လည် ခပ်ပွေပွေ ယောကျာ်းမျိုးနဲ့ တွေ့ရင် ဒူးနဲ့မျက်ရည် သုတ်ရပြီပေါ့ ။
မိန်းမ ဆိုတာ အမေ မွေးကတည်းက ဒူးနဲ့ မျက်ရည် သုတ်ဖို့ မွေးဖွားလာတာ မဟုတ်ဘူး ဆိုတာကို သိထားကြပါ ... ။
KyatLynnKhatt

Post a Comment