Header Ads

အရမ်းလှတဲ့ ကောင်မလေးတွေက ဘာ့ကြောင့် Single ဖြစ်နေရတာလဲ ....


ဒီခလေးမလေး နဲ့ Facebook account မှာ Fri ဖြစ်နေတာ အတော်တော့ ကြာခဲ့ပါပြီ ... ခန့်မှန်းခြေ 2 နှစ် လောက်တောင် ရှိမလားပဲ ။

သူမ ကြည့်ရတာ ... အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ နှလုံးလမ်းကြောင်းမှာ ကျွန်း ခံနေပုံရတယ် တယောက်နဲ့မှ Anniversary အထိ မရောက်လိုက်ဘူး ။ အချိန်တန်ရင် ပျက်သွားတာ ချည်းပဲရယ် ။

လှတာကတာ့ တော်တော့်ကို လှပါတယ် ... မျက်လုံးလေးတွေဆို ဝိုင်းစက်ပြီး Brown Colour လေးနဲ့... အသားအရေက  နေပူထဲထွက်လေ ပိုလှလေ  ဥမ္မာဓါနီ ပပဝတီ ဝင်စားသလား ထင်မှတ်ရတယ် ဝင်းနေတာပဲရယ်... အရပ်က မနိမ့်မမြင့် မြန်မာ မိန်းခလေးပီသတဲ့ Normal Size... ဆံပင်က အမြဲတမ်း Update ဖြစ်တယ် ဖြောင့်လိုက်ကောက်လိုက်နဲ့ Style ကကျပါ့ ... ။

တခါတလေ သူမ Live လွှင့်လို့ ကြည့်မိတယ် ... အသံလေးက မွေးကာစ ခလေး အတိုင်း အသဲ ယားစရာ  မပီကလာပီကလာနဲ့ ... လူပုံစံလေးက ကိုင်ပေါက် လွှင့်ပစ်ချင်စရာ ကျစ်ကျစ် လျစ်လျစ်နဲ့ ချစ်စရာလေး ...

စိတ်ထားလည်း ကောင်းပုံရတယ် ပရဟိတ လုပ်တဲ့ Post ခဏခဏ တွေ့ရတယ် ... အနေအထိုင်လည်း အေးဆေးပါပဲ သိမ်သိမ်မွေ့မွေ့နဲ့ တည်ငြိမ်သူလေး... ဘာသာတရားလည်း ကိုင်းရှိုင်းတယ် ... သူ့ Wall ထဲမှာဆို ဘုရားသွား ကျောင်းတက် အမှတ်တရ Save ထားတဲ့ ပုံလေးတွေချည်း ... ။

ခက်တာက ဘယ် တယောက်ကမှ သူ့အနား ရက်ကြာကြာ မနေကြဘူး မတွဲကြဘူး စွန့်ခွာ ထွက်ပြေးသွားကြတာချည်းပဲ။

သိရသလောက်ကတော့ သူမက Silent မထားဘူး တွဲလိုက်ရင် Official ပဲ အေး ဒါပေမယ့် မြဲလည်း မမြဲဘူး။

ခု Relationships တက်တယ်နော် နောက် 1. လ 2. လဆို Single ပြန်ဖြစ်ရော ... အဲ့တော့ သတိထားမိလာတော့တာပေါ့။

ဘာလားပေါ့ .. ဒီလောက်လှတဲ့ ကောင်မလေး Perfect ဖြစ်တဲ့ ကောင်မလေးကိုများ ရာရာစစ ထားသွား ပစ်သွားတဲ့သူကရှိသေး သူ့ Ex တွေ တော်တော် တုံးတယ် နောက်မှ နောင်တ ရနေလိမ့်မယ် ဆိုပြီး စိတ်ထဲက သူမ အစား ပြောမိသေးတယ်။

တရက် သူမတင်တဲ့ ပုံကို Comment ဝင်ပေးမိတယ် အဲ့ကစ ဘဝ ပျက်တော့မယ်မှန်း ဘယ်သိခဲ့မလဲ ? သူမ ဆီက Reply ပြန်လာတယ် နောက်ပိုင်း Chat box မှာ ပြောဖြစ်ကြတယ်

ပြောရရင် ခင်မင် ရင်းနှီးတဲ့ အဆင့် ရောက်လာတယ် Video call ပြောဖြစ်တယ် အပြင်မှာ Dating လုပ်ဖြစ်တယ် သိပ်မကြာဘူး ရည်းစားတွေ ဖြစ်သွားတယ်ပေါ့။

သူမ ဘာကြောင့် ရည်းစားနဲ့မမြဲလဲ ? အဖြေကို တစ်ဖြည်းဖြည်းနဲ့ သိလာရပြီလေ ဘယ့်နှယ့်သူမက ကျပ်မှ မပြည့်တာကိုး ဘယ်လိုလုပ် သူ့ဒဏ်ခံနိုင်မလဲ ?

မှတ်မှတ် ရရ ချစ်သူဖြစ်ပြီး 10 ရက်ကျော် လောက်ကပေါ့ အဲ့နေ့က မိုးတွေ သည်းကြီး မည်းကြီးရွာတယ် Aww ကိုယ်က ထီးလေး ဖွင့်ဆောင်းမယ် လုပ်တော့ ... သူမက

" ပြန် ပိတ်လိုက် "

" ဟင် ဘာလို့လဲ မိုးရွာနေတယ်လေ စိုကုန်မှာပေါ့ "

" မရှည်နဲ့ ပိတ်ဆိုပိတ်  လာ မိုးရေထဲ လမ်းလျှောက်ရအောင်  Romantic ဆန်တာပေါ့ " တဲ့။

ကိုယ်လည်း အတိုက်အခံ လုပ်မနေတော့ဘူး ချစ်သူဖြစ်ကာစ ဆိုတော့ အလျှော့ ပေးလိုက်ပါတယ် သူမနဲ့အတူ ထီးကို လမ်းဘေးပစ်ချ မိုးရေထဲ လျှောက်ရတော့တာပေါ့ ။

ကဲ နာရီဝက်လောက်လျှောက် ကျနော် မပြောဘူး အလွန်ဆုံး တနာရီလား ရသေးတယ် ခုဟာက သုံးနာရီ လေးနာရီလောက် ကို မိုးရေထဲ မနားတမ်း Run တာဗျာ သေရချည်ရဲ့ လူလည်း သေမလို ရှင်မလိုပဲ နှာတွေလည်း ချေ ... ချမ်းလို့ ဂတ်ဂတ် ဂတ်ဂတ် တုန် တိုတက်နေရော ...

အံမယ် သူမကိုကြည့်တော့ အေးဆေးပဲ ကိုရီးယားကား ထဲက မျက်နှာပေးနဲ့ လက်ကိုဆန့် မိုးစက်တွေ ဆော့ကစားနေသေး ကိုယ့်မှာသာ တပတ်ကျော် အပြင်းဖျားတာ မနည်း ဆေးပြန်ကုလိုက် ရတယ်လေ အဲ့လိုတွေပါဆို။

နောက်ပီး ရှိသေးတယ် ... ကုန်းပိုး ပိုးခိုင်းတဲ့ ကိစ္စ။ ရတယ် မလုပ်ဘူး မပြောဘူး ချစ်သူပဲ အနွံတာခံရမှာ အလိုလိုက်ရမှာပေါ့ လူရှင်းတဲ့ ပန်းခြံ ဒါမှမဟုတ် တံတားပေါ်တို့ လမ်းကြားထဲတို့ပေါ့ ဟုတ်ဘူးလား?

ခုဟာက လူကြပ်ပါတယ်ဆိုတဲ့ Bus ကားပေါ်မှာ စတိုင်ကျကျ လိမ့်ကျမယ့် Junction City တို့ Myanmar Plaza လို နေရာမျိုးမှာ ရွှေတိဂုံဘုရားပေါ်လို လူထူထပ်တဲ့ နေရာမှာ ရုပ်ရှင်ရုံထဲ ဝင်တာက အစ ဆူရှီဆိုင် ကြေးအိုးဆိုင် ထဲ ဝင်သွားတာက အဆုံး အလကားနေ ကုန်းပိုး ပိုးခိုင်းတာဗျာ စဉ်းစားကြည့် ...

ရည်းစားထားတာလေ မင်္ဂလာဈေးက အထုပ်ထမ်းတဲ့ ကူလီမှ မဟုတ်ဘဲ ကြာတော့ ကျောကုန်းမှာ  ပွေးလိုလို ညှင်းလိုလို အကွက်အကွက်လေးတွေပါ ပေါက်လာတဲ့ အထိ ။

နောက်တခုကလည်း ရောက်လေရာ ဓာတ်ပုံ ရိုက်ခိုင်းတာ ။ ရိုက်ပါ ။ မရိုက်နဲ့ မပြောဘူး ။ ကျနော်က Camera Men သူမက Photo Model စတွဲကတည်းက ဒီလိုဖြစ်မယ် သိပြီးသား ။

ဒါပေမယ့်ဗျာ သူမက Over ကိုလုပ်လွန်းတယ် သူ့ပုံတွေကို သူများနဲ့ မတူချင်တာရယ် နေရာက အစ အဆန်း ဖြစ်ချင်တာရယ် အဲ့အချက်တွေက ရှော့သိပ်တက်ခဲ့တာ။

ဥပမာဗျာ ရေမြောင်းထဲ ဆင်းရိုက်ရတယ် အံမယ် သူမကကျ  ပလက်ဖောင်းပေါ်မှာ ထီးလေးဆောင်း အခန့်သားနဲ့လေ။ ပေ 30 လောက်အမြင့်ကို လှေကားနဲ့တက် အသဲတယားယား ရင်တလှပ်လှပ်နဲ့ ရိုက်ရတယ် ဒင်းက အောက်မှာ ပန်းလေးတွေ ကျဲထားတဲ့ အလယ်မှာ ပက်လက်လေးလှန် အိပ်လို့ အံမယ် အသည်းပုံလေးပါ လုပ်ထားသေး ... Post က အသေမိုက် အလန်းဇယား ကိုယ့်မှာသာ ပြုတ်ကျရင် ကွိကနဲ မျိုးတုန်းမှာ။

ဝမ်းလျားမှောက် ရိုက်ပေးရတာက တမျိုး ဇောက်ထိုး ရိုက်ပေးရတာကတစ်မျိုး လူကကြာတော့ ဖုန်အလိမ်းလိမ်းတက်ပြီး သူတောင်းစားလေးနဲ့ တူမှန်းမသိ တူလာတယ် အိမ်က ထွက်လာတော့ အကောင်း ပြန်ရောက်ရင် စုတ်ပျက်သတ် နေလို့ အိမ်ကတောင် မေးတယ် ငါ့သား ပန်းရံများ ဝင်ရွက်လာတာလား တဲ့ ။

ညဘက်ကျတော့လည်း အိပ်ကောင်းတဲ့ အချိန် 2 နာရီ 3 နာရီ လောက် ဖုန်းဆက်ပြီ ဘာလို့လဲ မေးကြည့်တော့ ရှုး ထပေါက်တာ သရဲကြောက် လို့တဲ့ သေရော ကိုယ့်မှာ နေ့တိုင်း အိပ်ရေးကို ပျက်လို့ မနက်ဆို အလုပ် နောက်ကျလို့ Fine တပ် ခံရတယ် ကြာတော့ မျက်တွင်းဟောက်ပက်နဲ့ မှန်တောင် မကြည့်ရဲဘူး ကိုယ့်ရုပ်ကိုယ် ပြန်ပြန်လန့်မိလို့လေ။

နောက်ထပ် ကျန်သေးတယ် ရောက်တဲ့ အရပ်ကနေ Video Call ဖွင့်ခိုင်းတဲ့ ကိစ္စ ။ စဉ်းစားကြည့်လေ တစ်ချို့ နေရာတွေဆို ဘယ်လိုလုပ် Video Call  ပြောလို့ အဆင်ပြေပါ့မလဲ ?

သူမက မရဘူး ချက်ချင်းဆို ချက်ချင်းမှ။ ကိုယ့်မှာ ရေချိုးရင်း တန်းလန်း VC ဖွင့်ပြောရတာ ဆောင်းတွင်း အေးရတဲ့အထဲ နာရီပေါင်းများစွာ VC ပြောရတာ ရေစိုလက်စနဲ့ လူက အဆုတ်အအေးမိ ရောဂါပါ ဖြစ်ရော ။

ခုတော့လည်း သူမနဲ့ ပြတ်သွားပါပြီလေ ဒီတစ်ခါ သူမဘက်က အရင် စဖြတ်တာ အကြောင်းရင်းက တွဲရတာ ပျင်းလာလို့ တဲ့လေ ကျေးဇူးများတောင် Double တင်သေး အဲ့နေ့က အပျော်လွန်ပြီး တွေ့သမျှ အလှုခံ အကုန် ထည့်ပြစ်တာ ... တွေ့ကရာလူ Fly kiss တွေ ချည်းပေးပစ်တာ ... ။

ခင်ဗျား တို့လည်း သတိထားပါ ။ မိန်းခလေး တယောက် သိပ်လှလွန်းနေပါလျက် Single ဖြစ်နေတယ် ။ Perfect ဖြစ်ပါလျက် နဲ့ ရည်းစားနဲ့ မမြဲဘဲ မကြာခဏ ဆိုသလို FA ဖြစ်နေတယ်ဆို Propose လုပ်ရင် ကြည့်လုပ် ကျပ်မပြည့် ပြား 90 တွေ အဲ့ဒါမှ Danger အစစ်တွေ ဖြစ်နေတတ်တယ်လေ စိတ္တဇ ဆေးရုံ ရောက်ဖို့က 100 % သေချာပြီသာမှတ် ... ။        ။

SM

No comments

Powered by Blogger.