ကိုကို အပြင်သွားရအောင်..
" ကိုကို.. အပြင်သွားမယ်..."
" ဘယ်သွား မလို့လည်း..."
" မသိသေးဘူး...."
" ငင့် ဘယ်လိုလား..."
" ဒါနဲ့ ကို အဲ့ အထုပ် ထမ်းခဲ့..."
နည်းနည်းနောနော အထုတ်ကြီးမှ မဟုတ်တာ ဗျာ...
" ဘာလုပ်မလို့လည်း ဒီအထုပ်က..."
" သယ်မှာဖြင့် သယ်လာပါ... လျာရှည်လိုက်တာ ကို ကလည်း..."
မတက်နိုင်ဘူးလေ ချစ်တာဂို ဒင်းသယ်ခိုင်းရင် သယ်ရမှာပဲ...
" ခဏလေး ကို အဲ့အထုပ် ထမ်းနေတဲ့ ပုံကို ချစ်နဲ့ တူတူ အမှတ်တရ selfie ဆွဲမယ်..."
ပီတိတွေဖြာ သွားတာပေါ့ ဒင်းက အမှတ်တရတွေ ဘာတွေ လုပ်နေတော့ စိတ်ထဲ ကြိတ်ပျော်နေတာပေါ့...
" ကိုကို ပိုက်ဆံ ၅၀၀၀ လောက်ပါလား..."
" အဲ့လောက်တော့ ပါတယ်လေ ချစ် ဘာလုပ်မလို့လည်း.."
" Taxi ငှါးစီးမလို့..."
" အော် အင်း ဘယ်ကိုလည်း..."
" တာမွေက သူငယ်ချင်းတစ်ယောက်ဆီ..."
တာမွေရောက်တော့... နှစ်ထပ်တိုက် အိမ်အကြီးကြီး ရှေ့မှာ Taxi ရပ်လိုက်ပီး...
" ကိုကို ပြန်ရင်ပြန်နှင့် ချစ်က ဒီမှာ ညအိပ်မှာ..."
" အော်အင်း အဲ့ဒါဆို see u tomorrow လေ..."
" ဟုတ် ကိုကို အရမ်းချစ်တယ်..."
ဒီလိုနဲ့ ကျနော်လည်း ပြန်လာတာပေါ့ အိမ်ပြန်ရောက်တော့... ပျင်းတာနဲ့ facebook လေး ဖွင့်ကြည့်တာ... ငတိမလေးရဲ့ post ကို မြင်ပီး မျက်လူံးပြူးသွားတယ်.. တင်ထားတဲ့ post က ဘာတဲ့...👇👇
" ခေး ချစ်ရတဲ့သူဆီ အထုတ်ထမ်းပီး လိုက်ပို့ပေးတဲ့ bff ကြီး ကျေးဇူးပါ..." Feeling..Thank you
အောက်မှာလည်း ခုနက အထုတ်ထမ်းပီး သူနဲ့ အမှတ်တရ ရိုက်မယ် ဆိုတဲ့ selfie ပုံလေး...
တောက်...!! ရှက်ဖို့ကောင်းလိုက်တာ ကျနော့်ကို ဂျင်းထည့်သွားတာ ငတိမက... ကျနော့် ပိုက်ဆံနဲ့လည်း Taxi စီးသွားသေးတယ်.. သူ့အထုပ်လည်း ထမ်းရသေးတယ်... ဂျင်းကောင်မ က ကျုပ်ကို ဂျင်းထည့်သွားတာ...
အဲ့ဒါနဲ့ ကျနော်လည်း အသဲကွဲပီး စိတ်ညစ်နေတာပေါ့....
" ဒေါက်...ဒေါက်...ဒေါက်..."
ဟာကွာ စိတ်ညစ်နေပါတယ်ဆို ဘယ်သူက တံခါး လာခေါက်လည်း မသိဘူး.... ကျနော် တံခါးကို ထဖွင့်ပေးလိုက်တော့....
" သူပဲ သူပဲ ရဲမှူးကြီး ကျမ ရဲ့ အသက်မပြည့်သေးတဲ့ သမီးလေးကို ခိုးပြေးဖို့ လိုက်ပို့ပေးတာ သူပဲ..."
" ဟာ.. အန်တီ... ကျနော်.. နော်..."
" ညီလေး ဘာမှ မပြောနဲ့ စခန်းရောက်မှ ရှင်းကြတာပေါ့.."
တောက်..!! တော်တော် ဒုက္ခပေးတဲ့ ငတိမ.. ဒင်းကြောင့် အချုပ်ခန်း ထဲ ၃ရက်လောက် အိပ်လိုက်ရသေးတယ်.... အချုပ်က လွတ်လာတော့ သိပ်မကြာဘူး.. စော်တစ်ယောက် ထပ်ရတယ်လေ...
သူကလည်း ဘာပြောတယ် မှတ်လည်း....
" ကိုကို အပြင်သွားရအောင် အဲ့အထုပ် ထမ်းခဲ့တဲ့..."
အံသြဘ.. အံသြဘ..😖😖
original by နိုင်ကွန်ကျော်

Post a Comment