Header Ads

လိင်မှုကိစ္စဆိုတာ အောက်တန်းကျတဲ့ ကိစ္စလား..


ကျနော်တို့ နိုင်ငံမှာ လိင် ဆက်ဆံခြင်း ဆိုတဲ့ ကိစ္စဟာ တော်တော့်ကို အောက်တန်း အကျဆုံး ရှက်စရာ အကောင်းဆုံး အလုပ် တခုလို့ ခံယူထားကြသူ အများအပြား ရှိပါတယ် ။ လိင်ဆက်ဆံတာနဲ့ ပက်သက်ပြီး ကိုယ်ကျင့် သိက္ခာတွေ နဲ့ပါ တိုင်းတာ နှိမ့်ချတတ်တဲ့ ဓလေ့ ကလည်း အခုချိန် အထိ ရှိနေဆဲပါ ။

ဆန့်ကျင်ဘက် အနေနဲ့ လိင် မဆက်ဆံခြင်း ၊ ဆန့်ကျင်ဘက် လိင်ကို စိတ်မဝင်စားခြင်း ကတော့ သူတော်ကောင်းကြီး သဖွယ် လေးစားခြင်းခံရတတ် ပါသေးတယ် ။ ဒါဟာ ဘာသာရေး ဘက်က နွယ်လာတဲ့ အယူအဆတွေကြောင့် ဖြစ်ပါတယ် ။ ပြောရရင်တော့ ကိလေသာ တဏှာ ရာဂစိတ် ကင်းတယ် ပေါ့ဗျာ ။

အဲ့တော့ လူ့စိတ်ရဲ့ မသိမသာ ဂုဏ်ဖော်လိုတဲ့ ဆန္ဒအရ အပျိုကြီး လူပျိုကြီးတွေဟာ ဘုရားတရား ပိုလုပ်ပြလာလေ့ ရှိပါတယ် ။ လိင်စိတ်ကြောင့် ဖြစ်လာတဲ့ အဖော် လိုချင်တဲ့ ဆန္ဒကို ထိန်းချုပ်ဖို့ ခွေးတွေ ကြောင်တွေကို အဖော်အဖြစ် မွေးတတ်ကြ ပါတယ် ။ တကယ်တော့ သူတို့တွေဟာ လိင်စိတ် ကုန်သွားတာ မဟုတ်ပါဘူး လိင်စိတ် ချိုးနှိမ်ခံလိုက်ရတာပဲ ဖြစ်ပါတယ် ။

လူတိုင်း လူတိုင်းဟာ လိင်စိတ် နဲ့ မွေးလာတယ်လို့ ကျနော် ပြောရင် ခင်များတို့ သိပ်ရှက်သွားကြမလား မသိဘူး ။ အဲ့ဒီကနေ ဆက်စပ် လာတဲ့ ပြသနာ တခုကတော့ ကျနော်တို့ လူမှုပတ်ဝန်းကျင်မှာ လိင်ကိစ္စဟာ မကြားဝံ့ မနာသာကိစ္စ တခုဖြစ်လာတယ် ။

ဆဲဆိုခြင်း အပါအဝင် လိင်ဆက်ဆံခြင်းနဲ့ ပက်သက်ဆက်နွယ်လာတဲ့အရာတွေ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရွံရှာ စက်ဆုတ်ဖွယ်ရာတွေ အဖြစ် မြင်ပြကြတယ် ။ အဲ့လိုမြင်ပြလေ သူတော်ကောင်း ဆန်လေ ဖြစ်လာတဲ့ အခါ အခြားသော တကယ့် ယုတ်ညံ့မှုတွေက မပြောပ လောက်စရာ ဖြစ်သွားကြတယ်ဗျ ။

ဥပမာပြောရရင် လမ်းပေါ်မှာ နမ်းရှုံ့နေတဲ့ ချစ်သူရည်းစား နှစ်ယောက်ကို အရှက်မရှိ လိုက်တာ ဆိုပြီး အပြစ်တင်ကြပေမဲ့ စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့လူ ကိုတော့ အပြစ်မမြင်ကြတော့ ပါဘူး ။ ဘာသာရေး အလုပ် တခုကြောင့် အနှောက် အယှက် ဖြစ်ရရင် သည်းခံနိုင်ကြ ပေမဲ့ သဘာဝအတိုင်း နေထိုင်ကြတဲ့ ယောက်ျား မိန်းမ အတွဲ ကိုတော့ အနှောက်အယှက် မဖြစ်တာတောင် သည်းမခံနိုင်ကြ ပါဘူး ။

ဒီထက် ဆိုးဝါးတာ ကတော ဖာရုံကို သွားခြင်းဟာ အင်မတန် ယုတ်ညံ့တဲ့ အလုပ် တခု ဖြစ်လာပြီး အုပ်ချုပ်နေတဲ့ အစိုးရကပါ ဒီအချက်ကို အားပေး အားမြှောက် ပြုထားကြတာ ပါပဲ ။ နှစ်ဦး သဘောတူ လိင်ဆက်ဆံခြင်းဟာ ပြစ်မှု မြောက်ပါသတဲ့ ။

ဒါဟာ သိပ်ကို အံ့ဩဖို့ ကောင်းတယ်ဗျာ ။ လိင်ဆက်ဆံခြင်း ကိုသာ မက လိင်လုပ်သားတွေကို ပါ လူမှုရေး ဖောက်ပြန်သူတွေ အောက်တန်းကျသူတွေ အဖြစ် တရားဝင် သတ်မှတ်လိုက်တာ ပါပဲ ။ အခြားသော ဖွံ့ဖြိုးပြီး နိုင်ငံတိုင်းမှာ တရားဝင် ခွင့်ပြုထားတဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေ ရှိသလို အဲ့ဒီ နိုင်ငံတွေရဲ့ Tourist Attraction တွေထဲမှာ လိင်လုပ်ငန်းတွေ ဟာလည်း တခု အပါအဝင် ဖြစ်ပါတယ် ။

ဒါ့အပြင် sex film အပြာဇာတ်ကား လုပ်ငန်းဟာလည်း တရားဝင် ခွင့်ပြုထားသလို ဝင်ငွေကောင်းတဲ့ လုပ်ငန်း တခုအဖြစ် အပြိုင်အဆိုင် လုပ်ကိုင်ကြ ပါတယ် ။ တခြားနိုင်ငံတွေမှာ လိင်လုပ်ငန်းနဲ့ ဝင်ငွေ ရှာနေကြ ချိန်မှာ ကျနော်တို့ ဆီမှာတော့ ဒီလို ဇာတ်ကား ကြည့်ရင်တောင် တဏှာရူး တယောက် ဖြစ်စေပါတယ် ။

လိင်စိတ်ဟာ သဘာဝသာ ဖြစ်တယ် ဆိုတဲ့ အခြေခံ အချက်လေး ကိုတောင် မတွေးနိုင်ပဲ သဘာဝနဲ့ ဆန့်ကျင်လေ မြင့်မြတ်လေ လို့ ယူဆကြသူတွေဟာ အသိအမြင်အတွေးအခေါ် နိမ့်ပါး လို့သာ ဖြစ်တယ် ဆိုတာ မြင်သာပါတယ် ။

ကျနော်တို့ နိုင်ငံက ဥပဒေဟာ ယောက်ျားတွေကို ' တောင်ခွင့် ' ပဲ ပေးပါတယ် ။ ဥပမာ KTV မာဆတ် စတဲ့လုပ်ငန်းတွေ ကိုတော့ တရားဝင် ခွင့်ပြုထားတယ် ခင်ဗျ ။ အဲ့ဒါက တောင် လို့ပဲ ရပါတယ် ။ ဥပဒေက ဒီအထိ ခွင့်ပြုထားတယ် ။

အကယ်လို့ ခင်ဗျားဟာ တောင် ရုံထက် ပိုချင်တယ် ဆိုရင်တော့ ခင်ဗျားရဲ့ တရားဝင် ဇနီးမယား တယောက်ထဲ ကိုသာ ပိုခွင့် ရှိတယ် ။ အဲ့ဒါဆိုရင် တရားဝင် ဇနီးမယား သမီး ရည်းစား မရှိသူတွေ ကတော့ KTV သွား တောင် ပြီးရင် ပြန်ရုံပဲ ရှိတာပေါ့ ။

ဒါပေမဲ့လည်း လိင်စိတ်ဟာ အင်မတန် အင်အား ကြီးပါတယ် ။ တောင်ပါ များလာတဲ့ အခါ တရားမဝင် ခိုးဖွင့်ထားတဲ့ ဖာဘိ ကပဲ ဖြေရှင်းစရာ တခု ဖြစ်လာတယ် ။ အဲ့ဒီလို တရားဝင် ထိန်းချုပ်မှု မရှိတဲ့ ဖာဘိတွေ ကနေ ရောဂါတွေ ရလာတာတွေ ဖြစ်လာတယ် ။

ဒါပေမဲ့ ကိုယ့်အိမ်မှာတင် လုပ်စားလို့ ရတဲ့ ဖာဘိကို ဘယ်လောက်ပဲ ဥပဒေနဲ့ တားဆီးပါစေ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး ။ ဖာ လုံးဝ ကင်းစင်သော နိုင်ငံ ဆိုပြီးတော့လည်း ဘယ်နိုင်ငံမှ အထင် မကြီးပါဘူး ။ လိင်ကိစ္စဟာ စက်ဆုပ် ရွံရှာဖွယ်လို့ မြင်နေကြတဲ့ အချိန်မှာ အခုလို တရားဥပဒေနဲ့ တင်းကျပ် အားပေးလိုက်တဲ့ အခါ လိင်ပညာပေးရေး လုပ်ငန်းဟာ ဘယ်လိုမှ အသက် မဝင်တော့ ပါဘူး ။

ကျနော်တို့ နိုင်ငံမှာ ကောင်လေးတွေ ကောင်မလေးတွေ အသက် ငယ်ငယ် ရွယ်ရွယ်လေးနဲ့ ကလေး မရ လာအောင် ၊ လိင်နဲ့ ပက်သက်တဲ့ ရောဂါတွေ ကာကွယ် နိုင်အောင် ၊ အရွယ် မရောက်သေးတဲ့ ကလေးတွေ အလိုမတူပဲ ပြုကျင့် မခံရအောင် ...... စသည်ဖြင့် လိင်ပညာပေးခြင်းဟာ အမှန် တကယ်ကို လိုအပ်ပါတယ် ။

လူတိုင်း လူတိုင်းဟာ တချိန်ချိန်မှာ လိင်ဆက်ဆံခြင်း ဆိုတာကို ကြုံတွေ့ရမှာ ပါပဲ ။ လိင်ပညာပေးခြင်း ဆိုတာဟာ ဟာ လိင်မဆက်ဆံဖို့ တားမြစ်တာ မဟုတ်ပဲ တချိန် ကြုံတွေ့လာရတဲ့ အခါ အသိဉာဏ်ရှိစွာ ဆက်ဆံနိုင်ဖို့ လိင်ဆက်ဆံခြင်းကြောင့် ဒုက္ခမရောက်ရအောင် သင်ကြားပေးတဲ့ ဘဝအသိပညာ ဖြစ်ပါတယ် ။ ဒါတောင် ဖြစ်လာဖို့ကို အတော်လုပ်ယူရမယ့် သဘော ရှိပါတယ် ။

လိင်အသိပညာ မရှိရင် တကယ်တမ်း ဒုက္ခရောက်မှာက ခင်ဗျားတို့ မိဘတွေ မဟုတ်ပါဘူး ။ ခင်ဗျားတို့ရဲ့ သားသမီးတွေ ဆိုတာ သိစေချင် ပါတယ် ။ ဘာလို့လဲ ဆိုတော့ ခင်ဗျားတို့ ဘယ်လောက်ပဲ ဆန့်ကျင်နေ ပါစေ ယောက်ျား မိန်းမတိုင်း အရွယ်ရောက်လာတဲ့ အခါ လိင်မှုကိစ္စတွေ မလွှဲမသွေ ကြုံလာရမှာပါ ။ ဒါဟာ သဘာဝသာဖြစ်ပြီး ရှက်စရာ အောက်တန်းကျတဲ့ အလုပ် မဟုတ်ပါဘူး ။

လောကကြီးမှာ လိင်ကိစ္စ မဟုတ်တဲ့ အောက်တန်းကျတဲ့ အခြေအနေတွေ အများကြီး ရှိပါတယ် ။ လိင်လုပ်သားတွေကို တရားဝင် စည်းကမ်းတကျ ခွင့်ပြုပေးလိုက် ခြင်းဖြင့် အလုပ်အကိုင် ရှားပါးတဲ့ အမျိုးသမီး တချို့ရဲ့ ပြသနာကိုလည်း ဖြေရှင်းပြီး ဖြစ်သလို ၊ မုဒိန်းမှု အိမ်ထောင်ရေး ဖောက်ပြန်မှု ၊ လူမှုရေး ဖောက်ပြန်မှုတွေလည်း အထိုက်အလျောက် လျော့နည်းသွားမှာပါ ။

ပြီးတော့ လိင်လုပ်သားတွေ ရဲ့ ဘဝကို အပြစ်တင်ကြသူ အများစုက လက်ရှိ ဘဝမှာ အဆင်ပြေနေကြသူတွေ ၊ မခက်ခဲသူတွေ များပါတယ် ။ လောကမှာ ကိုယ် မကြုံဖူးသေးတဲ့ ဘဝတွေ အမျိုးမျိုး ရှိတယ်ဗျ ။ လိင်လုပ်သားဆိုတာနဲ့ လိင်ကိစ္စကို ဝါသနာ ပါလွန်းလို့ လုပ်နေကြသူတွေ ၊ ငွေရလွယ်လို့ လုပ်နေကြသူတွေချည်း မဟုတ်ပါဘူး ။

မိမိ ကိုယ်တိုင်လည်း သူတို့လို ဘဝအခြေအနေ အသိပညာ အခြေအနေမျိုးမှာ ဘာမဆို ဖြစ်သွားနိုင်တယ် ဆိုတာမျိုး ကိုယ်ချင်းစာစိတ် ထားကြပါ ။

အဲ့လို ကိုယ်ချင်းစာစိတ် မရှိခြင်းဟာ လိင်ကိစ္စထက် များစွာ အောက်တန်းကျတဲ့ စိတ် ဆိုတာ သတိပြုပါ ။ လိင်ကိစ္စကို အတင်း အဓမ္မ ဆန့်ကျင်ခြင်းဟာ သဘာဝတရား ကို ဆန့်ကျင်တာသာ ဖြစ်ပြီး သူတော်ကောင်း အလုပ် မဟုတ်ဘူး ဆိုတာ သိစေချင် ပါတယ် ။

ကုတင်ပေါ် မှာတော့ ပိုးစိုးပက်စက် ပလူးနေပြီးတော့ လိင်နဲ့ ပက်သက်တဲ့ အသံ တခုခု ကြားတော့မှ နားမခံ သာဘူး ၊ ရှက်စရာ ကောင်းတယ် ဆိုရင်တော့ ပြောစရာ တခွန်း ထဲ ရှိပါတော့တယ် ။ အဲ့ဒါကမှ တကယ့် အောက်တန်းကျတဲ့ ' ဖာ ' အစစ်သာ ဖြစ်ကြောင်း ...... ။

ZAP

No comments

Powered by Blogger.