Header Ads

ချစ်​သူလေးနဲ့အတူ ​YBS ကား​ စီးလာ​သောအခါ...


ချစ်​သူလေးနဲ့ အတူ ​YBS ကား​လေး စီးလာ​သောအခါ...

" ချစ်​..."

" ရှင်​..."

" ပိုက်​ဆံ ၂၀၀ ​လောက်​​ချေးပါလား... ပိုက်​ဆံအိတ်​ ​မေ့ကျန်​ခဲ့လို့ ကားခ မပါဘူး..."

" မ​ချေးနိုင်​ဘူး..."

" ဒီမှာကွာ ပိုက်​ဆံအိတ် ​မေ့ကျန်​ခဲ့ပီး Atm ကဒ်​ပဲ ပါလာလို့..."

" ရှင့်ကဒ်​က Atm ကဒ်​မှ မဟုတ်​တာ ခြစ်​ပီးသား ​ငွေဖြည့်ကဒ်​ကြီး..."

" ငင့်​... ​အော်​ ​အေးမှားသွားလို့... Atm ကဒ်​ပါ ​မေ့ကျန်​ခဲ့တယ်..​ လုပ်​ပါ​နော်​ ချစ်​ ၂၀၀ ပဲ​ချေး မနက်​ဖြန်​ ချစ်​စားချင်​တာ ဝယ်​​ကျွေးမယ်​..."

" တဂယ်​ ​ပြောတာ​နော်​..."

" တစ်​ကယ် ​​ပြောတာပါ ချစ်​ရယ်​ ကို အရှက်​ကွဲတာ ချစ် ​ကြည့်ရက်​လို့လား..."

" ကြည့်ရက်​တယ်​..."

" ငင့် ​ချေးပါကွာ​နော်​ ၂၀၀ တည်းပါ..."

" အင်းပါ စားချင်​တာ တဂယ်​ဝယ်​​ကျွေးမှာ ဆိုလည်းပီး​ရော... အင့် ၂၅၀.. ချစ်​လို့ ၅၀ ပို​ပေးတာ..."

ဆန်းဆန်းကြယ်​ကြယ်​ဗျာ ချစ်​လို့ ၅၀ကြီးများ​တောင် ​ပို​ပေးတာတဲ့... ဒါ​ပေမဲ့ဗျာ ကျ​နော်​ အရှက် ​မကွဲတာပဲ သူ့ကို​ ကျေးဇူးတင်​ရမှာ​ပေါ့.... ​နောက်​တစ်​​နေ့​ ရောက်​​တော့...

" ကိုကို..."

" ဗျာ..."

" ချစ်​ဗိုက်​ထဲ တဂြီဂြီ နဲ့မြည်​​နေတယ်​..."

အမယ်​ ငတိမက ဗိုက်​ဆာရင်​ ဆာတယ်​ မ​ပြောဘူး... ပလီပလာ စကား​တွေနဲ့ ဂွင်​ဆင်​​နေ​သေးတယ်​... စိတ်​ထဲ ​တွေးလိုက်​တာပါ.. အပြင်​မှာ​တော့....

" ဗိုက်​ဆာ​နေလို့နဲ့ တူတယ်​..."

" ဗိုက်​က နည်းနည်းပဲ ဆာတာပါ..."

" လာ​လေ တစ်​ခုခု သွားစားရ​အောင်​..."

" ဟုတ်​ကဲ့..."

နည်းနည်း​လောက် ​အိုက်​တင်​ခံပါလား... အိုက်​တင်​​တောင်​ မခံဘူး ဒင်းက ဟုတ်​ကဲ့တဲ့.... မတက်​နိုင်​ဘူး ကိုယ့်​စကားနဲ့ ကိုယ်​ပဲ လိုက်​​ကျွေးရမှာ​ပေါ့...

" ချစ်​ မှာ​စားလေ တစ်​ခုခု.."

" ကို့ကို အားနာလို့..."

" မှာပါ ရပါတယ်​.."

" အွန်း သိပ်​ပီး​တော့လည်း ဗိုက်​မဆာ​တော့ ​ထွေ​ထွေထူးထူး မမှာ​တော့ပါဘူး..."

" နန်းကြီးသုတ် ​တစ်​ပွဲ... ထမင်းက ကြက်​သားနဲ့ တစ်​ပွဲ... ​ကြေးအိုးက ပွဲကြီးတစ်​ပွဲ... ဟမ်​ဘာဂါ က တစ်​ခု... ကိုလာ တစ်​ဗူး..."

အမ​ငေး သူဗိုက် ​သိပ်​မဆာဘူးတဲ့.. မှာလိုက်​တာလည်း ကြည့်​ဦး ကျ​နော် ​အာ့​တွေ အကုန်​ပါဆယ်​ ထုတ်​သွားရင်​ အိမ်​မှာ တစ်​ပတ်​​လောက် ​စားလို့ရတယ်​...

မှာလည်းပီး​ကော စားလိုက်​တာများ ဖုတ်​ဝင်​ပူးသလား မှတ်​ရတယ်​ တစ်​ခုမှ မကျန်​ဘူး.. အကုန်​ကုန်​တာပဲ... ကျ​နော်​ က​တော့ ​ရေပဲ​ သောက်​​တော့တယ်​... သူစားတာ ရှင်းရမှာက နည်းမှ မနည်းတာ...

" ဝိတ်​တာ​လေး လာပါဦး ​မြေအိုးမှီးရှည်​ တစ်​ပွဲ​လောက်​ ပါဆယ်​ ထုတ်​ထား​ပေး... ပီးရင်​ ရှင်းမယ်​ အားလုံး ဘယ်​​လောက်​ကျလည်း...."

အောင်​မ​ငေးဗျာ အိမ်​အတွက်​ပါဆယ်​ပါထုတ်​ဦးမှာ ဒင်းက အကြံပတ်​ဆက်​တာ...😖😖

" အမ ၃၁၅၀၀ ကျပါတယ်​ စုစု​ပေါင်း..."

" ကို ရှင်းလိုက်​​လေ... မ​နေ့က ပိုက်​ဆံ၂၀၀ ​ချေးတုန်းက ​ပြောထားတယ်​​လေ ချစ်​စားချင်​တာ ဝယ်​​ကျွေးမယ်​ဆို..."

" ဗျာ... ဟုတ်​.. ဟုတ်​..."

" ​ဟျောင့် ဂျင်း​ကောင်​ မင်းနဲ့ငါနဲ့​ တွေ့ပီ... ၃၁၅၀၀ ဟုတ်​လား... အပြည့်​မ​ပေး နိုင်​ဘူးကွာ..."

" အကို မြင့်​မြတ်​လို လာမဖြဲနဲ့ ​နော်​ ​စောက်​ခွက် ​ရိုက်​လိုက်​မယ်​..."

" ငင့်​..."

ပြော​ပြောဆိုဆို ဝိတ်​တာ​လေးက အင်းကျီလက် ​​ခေါက်​တင်​လိုက်​တာ တက်​တူး အပြည့်​နဲ့ဗျ... မလွယ်​ဘူး... ကျ​နော့်​မှာ ၁၅၀၀ ​လောက်​ သက်​သာ မလားလို့ မြင့်​မြတ်​လို လုပ်​ကြည့်​တာ အထိုးမခံရတာ ကံ​ကောင်းတယ်​...

အဲ့ဒါနဲ့ ကျ​နော်​လည်း ပါသမျှ ပိုက်​ဆံ​လေးအကုန်​ ထုတ်​​ပေးပီး ပြန်​ထွက်​လာခဲ့ရတယ်​....ဒါ​တောင်​ ဒင်း​က အိမ်​အပြန်​ Taxi ငှါးစီးမယ်​ လုပ်​​နေလို့ မနည်း​တောင်းပန်​ပီး YBS ​ပေါ်တင်​​ပေးလိုက်​ရတယ်​....

ကျ​နော့်​မှာ​တော့ ခုန​သောက်​​နေတဲ့ ပိုတဲ့​ရေ​လေး ပါဆယ်​ထုတ်​ပီး အိမ်​ကိုလမ်း​လျောက်​ပြန်​ခဲ့ရတယ်​....😢😢

(ထိုအချိန်​မှစ၍ နိုင်​ကွန်​​ကျော်​ ပိုက်​ဆံ မ​ချေး​တော့ပါ...​ အေး​နော်​ ကျုပ်​ အ​ကြွေးရှင်​​တွေ post ​အောက်​ လာအရှက်​မခွဲနဲ့ rp ထုမှာ..😁😂😜)

original by နိုင်​ကွန်​​ကျော်

No comments

Powered by Blogger.