ဖြည်းဖြည်းဆဲပါလို့ တောင်းပန်လိုက်တဲ့ ချမ်းမြေ့မောင်ချိုအမေ
Myanmar Idol မှာ ဝင်ပြိုင်နေတဲ့ ချမ်းမြေ့မောင်ချိုရဲ့ အမေဖြစ်သူ အဆိုတော် မအိအိကတော့ သမီးဖြစ်သူကို ဖြည်းဖြည်း ဆဲကြပါလို့ တောင်းပန်ယူလိုက် ရပါတယ်။
“ ဖြေးဖြေး ဆဲကြပါဟယ် သမီး မပြောနဲ့ အမေတောင် လန့်လာပြီ ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်မှာ ဒီနေ့ပဲ ရေးသားထားတာကို တွေ့ရပါတယ်။
ချမ်းမြေ့မောင်ချိုဟာ ယခုဆိုရင် Top 8 အဆင့်ထိ ပါဝင်နေပြီး နောက်ဆုံး Grand Final ထိတက်ရောက်နိုင်တဲ့အလားလား ရှိနေတာကိုလည်း တွေ့ရပါတယ်။ သို့သော်လည်း အပြောအဆို မချေမငံရှိတယ် ဆိုပြီး ဖေ့ဘုတ်မှာ ဝေန်ဖန်မှု အနည်းငယ် ရှိနေတာ တွေ့ရပါတယ်။





Post a Comment