အပျိုကြီးဘဝ
အပျိုကြီးတွေ ဘဝ အပူအပင် ငြိမ်းသမှ ကိုယ့်ကို မနက်မနက် morning လို့ စာပို့ နှုတ်ဆက်မယ့်သူ မရှိလို့ ပကတိ အိပ်ရေးက ဝတယ်.ခိခိ 😃
ညည မအိပ်ခင် သူများတွေလို အိပ်ရာဝင် အကြူဇယား မရှိတော့ နေသာသလား.. မမေးနဲ့ အေးဆေး... မအိပ်ခင် ကြိုက်တဲ့.. ကိုရီးယားကားလေးကြည့်.. ဖုန်းတဂွမ်ဂွမ်.. ကြားဖြတ်ကြော်ငြာ ဝင်သူမရှိ.. ဖီးလ်ကိုပြည့်လို့ 😃
ဘယ်နေရာ သွားသွား ဘယ်ကိုရောက်ရောက် စိတ်ပူသယောင် ဟန်တွေဆောင်လို့ ချုပ်ကိုင်ခံရခြင်းမှလည်း လွတ်ကင်းသမို့ လွတ်လပ်ပါ့အေ 😃
ဟိုသွားဒီလာ အချိန်ဖြုန်းလို့.. တပူးတွဲတွဲ.. သွားစရာလဲ မလိုမို့ ငွေကုန်လဲသက်သာ.... အဲ့ဒီ ငွေယားအကုန်စုထားလို့... တနှစ်တခါ.. နတ်လူသာဓု ခေါ်နိုင်အောင် အလှုအတန်းလည်း လုပ်နိုင်သေးမို့ နိဗ္ဗာန်နဲ့တောင်နီးသေး..😃 ဟေးဟေး
တခုခု အရေးဟဲ့ ပြဿနာသံကြား ငါ့လူများ ပါလေမလား တွေးပူ... သွေးဆူစရာ လူတကာနဲ့ အထင်လွဲ နောက်ဆုံး.. ကလေးစိတ် မကုန်ဘဲ အရုပ်ဆိုတာ ဝယ်လေမလားရယ် လို့ ကြံဖန် သဝန်တိုရခြင်း ဘေးမှလည်း ကင်ဝေးစေမို့ အပူငြိမ်းလို့ အရွယ်ကတင် ပိုလို့ပင်နူပျိုလာသေး..
ခုများဆို ကိုယ့်စိတ်ကြိုက် ငွေရှာ ကိုယ်လိုရာသုံး. တပြုံးပြုံး... သူတပါး မျက်နှာ ငြိုငြင်လေမလား တွေးလို့ မော့ငေးပြီး အလိုက်အထိုက် ကြည့်တွေးရတဲ့ ဘဝကလည်း ဝေးမို့ အနေအစားက ဘာချောင်သလဲ မမေးနဲ့ အေးဆေး 😃
ဘာတဲ့ အထီးကျန်တယ် ဆိုလားး မှတ်တောင် ထားရအူးမယ်.. ကိုယ့်အိမ်မှာ တူတွေတူမတွေ တရုန်းရုန်းနဲ့ ရုပ်ရှင်ရုံလား လို့တောင် တခါလာလဲ မသိတဲ့သူတွေက မေးရ 😃ဟဟ
ဒါကိုများ... မလိုတမာ အတွေးဆိုးနဲ့ ဆေးထိုးချင်ကြသေး... ဒါပဲ လာလာ ခလုတ်တိုက်. ကွင်းလယ်ဒိုင် မနိုင်ကာမှ. စည်းကျပ်ဒိုင် ပတ်ရမ်းသလို စောင်းဆိုပါအုံး သီချင်းလေးးး..
အပျိုကြီး မမရယ် ဂွကျလှတယ် ဆိုတာလေး ဘာတဲ့.... ငှက်ပျောပင်. ဟုတ်လားး.. အေးး နင်တို့ပြောတဲ့ ငှက်ပျောပင် တမင်ကို အရွဲ့တိုက်ပြီး... စိုက်ထားပြီ.... အဟုတ်
ငါ့ထက် အရင် အပူအပင်တွေနဲ့.. နင်တို့များ သေလွန်သွားခဲ့ရင် အာ့ ငှက်ပျောပင်ကိုခုတ် မုန့်ဟင်းခါးချက်ဖို့. အလှုလုပ်မလို့ဟေ့ 😃
credit - မေခ

Post a Comment