Header Ads

ကိုယ့်ချစ်သူကို ဒီအချက်တွေနဲ့ စစ်ကြည့်လိုက်ပါ...


ကိုယ့် ချစ်သူကို သတိထား ကြည့်ပါ....

(၁) Gym နေ့တိုင်း သွားခြင်း ။

(၂) ရေကို အကြာကြီး ချိုးခြင်း ။

(၃) အမွှေးနံ့သာများ ခါတိုင်းထက် ပိုပက်ဖြန်းခြင်း ။

(၄) နှစ်ပါတ် တခါ ဆံပင်ညှပ်ဆိုင် ရောက်နေခြင်း ။

(၅) မုတ်ဆိတ်မွှေး ထားလာပြီး အသေအချာ ပုံသွင်းနေ တတ်ခြင်း ။

(၆) မျက်နှာ ပေါင်းတင်ခြင်း ။ ဆံပင် ပုံသွင်းခြင်း တို့ကို သိသိသာသာရော မသိမသာပါ လုပ်လာခြင်း ။

(၇) ခြေထောက်များကို ဖြူဖွေး စင်ကြယ် နေအောင် အထူး ဂရုပြုနေခြင်း ။

(၈) ဘယ်လို ရာသီဥတုမှာ မဆို ခန္တာကိုယ်အလှ ပေါ်လွင်အောင် ဝတ်ဆင်တတ်ခြင်း ။

(၉) ကိုယ်လုံးတီး ပုံများ တင်လာခြင်း ။

(၁၀) account ကို ဘယ်ချိန် စစ်စစ် အသာတကြည် စစ်ခံနိုင်ခြင်း ။ ဘယ် မိန်းကလေးကိုမှ အသဲပုံ ပေးခြင်း မန့် ခြင်းများ မပြုလုပ်ခြင်း ။

(၁၁) ယောက်ျားလေး သူငယ်ချင်းများနဲ့ အချိန်ပြည့် တရုန်းရုန်း ဖြစ်နေခြင်း ။ ယောက်ျားလေးတွေ ချည်း ပင်လယ် သို့မဟုတ် အပန်းဖြေ ခရီး စုထွက်ကြခြင်း ။

(၁၂) မိမိနှင့် အပြိုင် အငြင်းအခုန်များ လုပ်တတ်လာခြင်း ။

(၁၃) Facebook မှာ ဆယ်ဖီပုံများ ခပ်စိတ်စိတ် တင်လာခြင်း ။ ပြောင်သလိုလိုနဲ့ နှုတ်ခမ်းစူခြင်း ။ ကြောင်ရုပ် စတေကာများ တပ်လာခြင်း ။

(၁၄) တိရိစ္ဆာန်များနဲ့ ဖက်လှဲတကင်း ဓာတ်ပုံ ရိုက်တတ် လာခြင်း ။

ကဲ သင့် ချစ်သူကရော ဒီအထဲက ဘယ်နှချက်လောက် လုပ်နေပြီလဲ ?

၇ ခုနဲ့ အထက် ဆိုရင်တော့ ဂုဏ်ယူပါတယ်..... သင့်ချစ်သူတော့ သင့်ကွယ်ရာမှာ မှန်နန်းဆောင် ဗုံးကွဲနေပါပြီ ..... သင့်ကိုပါ မှန်ကွဲစ လာမှန်နေပြီဟု မှတ် ....

Shoon Mi Mi Htet

No comments

Powered by Blogger.