Header Ads

မိန်းခလေး အများစု သတိမထားမိတဲ့ အမှား (5) ခု


မိန်းခလေး အတော်များများဟာ နေ့စဉ် သတိ မထားမိတဲ့ အမှားတွေ ပြုလုပ်မိနေတယ် ဆိုတာ မသိကြပါဘူး။ အမှား သေးသေးလေး တွေဟာ အချိန်ကြာလာတဲ့ အခါ ကျန်းမာရေး ထိခိုက်တဲ့ အထိ ဖြစ် လာတတ် ပါတယ်။

1) ဆေးလိပ် သောက်ခြင်း

ဆေးလိပ်သောက်တာဟာ အမျိုး သားတွေသာ အများဆုံးပြုလုပ်လေ့ ရှိပေမယ့် ဆေးလိပ်သောက်တတ်တဲ့ အမျိုးသမီးတွေ ကိုလည်း လေ့လာချက်တွေ ပြုလုပ်ခဲ့ရာ ဟော်မုန်း မညီမျှမှုတွေ တွေ့ရတဲ့ အပြင် ကလေး မရနိုင်တာ၊ မီးဖွားတဲ့ အခါ ခက်ခဲတာတွေ အပြင် အဆုတ်ကင်ဆာလည်း ဖြစ်နိုင်တယ် လို့ တွေ့ရှိ ရပါတယ်။

2) လေးလွန်းသည့် အိတ်များ လွယ်ခြင်း

မိန်းကလေး တွေဟာ ဘယ်သွား သွား လွယ်တဲ့အိတ် ဒါမှမဟုတ် လက် ဆွဲအိတ်တွေ ယူသွားလေ့ ရှိပါတယ်။ အိတ်တစ်လုံးလောက် ကိုယ်နဲ့အတူ ရှိနေ တာဟာ အဖော်ရတဲ့အပြင် ယုံကြည်မှု ရှိတယ် လို့လည်း ခံစားရတာကြောင့် မပါ မဖြစ် လွယ်သွားတတ်ကြပါတယ်။

ဒါပေမဲ့ ဖြစ်လေ့ရှိတဲ့ အမှားတွေကတော့ အိတ်ထဲကို ပစ္စည်းပစ္စယ အစုံ ထည့်လွယ် တာပါပဲ။ ခဏတစ်ဖြုတ် လွယ်တာက ကိစ္စမရှိပေမယ့် ကြာကြာလွယ်ထားတာ က ပခုံးနဲ့ကျောရိုးကို နာကျင်စေပါတယ်။ ကြွက်သားတွေကိုလည်း အားနဲ့ဆွဲထား သလိုဖြစ်စေပြီး ကိုယ် အနေအထားလည်း မမှန်တာကြောင့် ကြွက်တက်တဲ့ အထိ ဆိုးရွားနိုင်ပါတယ်။

3) ဒေါက်မြင့် ဖိနပ်စီးခြင်း

ဒေါက်မြင့် ဖိနပ်စီးတာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေတဲ့ အပြင် ပွဲတိုးတယ် လို့ ခံစားရစေတာကြောင့် မိန်းကလေးတိုင်း စီးလေ့ရှိပါတယ်။ အနေတော် ဒေါက်အမြင့်က အရိုးအဆစ်တွေကို ထိခိုက်မှု သိပ်မဖြစ်ပေမယ့် ဒေါက်မြင့်ဖိနပ်တွေကတော့ ခြေထောက် သွေးကြော တွေကို ဖူးရောင်စေတာ၊ အရိုးအက်ကွဲ တာ၊ အရွတ်စုတ်ပြဲတာ၊ OA အဆစ် ရောင်ရောဂါနဲ့ ခြေထောက်၊ ခါးရိုးနဲ့ ပတ် သက်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေကို လည်း ခံစားရ တတ်ပါတယ်။

4) ဂျင်းဘောင်းဘီ ကျပ်ကျပ်ကို အချိန်ကြာကြာ ဝတ်ထားခြင်း

အရမ်းကျပ်တဲ့ ဂျင်းဘောင်းဘီတွေ ကို အချိန်ကြာကြာ ဝတ်ထားတာကြောင့် ခြေထောက် ကြွက်တက်တာ၊ ထုံကျဉ်တာ၊ ဆီးအိတ်ရောဂါနဲ့ မိန်းမကိုယ် မှိုစွဲတဲ့ရောဂါ တွေကိုလည်း ခံစားရနိုင်တယ် လို့ သိရ ပါတယ်။

5) ပါတီပွဲများတွင် အသောက်အစား များခြင်း

ပါတီပွဲတွေ၊ ပျော်ပွဲရွင်ပွဲတွေမှာ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ အရက်သောက်တာ၊ စားစရာတွေ မဆင်မခြင် စားတာဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အကြောင်းအရာထဲက တစ်ခုပါပဲ။

အိဖြူ (ဆေးဝါး တက္ကသိုလ်)

No comments

Powered by Blogger.