ဒီလူ (10) မျိုး ကို တွေ့ခဲ့ရင် တန်ဖိုးထားပါ
1) ကိုယ် တချိန်တုန်းက ချစ်ခဲ့ ဖူးတဲ့ သူကို တွေ့ခဲ့ရင် သူ့ကို ပြုံးပြုံးလေးနဲ့ ကျေးဇူးတင်ဖို့ မမေ့ပါနဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကိုယ့်ကို အချစ် အကြောင်း ပိုနားလည်စေ ခဲ့လို့ပါ ။
2) ကိုယ် တကယ် ယုံကြည်ရတဲ့ သူငယ်ချင်းကို တွေ့ခဲ့ရင် သူနဲ့ အဆင်ပြေပြေ ကောင်းကောင်း မွန်မွန် ဆက်ဆံသွားပါ ။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀မှာ သူငယ်ချင်း အစစ်တွေ့ရဖို့ ဆိုတာ မလွယ်တော့လို့ပါ ။
3) ကိုယ် တကယ် ချစ်တဲ့ ချစ်သူကို တွေ့ခဲ့ရင် သူနဲ့ ဘ၀တလျှောက်လုံး လက်တွဲသွားဖို့ အခွင့်အရေး ရအောင်ကြိုးစားပါ ။ ဘာကြောင့်လဲ ဆိုတော့ သူ ထွက်သွားတဲ့အခါ အရာအားလုံး နောက်ကျသွားပါလိမ့်မယ် ။
4) ကိုယ် တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ ဖူးတဲ့ သူကို တွေ့ခဲ့ရင် သူ့ကို ပျော်ရွှင်ပါစေဆိုပြီး ဆုတောင်းပေးလိုက်ပါ ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်သူ့ကို တိတ်တခိုး ချစ်ခဲ့တုန်းက သူပျော်ရွှင်တာကိုပဲ လိုလားခဲ့တာ မဟုတ်လား ။
5) ကိုယ့်ကို တချိန်တုန်းက မုန်းတီးခဲ့ဖူးတဲ့ သူကို တွေ့ခဲ့ရင် ပြုံးပြုံးလေးနဲ့ သူ့ကို နှုတ်ဆက်လိုက်ပါ ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့် ကိုယ်က ပိုပြီး သတ္တိ ရှိလာခဲ့တယ် ။
6) ကိုယ့်ကို တစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့ သူကို တွေ့ခဲ့ရင် သူနဲ့ အေးအေးဆေးဆေး စကားစမြည်ပြောလိုက်ပါ ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကြောင့်မဟုတ်ရင် ကိုယ်လည်း လောကအကြောင်းကို သိလာမှာ မဟုတ်ဘူး ။
7) ကိုယ့်ကို တစ်ချိန်တုန်းက ကူညီပေးခဲ့ဖူးတဲ့ သူကို တွေ့ခဲ့ရင် သူ့ကို ကောင်းကောင်း ကျေးဇူးတင်ပါ ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ကိုယ့်ဘ၀ရဲ့ အလှည့်အပြောင်း ဖြစ်ခဲ့လို့ ပါဘဲ ။
8) ကိုယ့်ဘ၀ ထဲကနေ ထွက်သွားခဲ့တဲ့ သူကို တွေ့ခဲ့ရင် သူ ကိုယ့်ဘ၀ထဲ ၀င်ခဲ့တာကို ကျေးဇူးတင်လိုက်ပါ ။ ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ့်ဘ၀ရဲ့ ပျော်ရွင်စရာကောင်းတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးတယ်လေ ။
9) ကိုယ့်ကို တချိန်က အထင်လွဲခဲ့ ဖူးတဲ့ သူကို တွေ့ခဲ့ရင် အချိန်မှီ ဖြေရှင်းချက် ပေးလိုက်ပါ ။ ဘာဖြစ်လို့လဲဆိုတော့ သူနားလည်အောင် ဖြေရှင်းပေးဖို့ အခွင့်အရေးက တခါဘဲ ရှိနိုင်လို့ပါ ။
10) ယခု ကိုယ်နဲ့ ဘ၀ တလျှောက်လုံး လက်တွဲသွားမယ့် သူကို တွေ့ရင် သူ ကိုယ့်ကို ချစ်တာ ရွေးချယ်ခဲ့တာကို ရာနှုန်းပြည့် ကျေးဇူးတင်လိုက်ပါ ။ ဘာဖြစ်လို့လဲဆိုတော့ အခု နှစ်ယောက်လုံး ပျော်ရွှင်မှုနဲ့ အချစ်စစ်ကို ပိုင်ဆိုင်နေရလို့ပါ ။
Credit

Post a Comment