မှန်ကန်တဲ့ စိတ်ထွက်ပေါက်
လူသားတိုင်း အရွယ်မျိုးစုံမှာ တစ်ကြိမ် တစ်ခါလောက်ဖြစ်ဖြစ် စိတ်အရမ်း မွန်းကြပ်တဲ့ အချိန် ဆိုတာ ရှိနေတတ်ပါတယ်။ စိတ်အရမ်း မွန်းကြပ်ချိန်မှာ လူတစ်ချို့က တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေပီး အဖြေရှာ စိတ် ဖြေတတ်တယ်။
တစ်ချို့ကတော့ ကိုယ်နဲ့ အရင်းနှီးဆုံးလူကို ရင်ဖွင့်တတ်ကြတယ်။ တစ်ချို့ကတော့ ကိုယ်နိုင်ရတဲ့သူ အပေါ် ဒေါသဖြင့် ထွက်ပေါက် ရှာတတ်ကြတယ်။ ကိုယ်နိုင်လို့ရတဲ့သူဆိုတာက ကိုယ့်ရဲ့အရမ်းနှီးဆုံးနှင့် တန်ဖိုးထားရသူကို ဆိုလိုတာပါ။
အဲ့ဒီလူအပေါ် တစ်ကြိမ်ထက် မက အပြင်မှာ အဆင်မပြေတိုင်း ရမ်းကား ပေါက်ကွဲနေမိရင် စက်ရုပ် မဟုတ်တဲ့ လူက မခံနိုင်တဲ့ အချိန်မှာ ပြင်းထန်စွာ ပြန်လည် တုန့်ပြန်လာပီး ကိုယ့်အတွက် တန်ဖိုးမဖြတ်နိုင်သော လူကို ဆုံးရှုံးရကာ " ဖွတ်မရ ဓါးမပါဆုံး " ဖြစ်တတ်ပါတယ်။ စိတ်အရမ်း မွန်းကြပ်တဲ့ အချိန်မှာ....
1) တယောက်တည်း အေးဆေးနေပီး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို အဖြေရှာပါ..
2) အရမ်းကြီးလည်း မတွေးပါနဲ့.. ခဏလေး မေ့ထားပီး အိပ်ပျော်အောင် အိပ်လိုက်ပါ..
3) ဖြစ်နိုင်ရင် လူများများနဲ့ စကားမပြောသင့်ပါ အမှားပါပီး ထွက်ပေါက်မှားသွား တတ်တယ်..
4) နွေးထွေးကြင်နာမယ့် အငှါး ရင်ခွင်ကို မရှာပါနဲ့.. ဒဏ်ရာကို ဆေးမထည့်ပေးဘဲ ဆားဖြူးးမည့်သူနဲ့ တွေ့ရင် အဆပေါင်းများစွာ ပိုနာကျင် ရတတ်တယ် လူတစ်ချို့က ကျတော့ မီးလောင်ရာ လေပင့်တတ် ကြပြန်တယ်.. ပိုပီး ပူလောင်ရတတ်တယ်.. ဖြစ်နိုင်ရင် ခံစားချက်တွေကို စာရွက်အဖြူပေါ် ချရေးပီး ပေါက်ကွဲပစ်လိုက်ပါ။
5) အဆိုးအပြစ်တွေကို တွေးနေတာထက် အကောင်းဘက်ကို ပိုပီး တွေးပေးပါ
6) တရားထိုင်ပါ.. စိတ်မွန်းကြပ်မှု ဆိုတာက ကိုယ့်ကြောင့် မဟုတ်လည်း သူများကြောင့် ဖြစ်တတ်ပါတယ်။ မလွဲမသွေ လူသားတိုင်း ကြုံတွေ့ရမယ့် စိန်ခေါ်မှုတစ်ခုပါ.. မှန်ကန်သော စိတ်ထွက်ပေါက်ကို ရှာတွေ့နိုင် ကြပါစေ။
လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ် မကွေး

Post a Comment